မြတ်ဆရာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

မြတ်ဆရာ

 
မလင့်မှန်စွာ သင်ခါပို့ချ
က မှ အ အဆုံး မေတ္တာသုံးလျှက်
သင်ပေးလက်ထပ် စနစ်ကပ်စေ
ခြောချီခြောက်ချီ နည်းအလီလီဖြင့်
တပည့်သားမှာ ပညာဖြာ........

နေ့ရက်စဉ်သွန်သင် မှားခဲ့လျှင်ပြင်၍
စိတ်ရှည်သီးခံ ကရုဏာမှန်ဖြင့်
ညီရင်းသွေးသား ပမာထားကာ
ကြိုးပန်းအတည် ပြုခဲ့အလီလီမှ
တပည့်သားမှာ စာရိတ္တာဖြာ........

မပြတ်အားပေး နှိုးဆော်ဖေးလျှက်
ချိန်ဆတွေးကာ မျော်မြင်လာဘို့
ဘဝတန်ဘိုး ချစ်မြတ်နိုးဘို့
အလေးထားကာ ပြောခါခါက
တပည့်သားမှာ ပန်းတိုင်ဖြာ.........

ဆရာ့စွမ်းရည် ထွေထွေသည်ကြောင့်
တပည့်သားမှာ အောင်မြေသာဆဲ
ဦးညွတ်ရိုကျိုး ကြည်ညိုတိုးလျှက်
နှလံးထက်တွင် မှတ်တမ်းတင်၏
တုနှိုင်းမဲ့စွာ အို...မြတ်ဆရာ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages