သယမ္ဘုသံဘုရား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

သယမ္ဘုသံဘုရား



           ယေရှုခရစ်တော်သည်အဘယ်တရားကိုကျင့်၍မျှဘုရားဖြစ်သွားသည်မဟုတ်ပါ။

ကျင့်ရန်မလိုပါ။ကနဦးကတည်းကဘုရားဖြစ်သောကြောင့်ဘုရားဖြစ်ရန်ကျင့်ကြံအားထုတ်စရာလည်းမလိုပါ။အချို့က“ကျိုးစားမှုမရှိဘဲ ဖြစ်လာသောအရာမရှိ” ဟုပုံသေကားချပ်သတ်မှတ်ကာကဲ့ရဲ့ပြစ်တင်ဆိုကြသည်။သို့သော်ဘဝရပ်တည်မှု အတွက်၊ပညာရေးစသည်တို့ကိုငယ်စဉ်ကမိမိ၏ကျိုးစားမှုဖြင့်အားထုတ်ရန်လိုသော်လည်းဗမာလူမျိုးဖြစ်ရန်ကြိုးစားအားထုတ်မှုမရှိဘဲဖြစ်ရသည်လည်းရှိသည်။

          ထိုနည်းတူစွာခရစ်တော်သည်ကနဦးအစကတည်းကပင်အရာခပ်သိမ်းတို့၏ပင်မအရင်းအမြစ်ဖြစ်သောကြောင့်ခရစ်တော်သည်ကျွနု်ပ်တို့ကဲ့သို့တစ်စုံတစ်ခုအပေါ်တွင်မှီတည်၍ဖြစ်လာရခြင်းမဟုတ်၊လူ့ဇာတိခံရန်မာရိအားအသုံးခံတန်ဆာပလာအဖြစ်သုံးခဲ့သော်လည်းဘုရားဖြစ်ရန်အတွက်ကားမည်သူ၏အမှီတကဲမှမလိုပါ။ခရစ်တော်၏အမည်နာမစသည်တို့ဖြစ်သိနိုင်သော်လည်းခရစ်တော်၏ဂုဏ်တော်အရည်အချင်းများတွင်ဘုရားသာလျင်ရှိသောဂုဏ်ထူးဝိသေသများကိုတွေ့မြင်နိုင်ပါသည်။


၁။  ကမ္ဘာမတည်မရှိမီကပင်တည်ရှိတော်မူသောထာဝရဘုရား  (ယောဟန်၁း၁)

၂။   အနန္တမျက်မှောက်တော်ရှိသောဘုရား       (ရှင်မဿဲ၊ ၂၈း၂၀၊ယောဟန် ၁၄း၂၃)

၃။   အနာဂတဿဉာဏ်တော်ရှင်ဘုရားဖြစ်သည်    (ယောဟန် ၂း၂၄၊၄း၁၈၊၁၆း၃၀၊မဿဲ၊ ၁၆း၂၁၊၁ရး၂၂)

၄။  အနန္တတန်ခိုးတော်နှင့်လည်းပြည့်စုံတော်မူသည်  (မာကု ၂း၅၊၇၊၁၀)

           ဤနေရာတွင်ဖန်ဆင်းခြင်း၊လူတို့အတွက်အကျွတ်တရားလမ်းကိုလည်းပေးပိုင်သောအရှင်၊ဘုရားသခင်သည်လူတို့၏အပြစ်ကိုခွင့်လွှတ်ပိုင်သောကြောင့်လည်းနေ့ရက်စဉ်တိုင်းကာယကံ၊ဝစီကံ၊မနေကံတို့အတွက်ဝန်ချတောင်းပန်နေရခြင်းဖြစ်သည်။


၅။  ထာဝရမပြောင်းလဲသောဘုရား  (မာလခိ ၃း၆၊ ဟေဗြဲ ၁၃း၈၊ယာကုပ် ၁း၁၇)

        အကယ်၍ယနေ့ရှိသော်လည်းမနက်ဖြန်မရှိပါကလူသားတို့ကိုးစားရာမဟုတ် ခေတ်နှင့်အညီဘုရားလည်းပြောင်းနေသောကြောင့်တစ်ဆူတည်းသောဘုရားဟူ၍ဆီလျှော်မှုမရှိတော့။


၆။  အသက်ပေးပိုင်သောဘုရား    (ယောဟန် ၁း၃၊ ၁၄၊ ၁၄း၆)    

           စသည်ဖြင့်သမ္မာကျမ်းစာတွင်ခရစ်တော်၏ဘုရားဂုဏ်ရည်များကိုတွေ့ရပါသည်။ထိုသို့သောဂုဏ်ရည်တို့သည်စာတွေ့သက်သက်သာမကလက်တွေ့ဖြစ်သည်ကိုမြည်းစမ်းဖူးသူတိုင်းအသိပင်ဖြစ်သည်။

          ထိုကြောင့်ခရစ်တော်သည်မိမိအလိုလိုပကတိသဘောအဖြစ်တော်ဖြင့်ကျင့်စရာမလို၊အကူမလို “သယမ္ဘူဉာဏ်တော်” ဖြင့်ကနဦးကပင်တည်ရှိတော်မူသောဘုရားပင်ဖြစ်သည်။



                                                                                    ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages