ဂုဏ်ယူပါတယ်သူငယ်ချင်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

ဂုဏ်ယူပါတယ်သူငယ်ချင်း


 

 
ချစ်သူရယ် .........
အမှတ်မထင်
ဘဝခွင်၌
ခြေချော်လမ်းမှား
ချောက်ကမ်းပါးလှမ်းတော့
ချိန်မှီပဲ့ပြင်
လမ်းပေါ်တင်သည့်
မင့်မေတ္တာတရားကား
အလွန်ကြီးမား ။

ချစ်သူရယ် .........
သိယောင်ယိုးမှား
ဒွိဟလမ်းမှာ
လွန်ဆွဲစိတ်တွင်
အဆုံးမမြင်တော့
ချိန်မှီလမ်းပြ
အောင်ခဲ့ရသည့်
သစ္စာတရားကား
အလွန်ကြီးမား ။

ချစ်သူရယ် .........
ကြေကွဲအားငယ်
ဘဝနယ်၌
နစ်သိမ့်မမြင်
အားငယ်စဉ်ပေါ့
ချိန်မှီယုယ
ဝမ်းမြောက်ရသည့်
ကရုဏာတရားကား
အလွန်ကြီးမား ။ ။



ဆယ်မြူရယ်စိုးလွင်



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages