ရှာလုံသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, November 25, 2021

ရှာလုံသည် မည်သူနည်း



၁။ နှုတ်ကပတ်တော်ရှိ အမျိုးသမီးနှစ်ဦး။
နှုတ်ကပတ်တော်တွင် ရှာလုံဟူသောအမည်ဖြင့် အမျိုးသမီးနှစ်ဦးရှိပါသည်။ သို့သော်လည်း တစ်ဦးတည်းကိုသာ အမည်တပ်ဖေါ်ပြထားပါသည်။ အထူးသဖြင့် ဖြောင့်မတ်သောရှာလုံအမျိုးသမီးနှင့် ဖြောင့်မတ်ခြင်းမရှိသောအခြား အမျိုး သမီးတို့ဖြစ်သည်။
 
၂။ ဖြောင့်မတ်သောရှာလုံ။
ဖြောင့်မတ်ခြင်းရှိသော ရှာလုံမှာ ဇေဗေဒဲ၏ဇနီးဖြစ်ပြီး (မ၊ ၂၇:၅၆)၊ တပည့်တော်ယာကုပ်နှင့် ယောဟန်တို့၏ မိခင် ဖြစ်ပြီး၊ ခရစ်တော်၏ နောက်လိုက်တပည့်သာဝကတစ်ဦးလည်းဖြစ်သည်။ 
 
ထိုရှာလုံအမျိုးသမီးပင်လျင် ယေရှုအထံတော်သို့တိုးဝင်ပြီး နိုင်ငံတော်၌ သားနှစ်ဦးအား လက်ဝဲနှင့် လက်ယာဘက် တွင်ထိုင်လျက်စိုးစံ ရခြင်းဟူ သော ကောင်းသော အရိုက်အရာ ပေးရန်တောင်းဆိုခဲ့သူဖြစ်သည် (မ၊ ၂၀:၂၀-၂၁)။ ထိုအမျိုးသမီး ကပင်လျင် ခရစ်တော်ဘုရားကားတိုင်ထက်၌ ရှိနေသောအခါ “လှမ်းကြည့်နေသောသူများ” စာရင်း၌ရှိသူဖြစ်ပြန်ပါသည် (မာ၊ ၁၅:၄၀)။ ထိုရှာလုံအမျိုးသမီးပင်လျင် သုံးရက်မြောက်သောနေ့၌ သင်္ချိုင်းတော်သို့သွားရောက်၍ ခရစ်တော်ဘုရား၏ ရုပ်ခန္ဓာ အလောင်းတော်ကိုသွားကြည့်သူဖြစ်ပြန်ပါသည်။ 
 
သူတို့သည် ကောင်းကင်တမန်ကိုတွေ့သောအခါ ခရစ်တော်မိန့်တော်မူသည့်အတိုင်း တပည့်တော်များရှိရာသို့သွား၍ ဝမ်းမြော်ကဖွယ်သတင်း စကားကို ကြားပြောခဲ့ကြသည် (မာ၊ ၁၆:၁-၈)။ ရှင်မာကုတစ်ခုတည်းကသာလျင် ရှာလုံကို အမည် နာမတပ်၍ဖေါ်ပြထားပါသည်။
 
၃။ မဖြောင့်မတ်သောရှာလုံ။
အခြားမဖြောင့်မတ်သောရှာလုံအမျိုးသမီးမှာ အမည်နာမဖော်ပြထားခြင်းမရှိသော်လည်း သူ၏ဆောင်ရွက်မှုများကို ရှင်မာကု၊ ၆ ၌ကျွန်ုပ်တို့ ဖတ်ရှုနိုင်ပါသည် (မာ၊ ၆)။ ထိုရှာလုံသည် ဟေရုဒ်မင်းမိသားစုနှင့်စပ်ဆိုင်သောသူတစ်ဦး အပါအဝင် ဖြစ်ပါသည်။ ဟေရုဒ်မင်းကြီးသည် (မာ၊ ၆:၁၄)၊ ဇနီးဖြစ်သူနှင့်ကွာရှင်းပြီး ဟေရောဒိနှင့်ထိမ်းမြားခဲ့သည်။ ထိုထိမ်းမြားမှုပြုခဲ့ သောဟေရောဒိသည် သူ၏ဝမ်းကွဲညီ ဖိလိပ္ပု၏ဇနီးဖြစ်နေပါသည် (မာ၊ ၆:၁၇)။ 
 
သို့သော်လည်း ဟောရောဒိကိုယ်တိုင်ပင်လျင် ဟေရုဒ်မင်း၏ ဝမ်းကွဲညီဖြစ်သော အရစ္စတိုဘူလစ်၏ သမီးဖြစ်နေ ပြန်သာကြောင့် ဟေရုဒ်နှင့် ဖိလိပ္ပုတို့၏ ဇနီးအဖြစ်သက်သက်သာမက၊ ထိုသူနှစ်ဦးလုံးတို့၏တူမလည်းဖြစ်နေပြန်ပါသည်။ ထို့အတူ ဟေရုဒ်အတွက်ခင်မလည်းဖြစ်နေပြန်ပါ သေးသည်။ 
 
ရှာလုံသည်ကား ဟေရောဒိနှင့် ဖိလိပ္ပုတို့မှမွေးသောသမီးဖြစ်သည်။ 
 
ထို့ကြောင့် ရှာလုံသည်ဟေရောဒိ၏ သမီးဖြစ် ပြီး၊ ဖိလိပ္ပုအဖို့မြေစ်လည်းဖြစ်ပြန်ပါသည်။ ထို့ကြောင့် ဟေရုဒ်အတွက် မယားပါသမီးဖြစ်ပြီး မိခင်ဖြစ်သူအတွက်တော့ သမီးအရင်းဖြစ်သလို၊ ဖခင်များအတွက်တော့ မြေးတစ်ဦးလည်းဖြစ်နေပြန်ပါသည်။ 
 
၄။ နန်းတွင်းနေ ရှာလုံ။
ဟေရောဒိသည် ဟေရုဒ်မင်းနဲ့အတူရှိစဉ် ရှာလုံသည် မိခင်နှင့်အတူလိုက်ပါလာသည်။ ထိုတော်ဝင်မိသားစုနှင့်စပ် လျဉ်း၍ နှုတ်ကပတ်တော်၌ ဖေါ်ပြရခြင်းက ဗတ္တိဇံဆရာယောဟန်၏သေခြင်းနှင့်ဆက်နွယ်နေ၍ဖြစ်သည်။ နှစ်ခြင်းဆရာ ယောဟန်သည် ထိုထိမ်းမြားမှုသည် မဖြစ်သင့် ကြောင်း လူသိရှင်ကြားဝေဖန်ခဲ့သည်။ အထူးသဖြင့် ညီဖြစ်သူ၏ဇနီး၊ တူမ၊ ခင်မကိုထိုသို့ဇနီးအဖြစ်မသိမ်းပိုက်သင့်ကြောင်းဆိုခဲ့သည်။ ထို့ကြောင့် လည်း ဟေရုဒ်မင်းသည် နှစ်ခြင်းဆရာယောဟန်အား သူ့တူမ၊ ခင်မ၊ ဝမ်းကွဲညီမ၊ ဇနီးဖြစ်သူကျေနပ်စေရန် ထောင်သွင်းအကျဉ်းချခဲ့လေတော့ သည်။
 
နှစ်ခြင်းဆရာယောဟန်၏ အသက်ဘေးသည် ဟေရောဒိ၏သမီး ရှာလုံအပေါ်၌ မှီတည်နေခဲ့ပါသည်။ အကြောင်းမှာ ဟေရုဒ်သည် သူ့မွေးနေ့တွင် ပွဲကျင်းပသောအခါ ရှာလုံသည်ထိုခေတ်က ခုနှစ်လွှာအကဖြင့် ဖျော်ဖြေခဲ့သည်ဟူ၍ဆိုကြသည်။ ထို့ကြောင့်လည်း နှစ်သက်သဘောကျ၍ လိုရာဆုကိုတောင်းရန် အခွင့်အရေးကိုရရှိခဲ့သည်။ ထိုအခါ ရှာလုံသည် မိခင်ဖြစ်သူ အလိုအတိုင်းပြုရန်လိုက်နာခဲ့ပြီး၊ မိခင်ဖြစ်သူမှ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကိုလိုချင်သည်ဆိုသည့်အတိုင်း တောင်းခံ ခဲ့သည်။ 
 
ထိုသို့ဖြင့်နှစ်ခြင်းဆရာယောဟန်အား ခေါင်းဖြတ်ပေးသောအခါ ရှာလုံသည် ထိုခေါင်းပြတ်ကြီးအား မိခင်ဖြစ်သူထံ ယူဆောင်ပေးခဲ့သည် (မာ၊ ၆:၂၁-၂၈)။ နှုတ်ကပတ်တော်တွင် ထိုမဖြောင့်မတ်သောရှာလုံအား အမည်ဖြင့်ဖေါ်ပြထားခြင်းမရှိ သော်လည်း သမိုင်းပညာရှင်ယောရှဖတ်မူကား သမိုင်းစာအုပ်၌ ရှာလုံဟူ၍မှတ်တမ်းတင်ထားခဲ့ပါသည်။
 
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ Who was Salome in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages