ကြည့်မြင်တတ်ပါစေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

ကြည့်မြင်တတ်ပါစေ


 
 

ချစ်တယ်ချစ်တယ်လို့
လူတိုင်းကဆို
ပိုတယ်မဆိုလိုပေမဲ့
ဘယ်လိုအချစ်လည်း
လွန်သဲကွဲဘို့
နှမငယ်ရေ
သိတတ်ပါစေလေ......


ယုံပါယုံပါ
လူတကာဆိုလာတိုင်း
သံသယမပေးလို
ဆိုရန်မလိုလည်း
ဘယ်လိုလူလည်း
လွန်သဲကွဲဘို့
နှမငယ်ရေ
ကြည့်တတ်ပါစေလေ......


ကြည့်ပါသိပါ
မဆိုသာပါလည်း
ပညာသင်နေ
နှမငယ်ရေ
ရေမြေကွာခြား
အိမ်မြေခြားလည်း
အကိုစကား
ရင်ဝယ်ထားက
နှမလိုအင်
ပြည့်ဝမြင်လျှက်
ဖေမေဝမ်းသာ
အောင်ဆုဖြာမည်
ကြည့်မြင်တတ်စေ
အို....နှမငယ်ရေ ။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages