ငယ်ချစ်ဆွေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

ငယ်ချစ်ဆွေ


 

ဝေးကြတော့မယ်


ခွဲရတော့မယ်ဆိုရင်ဖြင့်.......
ကျား၊မမရှိ
အာရုံအသိက
နာကျဉ်ရင်ထဲ
ခံခက်ခဲလေ
ဘယ်သို့ပင်အပြုံး
ဟန်ဆောင်ဖုံးလည်း
သဏ္ဌာန်ရုပ်သွင်
မပီပြင်သမို့
ဟန်မဆောင်နဲ့လေ ငိုလိုက်ပါအဆွေ ။

နီးကြတော့မယ်
ဆုံးဆည်းရတော့မယ်ဆိုရင်ဖြင့်.....
သောကမရှိ
အာရုံအသိက
ပျော်ရွှင်ရင်ထဲ
ဘဝင်လှိုင်ခဲဝေ
ဒုက္ခပင်ကြုံ
မိုးမှောင်ပင်ဆုံလည်း
အမှန်စိတ်ရွှင်
မြဲကြည်လင်သမို့
အူလှိုက်သည်းခြေ
ဝမ်းမြောက်လိုက်ကွယ် ငယ်ချစ်ဆွေရယ် ။ ။


ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages