လောကအတွက်အလှဆင်
ဘဝဂုဏ်ကိုတင့်စေတယ်တဲ့။
ဒီတရားအမြိုက်ဆေးကို
ငါရှာဖွေဖော်ထုတ်ရင်းနဲ့ပဲ
ဗဟိဒ္ဓအပူဝဲသြဃက
ရစ်ပတ်ကာ စွဲချနေလေရဲ့။
ရိုးသားဆက်ကပ်
အစေခံမှုများအကြားမှာ
တွန်းတွန်းတိုက်တိုက်
ကတုန်းကတိုက်တွေက
ကြီးစိုးနေရာယူလာကြတယ်။
ဘေးဘီးဝဲယာကြည့်လိုက်ပြန်တော့
မောဟဖုံး
အဝိဇ္ဇာအတုံးအတက်လိုက်က
ဓမ္မသရဖူကြီး
ခပ်တည်တည်ဆောင်းထားနေလေရဲ့။
ကျွန်တော်မျိုးမှာဖြင့်
လူစုစုမြင်
ဘုရားတရားငံလင့်
မြော်တလင့်ရှာဖွေမိတဲ့သူပါ။
ဘုရားတရားဆိုတာ
မိမိဘဝတည်ဆောက်ဖို့အတွက်လား
ကျင့်သုံးဖို့လား
အလစ်ချောင်းဖို့လား
ချောင်ပိတ်နှက် အကွက်ထုတ်ဖို့လေလားဆိုတာ
ခုများတော့
ကိုယ်တိုင်သော်မှ
ဆုံးဖြတ်နိုင်စွမ်းမဲ့လုလုဘဝပါလေ။ ။
ဆယ်မြူရယ်စိုးလွင်
မှတ်ချက်။ ။ Ghar Thamani စာစုကို အခြေပြုခံစားပါသည်။
မှတ်ချက်။ ။ Ghar Thamani စာစုကို အခြေပြုခံစားပါသည်။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...