ယခုလုပ်ဆောင်ကြပါစို့ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

ယခုလုပ်ဆောင်ကြပါစို့

 
 
လုပ်ဆောင်ရန်ရှိပါက
ယခုပင်လုပ်ဆောင်ပါစို့

ဒီကနေ့မိုးသားတွေကင်းစဉ်ကြည်လင်နေလေရဲ့
မနက်ဖန်တိမ်တိုက်တွေဖန်လာနိုင်သလို
"မနေ့"ဆိုတာလည်းဒို့အတွက်မဟုတ်လေတော့
ယခုပင်လုပ်ဆောင်ပါစို့။

သီဆိုရန်ရှိပါက
ယခုပင်သီဆိုကြပါစို့
ကြည်လင်တဲ့တေးတွေပျံ့လွင့်
ကျေးငှက်ငယ်ကျူးဧသလိုပဲ
နေ့ရက်တိုင်းသံစဉ်လိုင်းတွေ့ပြည့်ဖို့
ယခုပင်သီဆိုကြပါစို့။

အကြင်နာစကားရှိပါက
ယခုပင်ပြောကြားပါစို့
မနက်ဖန်ဆိုတာဒို့အတွက်မသေချာလေတော့
အခွင့်ရှိစဉ်ကြင်နာအမူတွေပြု့
မေတ္တာဟာသိုသိပ်လို့မထားသင့်သမို့
ယခုပင်ပြောကြားပါစို့။

ရွွှင်ပြမူရှိပါက
ယခုပင်ပြုံးပြပါစို့
ပန်းမာလာတွေပွင့်လန်းနှလုံးတွေရွှင်လန်းစေရေး
ခွဲခွါချိန်မလာမီကလေး
ဒို့ရဲ့ပျော်ရွှင်မူအားမိတ်ဆွေများသိဖို့
ယခုပင်ပြုံးပြပါစို့။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages