ဒေဗောရသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, November 25, 2021

ဒေဗောရသည် မည်သူနည်း


၁။ သမိုင်းနောက်ခံ။
ဒေဗောရသည် ဣသရေလများဖိနှိပ်ခံကာလများရှိ တရားသူကြီးများစွာထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ သူ့အား ပရောဖက်ဟူ၍ခေါ်ဆိုကြပြီး လပိဒုတ်၏ ဇနီး “The wife of Lappidoth” သည်။ ဘုရားသခင်သည် သူ့အားဘုရားအမှုများကို ပြုတော်မူသည်။ ထိုသို့စီရင်ရာ၌ “ဧဖရိမ်တောင် ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့ သောငှါ ရောက်လာတတ်ကြ၏” (သူကြီး၊ ၄:၅) ဆိုသည့် အတိုင်းဘုရားသခင်သည် သူ့အားပရောဖက်အဖြစ် အသုံးပြုတော်မူပါသည်။ ဒေဗောရနှင့် ပတ်သက်ပြီး သူကြီး ၄ - ၅ တို့တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ 
 
၂။ အမျိုးသမီးတရားသူကြီး။
ဘုရားသခင်အသုံးပြုတော်မူသော တရားသူကြီးများစွာထဲတွင် ဒေဗောရသည် တစ်ဦးတည်းသော တရားသူကြီး အမျိုးသမီးတစ်ဦးဖြစ်သည်။ အချို့သောပညာရှင်များက ဣသရေလ အမျိုးသားများအားနည်း၍၊ အကျိုးပျက်ယွင်းနေချိန်၌ ဘုရားသခင်သည် ဒေဗောရတည်းဟူသော အမျိုးသမီးကို တရားသူကြီးအဖြစ်အသုံးပြုရန် အမှုတော်ကိုအပ်နှံခဲ့သည်။ 
 
အကြောင်းမှာ ဘုရားသခင်သည် ထိုအမှုအတွက် ဣသရေလအမျိုးသားတို့အားအသုံးပြုလိုသော်လည်း ထိုအမှု အဖို့ထိုက်တန်တော်လျော်သော သူများဖြစ်မလာကြ၊ ထို့ကြောင့်လည်း အမျိုးသားများတာဝန်ယူရမည့်အမှုဖြစ်သည့်တိုင် ဘုရားသခင်သည် အမျိုးသမီးဖြစ်သော ဒေဗောရကိုခ က်ခဲသော ကာလ၊ ကြမ်းတမ်းသောကာလတွင်အသုံးပြုခဲ့သည်။
 
၃။ နှစ် ၂၀ ဖိနှိပ်ခံထားရသောတိုင်းပြည်။
“ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန်၌ ရောင်းတော်မူ၏။ သူခန့် ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည် ဟာရောရှက်မြို့၌နေသော သိသရတည်း။ ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့်၊ သူတို့သည် ထာဝရဘုရားကိုအော်ဟစ်ကြ၏” (သူကြီး၊ ၄:၂-၃)။ 
 
ဣသရေလတို့အား ခါနန်ဘုရင်ရာဘိန်က နှစ်ပေါင်းနှစ်ဆယ်ကျော်အုပ်ချုပ်၍ ဖိနှိပ်ခဲ့သည်။ သူတို့၏ ဗိုလ်ချုပ်မင်း မှာ သိသရဟုဆိုပြီး စစ်သည် လက်နက်၊ မြင်းရထား ၉၀၀ ကျော်ပိုင်ဆိုင်ထားသည်။ ဣသရေလတို့သည် ထိုသိသရအားဖြင့် မတရားစွာဖိနှိပ်မှုခံနေကြရသည်။ 
 
“အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက်ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။ ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက် ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင် အောင် မင်းဆက်ပြတ် လျက်ရှိ၏။” (သူကြီး၊ ၅:၆-၇)။ 
 
ဆိုလိုသည်မှာ ဣသရေလအမျိုးသားတို့သည် အသက်ဘေးကိုကြောက်၍ အိုးအိမ်များကိုစွန့်ခွါသွားကြပြီး၊ ခရီး သွားလာရာ၌လည်း လုံခြုံမှု မရှိသော တိုင်းပြည်အဖြစ်ရှိနေသည်ဟူ၍ ဆိုလိုခြင်းဖြစ်သည်။
 
၄။ ဒေဗောရကို ရွေးချယ်ခန့်အပ်ခြင်း။
ဘုရားသခင့် နှုတ်ကပတ်စကားတော်သည် ဒေဗောရထံသို့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့်လည်း ဒေဗောရသည် သူ ပြောကြားရမည့်စကားနှင့် ပြောရမည့်သူထံသို့သွားရောက်ပြောဆိုခဲ့သည်။ “တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိ ခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏ သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ ငါသည်လည်း ယာဘိန်မင်း၏ ဗိုလ်ချုပ် သိသရနှင့် ရထား ဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်ဟု ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏” (သူကြီး၊ ၄:၆-၇)။ 
 
သို့သော်လည်း ဗာရက်က “ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင် မူကားမသွားပါ” (သူကြီး၊ ၄:၈) ဆိုသောအခါ ဒေဗောရသည် သဘောတူညီခဲ့သော်လည်း ထိုအမှုတို့အတွက် ချီးမြောက်ခြင်း ဂုဏ်အသ ရေသည် သူရမည်မဟုတ် အခြားအမျိုး သမီး တစ်ဦးကသာလျင် ရရှိမည့်အကြောင်းကိုလည်း ကြိုတင်၍ပရောဖက်ပြုခဲ့သည် (သူကြီး၊ ၄:၉)။ 
 
၅။ စစ်ပွဲ၌ရှိသော ဒေဗောရ။
တိုက်ပွဲသို့ရောက်သောအခါ ဘုရားသခင်သည် တပ်ကိုဦးဆောင်နေသော ဗာရက်အတွက် ဒေဗောရအားဖြင့် ဘုရားသခင်သည် မိန့်တော်မူချက် ရောက်ရှိလာသည်။ ဣသရေလတို့သည် ရန်သူများကိုတိုက်ခိုက်ခြေမှုန်း၍ အောင်မြင်မှုကိုဆွတ်ခူးကြသည်။ စစ်သူရဲကြီး ဖြစ်သော သိသရသည် ဒေဗောရကြိုတင် ပရောဖက်ပြုခဲ့သည့်အတိုင်း အမျိုးသမီးတစ်ဦး၏ လက်ဖြင့်အသက်ဆုံးရှုံးခဲ့ရသည်။ 
 
သိသရသည် စစ်ရှုံး၍ထွက်ပြေးစဉ် အိမ်တစ်အိမ်သို့ဝင်၍ အကူအညီတောင်းခဲ့သည်။ သို့သော်လည်း ထိုအမျိုးသမီးမှပင်လျင် သူ့အားနေရာပေး၊ စားသောက်စရာပေးပြီးနောက် “ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံ သင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား၍ တံသင်ကို မြေ၌ စွဲစေသည်တိုင်အောင် သူ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏” (သူကြီး၊ ၄:၂၁) ဟူ၍တွေ့ရပါသည်။ 
 
၆။ အံ့ဖွယ်ကျေးဇူးတော်။
ထို့ကြောင့် အထက်တွင်မေးခဲ့သည့်အတိုင်း ဒေဗောရသည်မည်သူနည်းဟူ၍ ဆိုရာ၌ ဘုရားသခင်သည် သူ့သာသနာအတွက် မည်သည့်အခြေအနေ၊ မည်သည့်အရာ၊ မည်သည့်ဖြစ်စဉ်က အဓိကမဟုတ်၊ ဘုရားသခင်သည် သူ့အတွက်စိတ်အားထက်သန်စွာဆည်းကပ် သူတိုင်းအား အသုံးပြုရန်တတ် စွမ်းနိုင်၍၊ ထိုသို့ဆာငတ်၍အသုံးတော်ခံသူများကိုလည်း အသုံးပြုလျက်ရှိတော်မူသော ကျေးဇူးတော်ကို အံ့ ဩဖွယ်ရာအဖြစ်မြင်တွေ့နိုင်ပါသည်။
ဘုရားသခင်အဖို့ လူ၏ အားကြီးခြင်း၊ အားနည်းခြင်း၊ ယောကျ်ားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း၊ စိတ်ချမှုအပြည့်အဝရှိခြင်း၊ တုန့်နှေး ခြင်းစသည်တို့သည် အဓိကမဟုတ် ဘုရားသခင့်ဝိညာဉ်တော်အားဖြင့် ထိုအမှုအရာအားလုံးကိုဖယ်ရှားပြီး တန်ခိုးတော်အားဖြင့် သာသနာ၌ ကြီးမြတ်သူများဖြစ်စေ လျက် အသုံးပြုတော်မူပါသည်။ 
 
ဒေဗောရသည် အမျိုးသမီးပင်ဖြစ်လင့်ကစား နူးညံ့ညှင်သာစွာဖြင့် လူမျိုးတော်အပေါ်တွင်စောင့်ရှောက်ပြုစုတော်မူသော ဘုရား သခင်၏မေတ္တာ တရားကိုကျွန်ုပ်တို့မြင်တွေ့နိုင်ပါသည်။ မိခင်တစ်ဦးအသွင်ဖြင့် လူမျိုးတော်များကိုကာကွယ်ခြင်း၊ စောင့်ရှောက်ပြုစု ခြင်းများက လေးမြတ် ကြည်ညိုဖွယ်ရာကောင်းသော ဘုရားသခင့်မေတ္တာတော်ကို ဒေဗောရအားဖြင့် မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ “ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီ တိုင် အောင် မင်းဆက်ပြတ်လျက်ရှိ၏”(သူကြီး၊ ၅:၇)။ 
 
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ Who was Deborah in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages