လက်တစ်စုံ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Sunday, March 3, 2024

လက်တစ်စုံ

 လက်တစ်စုံ

**********

ရနံ့သင်းစေဖို့
နှင်းစိုစို
နေပူပူ
မိုးထိထိ
ဆူးညိညိစေတော့
ခူးဆွတ်ယူငင်ပေးခဲ့တယ်။


ဒဏ်ရာကင်းပျောက်စေဖို့
ပူပူအေးအေး
နံနံမွှေးမွှေး
ပေပေတေတေ
ကြည့်ရဆိုးစေတော့
ဆေးကြောသန့်စင်ပေးခဲ့တယ်။

လက်တစ်စုံရဲ့အင်အား
လက်တစ်စုံရဲ့စိတ်ထားက
သိသိ မသိသိ
ကြည့်ကြည့် မကြည့်ကြည့်
ခုထက်ထိ
တည်ဆောက်မြဲ
ထောက်ပံ့မြဲပါပဲလေ။ ။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages