မမေ့ပါနဲ့ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Saturday, February 6, 2010

မမေ့ပါနဲ့



 
တွေ့ကြုံဆုံကွဲ
ဖြစ်မြဲဓမ္မတာ
မကွယ်နေ့ည
ပျက်သုဉ်းရသည်
မြူနှင်းအလား
ဘဝရယ်မခြား.....

ကျား၊မမခွဲ
အိုနာရမြဲမို့
ဆေးဝါးသုံးစေ
မကယ်လေဘူး
အမှန်ဤခန္ဓာ
ယိုယွင်းရမည်ပါ......

နင်ငါဒို့လည်း
ထို့အတူပဲမို့
နုနုဖြူဖြူ
ကြွားဖို့မလိုဘူး
နင်ငါအခြေက
အမှန်သင်္ခါရ.....

သဘာဝအလိုကို
ကြုံရမည်မသွေမို့
နိမ့်ခြည်မြင့်ခြည်
ခွင့်ရယ်ကြုံလည်း
ဘဝယာယီ
မမေ့သင့်ပြီ ။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages