လူ မျိုး အ ပေါင်း တို့ အ တွက် ခရစ္စမတ် အ ရှင် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

လူ မျိုး အ ပေါင်း တို့ အ တွက် ခရစ္စမတ် အ ရှင်



“…မိ မိ လူ တို့ ကို အ ပြစ် မှ ကယ် ချွတ် မည့် သူ ဖြစ် သော ကြောင့်၊ ယေ ရှု ဟူ သော အ မည် ဖြင့် မှည့် ရ မည် ဟု ကောင်း ကင် တ မန် ဆို ၏။ ( မဿဲ ၁း၂၁)”


ဤ ကျမ်း ပိုဒ် ကို ဖေါ် ပြ ရွတ် ဆို လိုက် သည် နှင့် ယုံ ကြည် သူ အား လုံး ၏ စိတ် တွင် အ လို လို မြင် ယောင် မျက် မှန်း တမ်း မိ နေ သည် မှာ ”ဤ အ ချိန် ကာ လ သည် ခရစ္စမတ်” အ ချိန် ကာ လ ရောက် သည် ဆို သည့် အ သိ ပင် ဖြစ် သည်။ ခရစ္စမတ် ကို ကမ္ဘာ နှင့် အ ဝှမ်း က နှုတ် တွင် ရေ ပန်း စား နေ သည် မှာ မ ထူး ဆန်း လှ သော် လည်း အ သုံး ပြု ပုံ များ မှာ ကား ဆန်း ပြား နေ သည့် အ လျှောက် အ ကျိုး ရ လာဒ် များ က လည်း ကွဲ ပြား ခြား နား နေ လေ သည်။ Christmas Box, Christmas Tree, Christimas Celebration, နှင့် Christmas Carol , Christimas Discount, Holy day စ သည်၊ စ သည် ဖြင့် စီး ပါွး ရေး အ တွက် သော် ၎င်း၊ အ ပျော် အ ပါး အ တွက် သော် ၎င်း၊ ဘာ သာ ရေး၊ လူ မျိုး ရေး စ သော အ ကြောင်း ပြ ချက် များ စွာ ဖြင့် အ သုံး ပြု ပုံ ခြင်း မ တူ ညီ သည့် နည်း တူ ခ ရစ် တော် အား ယုံ ကြည် လက် ခံ ထား ကြ သော ယုံ ကြည် သူ အ ချင်း ချင်း ကြား မှာ ပင် ခ ရစ္စ မတ် သည် ဝတ် ကောင်း စား လှ ဝတ် သည့် ပွဲ အ နေ ဖြင့် ရှု မြင် တတ် သူ များ က လည်း ရှိ သေး ပေ သည်။ လူ အ မျိုး မျိုး စိတ် အ ထွေ ထွေ ရှိ သည် ဆို သော် ငြား လည်း ခရစ္စမတ် ကို ထို ဓ လေ့ ထုံး တမ်း စဉ် လာ များ နှင့် အ တူ ဆင် နွဲ ရန် ကား လုံး ၀ သင့် လျှော် မှန် ကန် ခြင်း မ ရှိ ပါ လေ။ အ ကြောင်း မှာ ထို အ သုံး ပြု ပုံ သည်၊ မှန် ကန် သင့် မြတ် လျှော် ကန် ပါ က သ ခင် ဘု ရား ၏ ဘုန်း တော် ထင် ရှား စေ နိုင် သ လို၊ အ ကယ် ၍ သင့် မြတ် လျှော် ကန၊် ဘု ရား ပေး ထား သော လမ်း စဉ် မ ဟုတ် ပါ က ရောက် လ တံ့ သော အ ကျိုး တ ရား တို့ သည် ကား သ ခင့် ဘုန်း လည်း မ ထွန်း လင်း၊ လော က သား တို့ အ တွက် လည်း အ ကျိုး မ ရှိ၊ အ ဆုံး တွင် ဘုန်း တော် ညှိုး နွမ်း စ ရာ ပင် ဖြစ် စေ သော ကြောင့် တည်း။


၁။ ခရစ္စမတ် အဓိပ္ပါယ်။

ခ ရစ် တော် ဘု ရား ၏ လူ့ ဇာ တိ ခံ ယူ ခြင်း နှင့် တ ဖန် ကြွ တော် မူ လာ မည့် အ ချိန် ကာ လ ကို စောင့် မျှော် ရင်း က န ဦး ယုံ ကြည် သူ များ က မိ မိ တို့ ၏ စစ် မှန် ၍ မွန် မြတ် လှ သော ယုံ ကြည် ခြင်း တ ရား တော် အ တွက် ညှင်း ပန်း နှိုပ် စက် ခြင်း၊ သတ် ဖြတ် မှု များ အ ကြား မှာ တ ဦး နှင့် တ ဦး တိုး ၍ ခိုင် ခန့် စေ ရေး အ တွက် လေး ရာ စု တွင် စ တင် ခဲ့ ကြ ကြောင်း သ မိုင်း ဆ ရာ တို့ က မှတ် တမ်း တင် ခဲ့ ကြ လေ သည်။ ယ နေ့ ကျွနု်ပ် တို့ အ သုံး ပြု နေ ကြ သော ခရစ္စမတ် ကတ် ကို ဟင် န ရီ ကိုလ် က ၁၈၄၃ ခု နှစ် တွင် စ တင် တီ ထွင် ကာ ပုံ နှိပ် အ သုံး ပြု ခဲ့ ကြောင်း သိ ရ လေ သည်။ အ ကယ် စင် စစ်၊  ခရစ္စမတ် အဓိပ္ပါယ် မှာ ”ဘု ရား နှင့် လူ ပေါင်း စည်း ခြင်း” ပင် ဖြစ် သည်၊ Christ+Mass= Christmas ဟူ ၍ ဖြစ် လာ ခြင်း ပင် ဖြစ် သည်။ ထို့ ကြောင့် နှုတ် က ပါတ် တော် သမ္မာ ကျမ်း စာ က “ယေ ရှု ခ ရစ် သည် အ ပြစ် ရှိ သော သူ တို့ ကို ကယ် တင် ခြင်း ငှါ ဤ လော က သို့ ကြွ လာ တော် မူ သည် ဟူ သော စ ကား သည် သစ္စာ စ ကား ဖြစ် ၏၊ အ ကြွင်း မဲ့ ခံ ယူ အပ် သော စ ကား လည်း ဖြစ် ၏” ဟူ ၍ ဆို ထား လေ သည်။ (၁ တိ ၁း၁၅) ထို့ ကြောင့် “လူ နှင့် ဘု ရား ပေါင်း စည်း ခြင်း” ကို ခရစ္စမတ် ဟူ ၍ ခေါ် ဆို သော ကြောင့်၊ ဧ ကန် စင် စစ် လော က တ ခု လုံး ၏ အ ကျွတ် တ ရား လမ်း အ တွက် ဝမ်း မြောက် ဖွယ် ရာ သီ တင်း ကောင်း တ ရား ကြား ပြော ရာ အ ချိန် ကာ လ ပင် ဖြစ် လေ သည်။ ထို့ အ တွက် ကြောင့် လည်း နိုင် ငံ တိုင်း လို လို တွင် ဘာ သာ ရေး ပွဲ လမ်း သ ဘင် များ ဖြင့် ကျင်း ပ ဆင် နွှဲ ခွင့် ပြု ထား လေ သည်။ သို့ ပါ လျက် ကျွနု်ပ် တို့ သည် ထို ရက် မြတ် မင်္ဂ လာ တွင် မည် သို့ မည် ပုံ ခရစ္စမတ် အ ရှင် ကို ကြို ဆို သည် ကို လွန် စွာ သ တိ ချပ် သင့် လှ ပေ သည်။ ထို့ ကြောင့် ခရစ္စမတ် အ ရှင် ယေ ရှု ခ ရစ် တော် ကို ကြို ဆို ကြ သော လူ ပုဂ္ဂိုလ် များ အ ကြောင်း နှင့် အ ကျိုး ရ လာဒ် များ ကို အ တူ တ ကွ ဆင် ခြင် လို ပါ သည်။



၂။ ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း။

သမ္မာ ကျမ်း စာ တော် မြတ် တွင် ခရစ္စမတ် အ ရှင်ကို စစ် မှန် စွာ ကြို ဆို သူ များ သည် မိ မိ တို့ ၏ အ သက် တာ တွင် “ဘု ရား နှင့် လူ ပေါင်း စည်း ခြင်း” ဆု ကျေး ဇူး ကောင်း ကြီး မင်္ဂလာ ကို လက် တွေ့ ခံ စား ရ ၍ မင်္ဂလာ ရှိ သော ဘ ၀ ကို ပိုင် ဆိုင် ရ သည် သာ မ က၊ သူ တို့ မှီ တင်း နေ ထိုင် ရာ ရှိ လူ အ ပေါင်း အ တွက် လည်း မင်္ဂလာ အ ပေါင်း ကို ခ ညောင်း စေ သော သူ များ ဖြစ် ခဲ့ ကြ ရ လေ သည်။


က။ သိုး ထိန်း များ (လုကာ ၂း၈-၂၀)။

သိုး ထိန်း များ သည် ကောင်း ကင် တ မန် များ ထံ မှ လော က သား အား လုံး တို့ အ တွက် “ဝမ်း မြောက် ဘွယ် ရာ သီ တင်း စ ကား” ကို ကြား ရ ကြ ပြီး နောက်၊ သွား ရောက် ဖူး မျှော် သည် တွင် လော က ၏ ကယ် ချွတ် အ ရှင် ခ ရစ် တော် ဘု ရား အား ဒိ ဌ ကိုယ် တွေ့ ဖူး မျှော် ကြ ရ ပြီး မိ မိ တို့ အ သက် တာ တွင် မွန်  ်မြတ် လှ သော ဘု ရား ရ တ နာ ကို ပိုင် ဆိုင် ရ သည် သာ မ က၊ အ ခြား တ ပါး သော သူ များ အား လည်း ထို မင်္ဂလာ သီ တင်း တ ရား နှင့် သီ တင်း ကောင်း အ ရှင် ယေ ရှု ခ ရစ် တော် ဘု ရား မြတ် အ ကြောင်း ကို ကြား ပြော ခွင့် ရ ခဲ့ ကြ လေ သည်။ လူ သည် ဆင်း ရဲ ချမ်း သာ၊ အ လွှာ ခွဲ ခြား တတ် ကြ သော် လည်း ရ ခဲ လှ သော လူ့ ဘ ၀ တွင် မြတ် ဘု ရား က အ ဆင့်၊ အ လွှာ ခွဲ ခြား တော် မ မူ ပဲ “လူ တိုင်း ဘု ရား နှင့် ပေါင်း စည်း ခြင်း” ဆို သော အ ခွင့် ထူး ကို ခံ စား နိုင် ကြောင်း ထို အ ကျွတ် တ ရား လမ်း အ ရှင် ကို ကိုယ် တွေ့ ခံ စား ကြ ရ သော သိုး ထိန်း တို့ က စစ် မှန် သော ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း ဖြင့် မင်္ဂလာ ရှိ သော သူ များ အ ဖြစ် သက် သေ ပြ ခဲ့ ကြ လေ သည်။


ခ။ ပ ညာ ရှိ များ (မဿဲ ၂း၁-၁၂)။

တ ဘောင် စ ကား တို့ နှင့် အ ညီ အ ကျွတ် တ ရား လမ်း ၏ အ ရှင် ပေါ် ထွန်း လာ မည့် အ ကြောင်း ကို သိ ရှိ သည့် အ တိုင်း မျှော် လင့် စောင့် စား နေ ကြ သော ပ ညာ ရှိ တို့ သည် စစ် မှန် သော ကယ် ချွတ် ရှင် ကြွ လာ သည့် အ ချိန် ကာ လ ကို ဖေါ် ပြ သည့် ကြယ် ပေါ် ထွန်း တော် မူ သော အ ခါ တွင်၊ မိ မိ တို့ ၏ အ သက် အ ရွယ်၊ အိုး အိမ် စည်း စိမ်၊ ခ ရီး အ ကွာ အ ဝေး ကို ပင် ငဲ့ ကွက် ခြင်း မ ရှိ ကြ ပဲ ကယ် ချွတ် အ ရှင် အား ဖူး မျှော် ရန် အ ရာ ရာ ကို စွန့် ကာ “လူ နှင့် ဘု ရား ပေါင်း စည်း ရေး” အ တွက် ယေ ရှု ခ ရစ် တော် ဘု ရား ကို ဖူး မျှော် ရန် ခ ရီး ထွက် ခွါ လာ ကြ သည့် အ တိုင်း၊ လူ တိုင်း နှင့် ဝေး တော် မ မူ သော အ ရှင် ကို မယ် တော် နှင့် တ ကွ တွေ့ ၍ “ဦး တိုက် ဖူး မျှော် ရ ခြင်း” အ ခွင့် ထူး ကို ရ သွား ကြ ကာ မိ မိ တို့ ၏ ဓ လေ့ အ ကျင့် ဟောင်း လမ်း စဉ် တို့ တွင် ထပ် မံ ကျဉ် လည် ခြင်း မ ပြု ရန် ဘု ရား ရှင် အ ထံ တော် မှ နှုတ် တော် ထွက် စ ကား ကို ရ တော် မူ သည့် အတိုင်း ဝမ်း မြောက် ဝမ်း သာ စွာ ဖြင့် “လူ နှင့် ဘု ရား ပေါင်း စည်း ခြင်း” တည်း ဟူ သော ကောင်း ကြီး မင်္ဂလာ ဘ ၀ အ သက် တာ သစ် ဖြင့် ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း ဖြင့် ခရစ္စမတ် အဓိပ္ပါယ် စစ် ကို ဖေါ် ထုတ် ပြ သ ခဲ့ လေ သည် မှာ ယ နေ့ ကျွနု်ပ် တို့ အ တွက် စံ ပြု စ ရာ ပင် ဖြစ် လေ သည်။


၃။ ခရစ္စမတ် အ ရှင် ကို မှား ယွင်း သော ကြို ဆို ခြင်း (မဿဲ ၂း၁-၁၈)။

ဘု ရား နှင့် လူ သည် ခွဲ ခြား နေ ၍ မ သင့် လျော် ပါ ပေ။ အ ကယ် ၍ သီး ခြား ဖြစ် တည် နေ ပါ က ထို သူ သည် အိပ်၊ စား၊ မေ ထုန်၊ ကာ မ ဂုဏ် တည်း ဟူ သော အ ဆင့် တွင် သာ ရှိ သည့် တိရိစ္ဆာန် နှင့် မ ခြား နား အ တူ တူ ပင် ဖြစ် ပေ လိမ့် မည်။ ပု ခုံး နှစ် ဖက် ကြား မှ ခေါင်း ပေါက် သော် လည်း လူ စင် စစ် ကား မ မြည် ဟူ ၍ လူ ကြီး သူ မ တို့ ထံ မှ စာ ရေး သူ ကြား နာ ခံ ယူ ခဲ့ ဘူး ပါ သည်။ ထို နည်း တူ၊ နှုတ် က ပတ် တော် မြတ် က လည်း “မြည်း၊ နွား” တို့ သည် သူ တို့ အ ရှင် နှင့် စား သော နေ ရာ ကို သိ သော် လည်း ငါ ၏ လူ တို့ မူ ကား ထို တိရိစ္ဆာန် များ လောက် ပင် မ သိ တတ် ဟူ ၍ (ဟေရှာ ၁း၃) တွင် ဆို ထား လေ သည်။ ထိ ုသို ့သော သူ တို့ ၏ အ သက် တာ တွင် ခရစ္စမတ် အ ရှင် ကို မှား ယွင်း စွာ မည် သို့ ကြို ဆို ၍၊ မည် သို့ အ ကျိုး မျိုး ကို ပေး ခဲ့ သည် ကို ကား ….


က။ စိတ် ပူ ပန် ခြင်း။

“လူ နှင့် ဘု ရား ပေါင်း စည်း ရေး” အ တွက် အ ဘယ့် ကြောင့် စိုး ရိမ် ပူ ပန် ရ ပါ သ နည်း။ ခရစ္စမတ် အ ချိန် တွင် လူ့ ဇာ တိ ခံ ယူ လာ သော ခရစ္စမတ် အ ရှင် သည် လူ သား တို့ အ တွက် “ဝမ်း မြောက် ဖွယ် ရာ အ ကျွတ် တ ရား သီ တင်း” ကို ယူ ဆောင် လာ သည် ဖြစ် လျှက် ဟေ ရုဒ် ဘု ရင် အ တွက် မူ ကား ဝမ်း မြောက် စ ရာ မ ဖြစ် ခဲ့ ပါ၊ အ ကြောင်း မှာ ထို “မြတ် ဘု ရား ရှေ့ တွင် ဦး ညွတ် ဝင် ရ မည့် အ ရေး” ကို ဟေ ရုဒ် အ တွက် မ ဟာ့ မ ဟာ ဒုက္ခ ကြီး ဖြစ ်နေ သော ကြောင် တည်း။ “ဤ ဇမ္ဗူ တွင် ငါ ့လို လူ မ ရှိ” ဟူ သော စိတ် ကြီး ဝင် ရော ဂါ ဆိုး ကြောင့် ပင် ဖြစ် ပေ သည်။


ခ။ ပြင်း စွာ အ မျက် ထွက် ခြင်း။

“အ မှန် တ ရား ဟူ သည် ဖုံး ကွယ် ၍ မ ရ” ဆို သည် ကို ဟေ ရုဒ် သည် သိ သော် လည်း မိ မိ ၏ အ ဖြစ် မှန် ကို ဖုံး ဖိ လို သော ကြောင့် လုံလပြု အား ထုတ် သော် လည်း မ ရ သည့် အ ဆုံး ပြင်း စွာ အ မျက် ထွက် ရ လေ တော့ သည်။ ထို့ ကြောင့် လည်း ရ ခဲ လှ သော လူ့ ဘ ၀ ကို “ဘု ရား ဖက် တော့ အ သက် ရှည်” ဆိုသော စ ကား ကိုသိ ပင် သိ ငြား သော် လည်း ဒေါ သ ရှေ ့ ထား ၍ ဘု ရား မ ဖက် ပဲ အ မှား တွေ ထပ် ဆင့် ကာ ဘ ၀ တွင် အ မှား ကြီး မှား ခဲ့ သူ ထဲ တွင် ဟေ ရုဒ် သည် တ ဦး အ ပါ အ ဝင် ဖြစ် ခဲ့ ရ လေ တော့ သည်။


ဂ။ အ သက် ကို သတ် ခြင်း။

“ဘု ရား မ ဖက် သ ဖြင့် အ မှား တွေ ဆင့် နေ သော” ဟေ ရုဒ် သည် နောက် ဆုံး အ ဆင့် တွင်၊ ခရစ္စမတ် အ ရှင် အား ကောင်း စွာ ကြို ဆို ရ မည့် အ စား၊ ခရစ္စမတ် အ ရှင် မွေး သည့် နေ့ ကို ပင် တွက် ချက် ၍ နှစ် နှစ် နှင့် နှစ် နှစ် အောက် ယုတ် သော က လေး သူ ငယ် များ ကို သတ် ဖြတ် ရန် မိ မိ ၏ စည်း စိမ်၊ အ ခွင် ့အာ ဏာ၊ အ ရာ ရာ တို့ ကို ဘ ၀ တွင် ဘု ရား အ တွက်၊ အ များ အ တွက် ကြိုး စား မည် ဆို သော အ တွေး အ ခေါ် များ မှ လွဲ ဖယ် ကာ မ ကောင်း သော အ သက် သတ် ခြင်း တို့ ကို ကြိုး စား အား ထုတ် ခဲ့ လေ တော့ သည်။ ဤ ကား “သတ် သော သူ မည် သည် ကား ဘု ရား ဝတ် ကို ငါ ပြု ပြီ ဟု မိ မိ ထင် မှတ် သော အ ချိန် ကာ လ ရောက် လိမ့် မည်” (ယော ၁၆း၂)။ ဆို သည့် အ တိုင်း အ ကျွတ် တ ရား တို့ ၏ အ ရှင်၊ ခရစ္စမတ် အ ရှင် ကို မျှော် ကိုး စောင့် စား နေ သည့် ဘာ သာ ရေး ၌ ကျင် လည် နေ သည့် လူ သား တ ဦး ပင် ဖြစ် သော် ငြား လည်း အတ္တ တ ရား တို့ ၏ ကြီး စိုး ခြင်း လောင်း ရိပ် အောက် တွင် လူ ဖြစ် ကျိုး နပ် စေ မည့် “ခရစ္စမတ် အ ရှင်” ကို မှား ယွင်း စွာ ကြို ဆို ခဲ့ လေ သည်။ အ ကျိုး ဆက် ကား သူ ၏ ဘ ၀ သ မိုင်း တ လျှောက် လုံး တွင် လူ ဖြစ် ကျိုး မ နပ် ခဲ့ ရ သည့် နည်း တူ။ “အ သက် ပျို စဉ် ကာ လ တွင် စိတ် ရွှင်လန်း ခြင်း ရှိ လော့….သို့ ရာ တွင် ထို အ မှု အ လုံး စုံ တို့ ကို ဘု ရား သ ခင် သည် စစ် ကြော ၍ သင့် ကို အ ပြစ် ပေး တော် မူ မည် ဟု အောက် မေ့ လော့” (ဒေသနာ ၁၁း၉) ဆို သော လူ မျိုး တ ကာ တို့ ၏ အ ရှင် ၏ သ တိ ပေး စ ကား ကို လျစ် လျူ ရှု ပြီင်္း ရင် ဆိုင် ဖြတ် သန်း ခဲ့ ရာ ဘ ၀ အ ရေး တွင် မ လှ မ ပ ဖြင့် အ ဆုံး သတ် အနိစ္စ ရောက် ခဲ့ ရ လေ တော့ သည်။


နိ ဂုံး

“ဘု ရား နှင့် လူ ပေါင်း စည်း စေ သော ခရစ္စမတ်” အ ချိန် ကာ လ တွင် အ ချို့ က အ လေး အ မြတ် ထား ကာ ထို ခရစ္စမတ် အ ရှင် ကို ကြို ဆို ခဲ့ သော ကြောင့် သူ တ ပါး တို့ အား လည်း ထပ် တူ ခံ စား စေ ၍ အ ကျွတ် တ ရား လမ်း အ ရှင် ခ ရစ် တော် ဘု ရား ထံ အ ရောက် ပို့ ဆောင် ပေး ခဲ့ ကြ လေ သည်။ အ ချို့ တို့ မူ ကား မိ မိ ကိုယ် ၌ က ခရစ္စမတ် အ ရှင် ကို လက် ခံ ကြို ဆို လို ခြင်း မ ရှိ သည့် ပြင် သူ တ ပါး အား လည်း လက် ခံ ကြို ဆို ခြင်း မ ပြု ရန် တား ဆီး ခြင်း အ မှု ကို ပြု ကြ လေ သည်။  Annodomini = ငါ တို့ သ ခင် ယေ ရှု ခ ရစ် ၏ နေ့ ဟူ သော သ မိုင်း ဝင် A.D ၂၀၀၉ ဒီဇင်္ဘာ ခရစ္စမတ် အ ချိန် အ ခါ သ မ ယ ၌ “အ လို တော် သို့ လိုက် ခြင်း သည် ယဇ် မျိုး ထက် သာ ၍ ကောင်း ၏” (၁ ရာ ၁၅း၂၂) ဆို သော စ ကား အ တိုင်း “ဘု ရား နှင့် လူ အ မှန် ပေါင်း စည်း ခြင်း” တည်း ဟူ သော ခရစ္စမတ် အချိန်အခါတွင် ခရစ္စမတ် အ ရှင ်အား စိတ် နှ လုံး မာန် လျှော့ ချ ကာ ဦး တိုက် ကြည် ညို ဖူး မျှော် လျက် မိ မိ တို့ ၏ ဘ ၀ ကို ဆင် ခြင် အောက် မေ့ ရင်း စစ် မှန် သော ကြို ဆို ခြင်း ဖြင့် လော က ၏ အ လင်း အ ဖြစ် အ သက် ရှင် ကြ ပါ စို့ ဟု ဆန္ဒ ပြု လျှက်-


နာ မ တော် မြတ် ၌

Samuel Soe Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages