၁။ အိုငါ့ဝိညာဉ်၊ နောက်နောင် မမေ့၊ သင့်ဒုက္ခများ ခံသော အဆွေ၊
တပ်မက်ခြင်းမျိုး ရှိရှိမေ့သင့်၊ ထိုဆွေတော်မြတ် မမေ့လျော့လင့်။
၂။ ကိုယ်ကောင်းမှုများ နောင်တနှင့် စွန့် ထိုကယ်တင်ရှင်ထံတော်ခိုလှုံ၊
သင်၏ အတွက်အသက်တော်မြတ် စွန့်သော သခင်မမေ့လျော့အပ်။
၃။ သမ္မာတရားနှင့် မေတ္တာစစ်၊ ထိုသူ၌တည် ကမ္ဘာဆက်ဆက်၊
သင်သည် အပြစ်နှင့် ပြည့်စုံသော်၊ ထိုသို့ သခင်ကို မေ့နိုင်လော။
၄။ မဟုတ် အသက်ရှင်လေ သမျှ၊ နာမတော်ကြား၍ စိတ်ဝမ်းသာ၊
သီချင်းဆိုလျက် ဘဝပြောင်းလျှင် ရွှေပြည်တော်ထက်၊ ဆိုမည်အစဉ်။ အာမင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...