အမေ့ဂုဏ်ရည် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

အမေ့ဂုဏ်ရည်


ရာသီခွင်စနစ်သာ ကုန်လွန်ကာနှောင်း
ရက်တွေပြောင်း လတွေပြောင်းလျှက်
အမြဲတစေ ပြောင်းလဲနေလည်း
ရာသီနဲ့မတူ အမြဲသစ်လွင်ဖြူတာက
ဤကမ္ဘာမှာ အမေ့မေတ္တာ။


သွေးသားခန္ဓာသာ မတည်ရွှဲ့ဆောင်း
ဇရာထောင်း အိုကာညောင်းလျှက်
အလီလီပဲ ညောင်းခဲ့ခြေလည်း
"ဓမ္မတာနဲ့"မတူ အမြဲသစ်လွင်ပျိုတာက
ဤကမ္ဘာမှာ အမေ့ကရုဏာ ။

သိုမှီးပညာတွေသာ မွမ်းမံမှကောင်း
စနစ်ဟောင်းပြောင်း အသစ်ပေါင်းလျှက်
ထပ်မံပြုချေ ပြုရလေလည်း
စနစ်နဲ့မတူ အမြဲသစ်လွင်တင့်တာက
ဤကမ္ဘာမှာ အမေ့သစ္စာ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages