ပေတရု - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

ပေတရု



နိဒါန်း

ဘုရားသခင်၏  သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့ တစ်ဦးစီတိုင်းအတွက် ထာဝရဘုရားရှင်သည် မြင့်မြတ်လှသော အကြံအစည်တော် ရည်ရွယ်ချက်များ ထားရှိပေ၏။ 

မှန်ကန်သောလမ်း၊ မှန်ကန်သောအသက်တာကို အစဉ် ပို့ဆောင်လိုပေသည် (ယေရမိ ၂၉း၁၁-၁၂)။    မိဘမေတ္တာကိုမြင့်မိုရ်တောင်နှင့် ခိုင်းနှိုင်း၍ တင်စားကြသော်   ထာဝရဘုရား၏ မေတ္တာတော်သည် အသချေင်္မက သာလွန်လှပေသည်။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည့်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါ မမေ့လျော့” (ဟေရှာ ၄၉း၁၅-၁၆)။ ထိုမျှ ဂရုစိုက်တော်မူသောအရှင်သည်   ကျွနု်ပ်တို့  လမ်းမမှားရလေအောင်  အကောင်းဆုံးသော ဘဝအသက်တာ လမ်းညွှန်အဖြစ် သမ္မာကျမ်းစာအား ပေးခဲ့လေပြီ(၂တိ ၃း၁၆-၁၇)။


ဘုရားရှင်နှင့် ပေတရုညီနောင်

တရံရောအခါ ရှိမုန်ဆိုသောသူနှင့် ညီ အန္ဒြေတို့သည် ဂါလိလဲအိုင် တဝိုက်တွင်   အသက်မွေးဝမ်းကျောင်းဖြစ်သော တံငါအလုပ်ကိုလုပ်ကိုင်လျှက် ရှိကြလေသည်။ သူတို့၏အသက်တာတွင် မှီခိုအားထားစရာဟူ၍ ကျောထောက်နောက်ခံမှာ လှေထိုးငါးဖမ်းမှ တစ်ပါး အခြားလုပ်ငန်း ဘာမျှမရှိပေ။ ထို့အတူ စိတ်ကူးထဲမှာပင် အခြားသော အရာတို့အတွက် နေရာလပ်မရှိ၊ ကျွမ်းကျင်ရာ အလိမ္မာ  ဆိုသည့်အတိုင်း တံငါလုပ်ငန်းဖြင့် ကျင်လည်ခဲ့သည်မှာ မိဘများလက်လွဲအပ်နှံခြင်း ပခုံးပြောင်းတာဝန်ကိုပင် ရရှိပြီး   ထိုအသက် မွေးဝမ်းကျောင်းမှုပညာ၌ပင် ကျင်လည်စွာ လုပ်ကိုင်၍ ဘဝအတွက် ကောင်းစွာ ရပ်တည်နိုင်ခဲ့လေပြီ။ နေထွက်မှ နေဝင် တံငါလုပ်ငန်းဖြင့် လုံးပမ်းရိုက်နေသော  ထိုညီအစ်ကိုတို့၏ ဘဝတစ်ခုကို ထာဝရရှင်ဘုရားသည် သိမှတ်ကာ  အကြင်နာပွား၍ ဂရုတစိုက်  ရှိတော်မူသည်ကို ကား၊ လူသားတို့ မထင်မှတ်သကဲ့သို့ပေတရုတို့ ညီနောင်တို့ကိုယ်၌ကပင်စိတ်ဝယ် မတွေး၊ အိပ်မက်ပင် မမက်ခဲ့ဖူးသည်မှာ  အထူးထူးသော ဆန်းကြယ်ဖြစ်ရပ်တို့မှ  ဧကန်ဆန်းကြယ်သော အဖြစ်ပါပေ။


ခေါ်ဖိတ်ခြင်းစကား ရောက်လာခြင်း

သမားရိုးကျ၊  နိစ္စဓူဝ အတိုင်း ဂါလိလဲနှင့်  တံငါလှေမှာ ပေတရုညီနောင်တို့အဖို့ ဘဝကို တင်စားရပါက စွယ်တော်ရွက်ပမာ ပေတရုညီနောင်၊ဂါလိလဲနှင့်  ငါးဖမ်းလှေ  ပေါင်းပါမှဘဝ ဆိုတာ ပီပြင်ရမည်မို့  သီလစောင့်ရေး ဝေး၊ အူမ တောင့်ရေးပင်စိတ်မအေးရ ပါချေတကား။ သို့သော်တစ်နေ့သောအခါ  ယေရှုခရစ်တော်သည် ဂါလိလဲအိုင်နားတွင် လှည့်လည်တရားဟောရင်း ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုတို့အား မြင်တော်မူ၍ ထာဝရအသက်နှင့်ဆိုင်သော ကယ်တင်ခြင်း အား ပေးလိုတော်မူ၏။ ထိုမျှမက ထိုညီအစ်ကိုများမှ တစ်ဆင့် ကယ်တင်ခြင်းတရားအား လူမျိုးတကာတို့အား ရရှိစေလိုသဖြင့် ပိုက်ကွန် ဖြန့်လျက်ရှိသော သူတို့အား မြင်တော်မူလျင် -

“ငါ့နောက်သို့ လိုက်ကြလော့၊ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေခြင်းငှာ ငါပြုမည်”ဟူသော အမိန့်တော်စကားသည် ထွက်ပေါ်လာခဲ့ပြီ။ ဘဝပေး အခြေကြောင့်   ဖြစ်လာဘဝကိုကြိုးစားရုန်းကန်ရင်း ဘဝတစ်ခုမခိုင်မြဲသော်လည်း ယိုင်လဲခြင်းမရှိတော့တဲ့ဘဝတွင် ဘုရားကိုကား သူတို့ဦးထိပ်ထားရန် မမေ့ခဲ့ ပါလေ။  ခရစ်တော် အမိန့်တော်စကား ေြွခလေသော် -’ထိုသူတို့သည် ချက်ချင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏’(မဿဲ ၄း၁၈-၂၀)


ခိုင်မြဲသော ဆုံးဖြတ်ချက်

ပေတရုတို့ ညီနောင်သည် ခရစ်တော်၏ သတင်းစကားအား ဟိုဟိုဒီဒီမှ ကြားသိပြီးသူများ  ဖြစ်သည့်အားလျော်စွာ ခရစ်တော်အား ကိုယ်တွေ့မြင်ရုံသာမက ထိုခေါ်ဖိတ်ခြင်းနှင့်ဆိုင်သော စကားအား မိန့်ဆိုသောအရှင်သည် ကြီးမြတ်လှသော ကယ်တင်ရှင်ဖြစ်ကြောင်းကို  ကောင်းစွာ သိရှိကြလေသည်။   ထိုကြောင့်လည်း ခရစ်တော်၏  စကားနှင့်  တရားတော်ကို ကြားသောအခါတွင် ယေရှုခရစ်တော်၏  ‘ငါ့နောက်သို့ လိုက်ကြလော့}ဟူသည့် စကားမှတစ်ပါး  အခြားသော အမှုအရေးအရာတို့အား သူတို့၏ အသက်တာတွင်  လွှမ်းမိုး အနိုင်ယူခွင့် မပေးတော့ပေ။ သည်ထက်မက ‘ခရစ်တော်၏ စကားသံ}ကိုသာ အာရုံစိုက်၍ ထိုတရား  ထိုဘုရား  နောက်ကိုပင် ထပ်ချပ်မကွာ   ခိုင်မာသောဓိဌာန်ကိုချကာ လိုက်ခဲ့လေ တော့သည်။


ထာဝရကောင်းချီးမင်္ဂလာစမ်း

ဘုရားရှင်မြတ်၏  စကားတော်သမ္မာတရားဟူသည် ကျွနု်ပ်တို့တစ်ဦးစီတိုင်းအား မှန်သောလမ်းထက် သေချာသော  ပြောင်းလဲခြင်းကင်းသည့်သမ္မာတရားလမ်းစဉ်၌ သမ္မာကောင်းချီးများကို ခံစားစေလိုကြောင်းကို ဖော်ပြလမ်းညွှန်ခြင်း များသာဖြစ်ကြောင်းသမ္မာကျမ်းစာတွင် တွေ့ရှိရုံမက လက်တွေ့ပါ ခံစား စံစား ကြရသည်ကားအပို မဟုတ်ပါလေ။   ‘ငါ့နောက်သို့လိုက်လော့’ ဆိုသည့် စကားတော်မှာကျွနု်ပ်တို့အား ထာဝရအသက်ကို ပေးခြင်း၊ ကျွနု်ပ်တို့ တစ်ဦးစီတိုင်းအားဖြင့် လူအပေါင်းတို့အား ထာဝရအပါယ်ငရဲမှ ထာဝရအသက်ရှင်ခြင်းသို့  ရောက်ရှိစေရန် ဘုရားရှင်၏ ကြီးမြတ်လှသော အကြံအစည်တော်ဖြစ်ခြင်း၊  ဖန်ဆင်းရှင်ဘုရားသည် လူသား အားလုံးတို့အတွက် ထားရှိတော်မူသော မေတ္တာတော်ကို လူသားများအား ဖွင့်ပြ သိရှိ နားလည်  ခံယူစေ၍ ထာဝရကောင်းကင်၌  ထာဝရခံစားရန်  အတွက်နှင့် ဘုရားနှင့် လူသား ပြန်လည်သင့်မြတ်ကာ

တလုံးတဝတည်း မိတ်သဟာယဖွဲ့၍ ‘ဘုရားနွယ်ဝင်’များ ဖြစ်လာစေရေးပင်ဖြစ်သည်။ ပေတရုတို့ညီနောင်သည် အသက်ရှင်တော်မူသော ဘုရားမြတ်စကားကို    ကြားနာပြီးနောက် ထာဝရအသက်ကို ရရှိသည်သာမက သူတို့၌ရှိသော ထာဝရအသက်စမ်းရေသည် အစဉ်အမြဲ   စီးဆင်းလျက် ရှိသောကြောင့် သူနှင့် ထိတွေ့ စပ်ဆိုင်သော သူတို့သည်လည်း ဝစွာသောက်သုံးခွင့် ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြလေသည်တကား (ယော ၄း၁၄)။


နိဂုံး

ယနေ့တွင်လည်း ရှိမုန်ပေတရုနှင့် သူ၏ အပေါင်းပါတို့ကို မိန့်ြွမက်သကဲ့သို့ သင်နှင့်  ကျွနု်ပ်အားလည်းခရစ်တော်သည် ‘ငါ့နောက်သို့ လိုက်ကြလော့၊ လူကိုမျှားသော တံငါဖြစ်စေမည်’ ဟူ၍ မိန့်ြွမက်နေဆဲပင်။ ကျွနု်ပ်တို့ဘဝအသက်တာအတွက် ထိုဘုရားနှင့် ထိုစကားတော်အား ပေတရုတို့ကဲ့သို့ အထူးတန်ဖိုးထားဖို့သည် အဓိကအကြောင်းအရင်းပင် ဖြစ်ပေ၏ (ဖိလိ

၄း၁၃)။  အကြောင်းမှာ ထိုစကားကို မိန့်ြွမက်တော်မူသော   အရှင်ယေရှုသည် ကျွနု်ပ်တို့၏ ယခုဘဝ၊ နောင်ဘဝအတွက်  အကောင်းဆုံး ဖန်တီးလမ်းပြ ကွယ်ကာပေးနိုင်သော အရှင် ဖြစ်သောကြောင့် ပေတည်း (ရော ၈း၂၈)။ ယေရှုက’ငါပေးသောရေ(တရား)ကို သောက်သောသူကား ရေငတ်(ချို့တဲ့) ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေ(တရား)သည် ထိုသူ (လက်ခံယုံကြည်သူ)၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ  ထွက်သောစမ်းရေ ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏(ယော ၄း၁၄)။


နာမတော်မြတ်၌

စယ်မြူရယ်စိုးလွင်


သက်ထာဝရမှ ပြန်လည်ဖေါ်ပြပါသည်။ ။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages