ဘုရားကို မယုံကြည်ခဲ့သောရှေ့နေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, May 17, 2010

ဘုရားကို မယုံကြည်ခဲ့သောရှေ့နေ

 
 
 
 
 
 
 
 
ဘုရားရှိခြင်း၊ မရှိခြင်းအပေါ်တွင်သံသယပွားနေသော သူများအထဲမှဘုရာမြတ်ရှင်တည်ရှိကြောင်းကိုယုံကြည်မှုကင်းမဲ့သော
ရှေ့နေတစ်ဦးသည် သူ၏ရုံးခန်းအဝင်ဝ၌ စာတန်းတစ်ခု ချိတ်ဆွဲထား
လေသည်။၄င်းစာတန်းမှာကား -

"ဘုရားမြတ်ရှင်တည်ရှိတော်မမူ"

"God is nowhere " ဟူ၍ဖြစ်သည်။


တနေ့တွင် သူ၏ရုံးရှိရာသို့ချစ်စွာသော သမီးငယ် ကလေးသည်ရောက်လာပြီး ကလေးပီပီ မြင်မြင်သမျှ စာကိုကြိုးစားကာဖတ်ရှု၍
စူးစမ်းရှာဖွေနေသောအရွယ်ဖြစ်သောကြောင့် သူ၏ ဖခင်ကြီး
ဘုရားမယုံကြည်ခဲ့သော ရှေ့နေကိုယ်တိုင်ရေးထားသော စာတန်းကလေးကိုကြိုးစားအားထုတ်ရင်း မပီကလာ၊
ပီကလာအောက်ပါအတိုင်းဖတ် လိုက်သည်-


"ဘုရားမြတ်ရှင်သည် ဤနေရာ တွင်ရှိတော်မူ၏"


"God is now here " ဟူ၍ဖြစ်သတည်း။


သမီးငယ်၏ ဖတ်ရွတ်ခြင်းကိုကြားသောအခါတွင် သူ၏ စိတ်နှလုံးကိုဘုရားရှင်ကသမီးငယ်ကလေး၏ အားဖြင့်တစ်ပြိုင်တည်း စကား
ပြောကြား၍သက်သေထူခဲ့လေသဖြင့်ထိုနေ့၊ ထိုအချိန်၊
ထိုနေရာတွင်ပင်"ဘုရားမြတ်ရှင်မရှိ"ဟူ၍ယုံကြည်သော ထိုရှေ့နေသည် ထိုနေ့မှစ၍တစ်ဆူတည်းသော ဘုရားကို
သက်ဝင်ယုံကြည်သူဖြစ်သွားလေတော့သည်။



နာမတော်မြတ်၌
Samuel Soe Lwin

မှတ်ချက်။ ။ W.Noble ၏ 625 Usable Illustration မှ Infidel lawyer အားမြန်မာမူပြုပါသည်။


No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages