ကမ်းလင့်နေတဲ့ လက်တစ်စုံ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, July 22, 2016

ကမ်းလင့်နေတဲ့ လက်တစ်စုံ


ယုံကြည်ကိုးစား
လျှောက်လှမ်းရမဲ့အသက်တာလမ်းမှာ
ရဲရဲဝံ့ဝံ့
ကတိတော်ကိုင်ဆွဲလျက်နှင့်
ဟော တစ်နှစ် ဟော နှစ်နှစ်နဲ့
ဆယ်စုနှစ်ကျော်
ဘုန်းတော်မှာနွဲပျော်မြဲခဲ့တယ်။


သက်ဝင်ကိုးစား
လျှောက်နေသည့်သာသနာလမ်းမှာ
ဝန်းကျင်ခြံရံ
စိုးရွံ့မှုဟန်တွေမြင်တော့
ဟော တစ်လှမ်း ဟော နှစ်လှမ်းနဲ့
သောကနွံပျော်
ဝဲသြဃဆွဲချခံရပြီ။

အပ်နှံကိုးစား
ဘဝသက်တာလမ်းခရီးမှာ
သံကုန်ငါဟစ်
မြော်လင့်တမ်းတဖြစ်တော့
ဟော တစ်ဆင့် ဟော နောက်နှစ်ဆင့်နဲ့
သခင့်လက်တော်မှာ
ဘဝလုံခြုံခဲ့ရပြန်ပြီပေါ့နော်။ ။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages