ရမ္မက်ဘီလူး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

ရမ္မက်ဘီလူး



တဏှာ (စာတန်) ဘီလူး ဝင်ရောက် ပူးရင်
အရှက်သိက္ခာ စွန့်ခွာ ပယ်ချ
လူစိတ် ပျောက်ကင်း မျောက်စိတ်ချဉ်းလာ
စည်းရိုး ခြံခတ် ထရံပြတင်း လားလားမမြင်။
ညဉ့်နက်သန်းခေါင် မကြောက်ရဲဝံ့
သွေးသားကာမ ဆူပွက်ထလျှင်
သက်ကြီးဝါငယ် စိတ်ဝယ်မရှိ
ရည်ငံ (ချစ်) သူထိ ဓားကိုကြည့် ဆန္ဒကိုသာ ရှေ့တန်းတင်။

ထိုလမ်းမှသည်
အဆုံးနိဂုံး လူညွန့်တုံးလိမ့်
(တရားသူ ၁၆း ၊ သုတ္တံ ရး၂၆-၂၇၊ ၂တိ ၂း၂၂၊ ၁ပေ ၅း၈)


ဒို့တတွေဘဝ လူလုံးလှရန်
တွေးစိတ်ခြယ်သင်
လျှောက်လှမ်းသက်ရှင်
ကာမ (စာတန်) ဘီလူး ဝင်လာမပူးရန်
ချိန်တန်ဘုရား ပစ်မထားဟု
ကတိစွဲကိုင် ယုံကြည်ပုံအပ်
ယေရှုသခင်နှင့်အသက်ရှင်မည်။ ။
(က ၂း၁၈၊ ၂ကော ၆း၁၄)




စယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages