ချစ်သဝဏ်လွှာ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

ချစ်သဝဏ်လွှာ

တနေ့တာအမောတွေ
ခဏတာပြေစေဖို့
လမ်းဆန်းအာရုံ
သောကတွေကုန်ဘို့
ကဗျာ၊ဂျာနယ်
စာစောင်၊ဝတ္တူ
အစုစုတို့
အနုအလှဝေ
ဝိုင်းကာနေ၍
ဝဲလက်ယာမှာ
လွယ်လင့်ပါလည်း
ပမာအမှုမထား
ဒါတွေကိုငါမလိုလား .......

လူတော့လူပေ
ငါ့စိတ်တွေကြည်ဘို့
မတူလူတကာ
ပြုကျင့်ငါကား
စိတ်မှာဝင်စား
အာရုံခင်ငြားတာက
မုသားကင်းစင်
နှုလုံးဖြင့်ယှဉ်၍
သွေးနဲ့သက်သေတည်
သစ္စာမေတ္တာညီတဲ့
ချစ်သူပေးလာ
ချစ်သဝဏ်လွှာ ။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages