၀၉၄။ ယဇ်ပုရောဟိတ်မင်းယေရှုကျူး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 10, 2022

၀၉၄။ ယဇ်ပုရောဟိတ်မင်းယေရှုကျူး


 ၁။ ခမည်းတော်သည် အကျိန်တော်ြဖင့် လူ့ယဇ်ပုရောဟိတ်မင်း အရာ၊
သားတော်အား ပေးတော်မူသည်နှင့် ငါတို့အမှုဆောင် တွေ့ရကြ၊
ငါတို့ခံရသည်နည်းတူပင်၊ စုံစမ်းနှောင့်ယှက်ခြင်း ခံမူပြီ၊
ကရုဏာတော် လျောမစခြင်းခံရန်၊ ပလ္လင်သို့ ချဉ်းကပ်၏။

၂။ တရားမင်း၊ ငြိမ်သက်ခြင်းအရှင်၊ အလှူကို ခံ၊ ကောင်းကြီးကိုပေး၊
စုံလင်းခြင်းသို့ ပို့ဆောင်ပိုင်ရှင် အစဉ် ကယ်တင်နိုင်တော်မူလေ၊
အပြစ်မရှိ၊ မသေရဘဲ၊ မနေ့၊ ယနေ့၊ မပြောင်းမလဲ၊
ကိုယ်ကို ပူဇော်ပြီတစ်ခါတည်း ပြစ်ဖြေခြင်းမှု ပြီးစီးမူပြီ။

၃။ အသက်လမ်းသစ် ကိုယ်တော်မြတ်သည် အသွေးတော်ြဖင့် ဖွင့်တော်မူပြီ၊
ထိုလမ်းကို လျှောက်လိုက်စိမ့်ငှာ၊ နှလုံးစင်ကြယ်စေတော်မူပါ၊
အပြစ်ဖြေသော အသွေးတော်ကို မထီမဲ့မြင်ပြုသောသူသည်၊
အခြားပြစ်ဖြေနိုင်သော ယဇ်တို့ မပူဇော်နိုင်၊ မတွေ့မရှိ။ (အာမင်)

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages