ကလေးငယ်ငယ်ချစ်စဖွယ်... - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

ကလေးငယ်ငယ်ချစ်စဖွယ်...




သူတို့ရဲ့ဘဝ........

ခိုက်ရန်ဖြစ်ပွား စကားငြင်းခုန်

ကျောခိုင်းမခေါ် နေသော်ခန

တေးမှတ်မထား အာဃတများလည်း

တိမ်နှယ်လွင့်ပြယ် အဆုံးတိုင်စေခဲ့

လက်တွဲပြန်စ ရိုးသားစွတည်း ။


သူတို့ရဲ့ဘဝ........

တောင့်တလိုရာ ကြောင့်ကြပူဆာလည်း

မကြာပါလေ ပိုင်ရာတွေနဲ့

မြူးတူးပျော်ရွှင် ပျော်ဝင်သောက

သဲထဲရေပမာ စိတ်မှာမကြာဘူး

ကင်းစင်သောက ရိုးအေးလှတည်း ။


သူတို့ရဲ့ဘဝ........

ဆန္ဒရှိလည်း လောဘမစွဲ

ဒေါသရှိလည်း အမျက်မတွဲဘူး

ကြုံလာလောကဓံ ရင်ဆိုင်ဟန်က

ရိုးရှင်းလွယ်ကူ စိတ်ရင်းဖြူအသဲ

လူတိုင်းအားကြ ကလေးဘဝ ။ ။




ဆယ်မြူရယ်စိုးလွင်


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages