ထာဝရအမေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

ထာဝရအမေ


အမေရေ...
ဘယ်လောက်ဝေဝေး
နွေးထွေးနေစေ
မေမေ့မေတ္တာ
ဆုန်ရေအလွာမို့
သားမောင်အမြဲ
အောက်မေ့ဆဲလေ
အို..အမေ ။

အမေရေ.......
နယ်မြေကွာခြား
ဝေးရငြားလည်း
မမေ့အစဉ်သာ
အမေ့မေတ္တာ
သားရင်မှာလေ
အို..အမေ ။

အသက်းတွေဖိဆီး
ခန္ဒာတွေကြီးလည်း
နုပျိုအမြဲသာ
ယနေ့တိုင်သာထိ
အမြဲသစ်လွင်
အမေ့ဖြစ်အင်
အောက်မေ့အစဉ်သာ
အမေ့သစ္စာ
အမြဲဟစ်ကြွေး
အမေ့မေတ္တာတေး
သားလေးရင်မှာ
အမေဟာလေ
ထာဝရအမွေ ။ ။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages