၁၄၉။ ခေါ်ဖိတ်ခြင်းကျူး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, February 11, 2022

၁၄၉။ ခေါ်ဖိတ်ခြင်းကျူး


 ၁။ လာချစ်စုံမက် မိတ်တွေများလေ၊ ခရစ်တော်ကို ယုံကြည်၊
ကယ်ချွတ်ဆယ်တင်နိုင်တော်မူပေ၊ အပြစ်ရှိရှိကယ်မည်။

၂။ ထိုသခင် ဘုရားရှင်သားပင်၊ ငါတို့အတွက် ခံပြီ၊
နောက်တဖန်သေမင်းကို အောင်လျှင်၊ ရွှေကောင်းကင်ဘုံတက်သည်။

၃။ ခုဘုရားရှင် လက်ယာဘက်မှာ၊ ငါတို့အမှုဆောင်နေ၊
လာ အပြစ်ရှိလူခပ်သိမ်းလာ၊ မေတ္တာနှင့် ခေါ်မူလေ။

၄။ အိုပင်ပန်းသောသူ အပေါင်းတို့၊ မဆိုင်းဘဲချဉ်းလာလေ၊
လာသောသူကို လျဉ်းမပယ်လို၊ ကတိတော်မြဲတည်ပေ။

၅။ လာြပီးသူအသင်္ချေများပြီ၊ ကျေးဇူးတော်ခံစားနေ၊
သင်တို့လည်း ကယ်တင်တော်မူမည်၊ အိုလာကြ၊ လာကြလေ။

ကျွန်ုပ်ပြောသောစကား
Let the words of my mouth
ဆာ၊ ၁၉း၁၄

အကျွန်ုပ်ပြောသောစကား၊ စိတ်နှလုံးအကြံအစည်သည်
ရှေ့တော်၌ နှစ်သက်ဖွယ် ဖြစ်ပါစေ၊ အိုထာဝရ အကျွန်ုပ်ကျောက်၊
အကျွန်ုပ်ကို ရွေးနုတ်တော်မူသော ဘုရား။ အာမင်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages