ရင်ဖွင့်ကြိုနေဆဲ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

ရင်ဖွင့်ကြိုနေဆဲ


 
" သတိဟူသည်ပိုသည်မရှိဘူး
အမြဲဆိုကြ အလိုသာပြသတဲ့"
တကယ်ပါကွယ် အချစ်တွေ ကြွယ်၍
မင့်အလိုကြ ခွင့်တွေရတော့
ရင်အစုံကိုကန် တန်ပြန်နှုတ်ထိုး
တဖက်မှာပင် အပြစ်တာမြင်ပြီး
ကြံစည်လေသမျ မင့်တွေးလေသမျက
စိုက်သည့်အတိုင်း မင်းရိပ်မည်မလွဲမို့
အချစ်ပိုတဲ့ငါ မင့်အတွက်သာလွန်စာနာ ။

"မေတ္တာဟူသည် အလျှားအနံမရှိလည်း
မှန်စွာမသွေ အသွားအပြန်ရှိသတဲ့ "
တကယ်ပါကွယ် ရင်မှာပိုက်ထွေး
တုန့်လှည့်မမျော် မင့်ပျော်စေတော့
အခွင့်ထူးရေး လွဲစွာတွေး၍
မေတ္တာကိုမမြင် လိုရာသာခင်ပြီး
အပျော်သာကြူး မဲနက်တူးလည်း
ငါသည်အပြစ်မမြင် မေတ္တာဘုရင်ပင်မို့
ရင်ခွင်တံခါးဖွင့်ကာအမြဲ မင့်ကိုင်စောင့်ကြိုဆဲ ။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages