အာရုံတွင်းမှချစ်ရသူ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

အာရုံတွင်းမှချစ်ရသူ

 
မျက်စိကိုဖွင့်နေကြိုလင့်လျှက်
မင်္ဂလာပါ နူတ်ဆက်လွှာလည်း
ရင်မှာမအေး အာရုံအတွေးက
တမ်းတကြေကွဲ လွမ်းနေဆဲ လေ။

မမြင်ရသေး နွမ်းလျှငေးလျှက်
တည်ရှိအချစ် ကြိုသိလျှက်နှင့်
စည်းစိမ်ရွှေငွေ အပူတွေမကြေဘူး
ပြင်းပြဆန္ဒက ချစ်တဲ့သူကိုမှ ။

ရင်မှာလွယ်ထား သောကပွားလင့်
ဆေးမြီးတိုထွာ ငြိမ်းရာမပေး
အမည်မသိ အာရုံအသိက
သူသာအမြဲ မျော်နေဆဲလေ ။

မမြင်သူအား ချစ်မိငြားလင့်
ကြိုးစားဖွေရှာ ဤကမ္ဘာ၌
အဆုံးမရောက် ဂုဏ်မမြောက်တဲ့
ကျွန်မအချစ်က လွန်ထူးသလားရှင့်။ ။



ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages