ကလေးများအတွက် သမ္မာကျမ်းလမ်းညွန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

ကလေးများအတွက် သမ္မာကျမ်းလမ်းညွန်

“သားသမီးတို့သည် ထာဝရဘုရားပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏´´ (ဆာလံ ၁၂ရး၃) ဟူ၍လွန်ခဲ့သော နှစ်ပေါင်း  ၃ဝဝဝ ခန့်က စိတ်ထားမြင့်မြတ်သော မိဘတစ်ဦးက ဆိုခဲ့လေသည်။

မိဘဖြစ်ရခြင်း၏ ဝမ်းမြောက် စရာသည် ဘုရားသခင်ပေးသနားရာ ဆုလာဒ်၊ အိမ်ထောင် စုအများ ခံစားကြရသော ဆုလာဒ်ဖြစ်ကြလေသည်။ သို့သော် ယနေ့ကာလ၌ သားသမီးများအား မွေးမြူထိန်းကျောင်းရသည်မှာ ကြီးမား ခက်ခဲ သော တာဝန်တစ်ရပ်ဟု ဆိုကြလေသော်လည်း သမ္မာကျမ်းစာက နည်းလမ်းကောင်းကို ထောက်ပြထားပါသည်။ “ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင် အိမ်ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏´´ ( ဆာလံ ၁၂ရး၁) ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့ ကိုးစား၍ ကိုယ့်ညာဏ်ကို အမှီမပြုရန် ( သုတ္တံ ၃း၅) ဆိုထားသည့်အတိုင်း၊ လိုက်နာပါက ပျော်ရွှင်သာယာသော မိသားစုဖြစ်လာရုံမျှမက သားသမီးရတနာများသည်လည်း စိတ်၏မကျန်းမာခြင်းမှ ကင်းဝေးစေပေမည်။



“လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင်ဖ´´ ဆိုသည့်အတိုင်း ယနေ့ သိပ္ပံသုတေသီ ( စိတ်ပိုင်းဆိုင်ရာ) များ၏ ရှာဖွေတွေ့ရှိချက်များတွင် အများအားဖြင့် ဖေါ်ပြခံရသော အောက်ပါအချက်သုံးသပ်ချက်ကို မိဘတို့က သမ္မာကျမ်းစာနှင့် လျှော်ညီစွာ၊ သားသမီးတို့၏ ရှေ့ရေးကို တွေးခေါ် မျှော်မြင်ရင်း သွန်သင်ညွန်ပြရပေမည်။ ယင်းတို့မှာ စိတ်မကျန်းမာမှုဖြစ်ရခြင်း၏ အကြောင်းအရင်းဟူ၍ သုတေသီတို့က ဆိုထားလေသည်။


၁။ မိဘတို့၏ တယူသန်အစွဲပယောဂကြောင့်။

                    ရင်၌လွယ်ဖွား သားသမီးရတနာကလေးများသည် ဖြူစင်၍ အနာအစာကင်းမဲ့သော စာရွက်အလွတ် ကလေးများ ပမာဖြစ်သည်။ အက္ခရာ တင်လိုက်သော မှင်စက်တို့သည် လှပသောပုံဆေးချက် ( သို့ ) နှစ်လိုဖွယ်မရှိသော ပုံဆေးချက် တို့သည်လည်း စာရွက်အလွတ်ပေါ် တွင်ကျရောက်သွားပါက တံဆိပ်ခတ်သည့်ပမာ စွဲထင်သွားသကဲ့သို့၊ ရင်သွေးရတနာလေးများသည်လည်း မိဘတို့၏ ဆေးစက်ချရာ ( အယူ အဆ) အရုပ်ဖြစ်လာကြရစမြဲပင်ဖြစ်လေသည်။ အနီးစပ်ဆုံး ဥပမာအားဖြင့် မြန်မာပြည်မှ ကလေးအတော်များများမှာ တစ္ဆေ၊ သရဲတို့ကို အမှန် ကြောက်ရွံ့ကာ ညဘက်တွင် တစ်ယောက်တည်း အပြင်သို့ မထွက်ရဲကြပေ။ အကြောင်းမှာ လွဲမှားသော  မိဘတို့သည် သားသမီးများအပေါ် လိမ်ညာ၍ ခြောက်လှန့်သွန်သင်ခဲ့ရာမှ ထိုစကားသည် ကလေးငယ်များတို့၏ စိတ်တွင် သန္ဓေတည်ကာ ကြီးထွားရှင်သန် လာသောကြောင့် ပင်ဖြစ်သည်။


၂။ မိဘများစိတ်စွဲလမ်းသင့်သည့် ပန်းတိုင်။

ခရစ်ယာန် မိဘများ ဦးစားပေး အလေးထားရမည့်အရာမှာ သားသမီးများ၏ ဝိညာဉ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းပင်ဖြစ်သည်  (တရားဟော ၈း၃)။ အဆောက်အဦးတစ်ခု၏ အရည်အသွေးသည် ဆောက်လုပ်ရေးတွင် အသုံးပြုသော ပစ္စည်းအမျိုးအစားအပေါ်တွင် များစွာ မူတည်နေပါသည်။ ခရစ်ယာန် ရင်သွေးရတနာလေးများ၏ အကောင်းဆုံးသော အထောက်အကူပစ္စည်းများသည်လည်း ရွှေ၊ ငွေ၊ ကျောက် ်ကောင်းများဖြစ်ကြောင်း ရှင်ပေါလုက ဆိုခဲ့လေသည် ( ၁ ကော ၃း၁၁-၁၃)။ ထိုအရာတို့မှာ ယုံကြည်ခြင်း၊ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်ခြင်း၊ သစ္စာ စောင့်ခြင်း၊ လေးမြတ်ခြင်း၊ ထာဝရဘုရားအား စိတ်နှလုံး အကြွင်းမဲ့ ကိုးစားခြင်းတို့ကို ကိုယ်စားပြုသင့်လေသည်( ဆာ ၁၉းရ-၁၁၊ သုတ္တံ၂း၁-၆၊၃း၁၃-၁၄)။



ရင်သွေးရတနာကလေးများ စိတ်မကျန်းမာဖြစ်ခြင်းမှ ကင်းဝေးစေရန် မိဘတို့သည် ထာဝရဘုရား၏ တရားတော်နှင့် လျှော်ညီစွာ သားသမီးတို့၏—-



(၁) စံနမူနာပုံသက်သေဖြစ်ရမည် ( သုတ္တံ ၂၉း၁၈၊၂ဝးရ၊ လုကာ ၆း၄၀၊ ၁ ကော ၁ဝး၁)။

(၂) အဖေါ်မွန်ကောင်း ( ဂရုစိုက်) ဖြစ်ရမည် ( မာကု ၁ဝး၁၃၊၁၆)။

(၃) အချိန်ပေးလျှက် ကလေးငယ်များနှင့် မိတ်သဟာယပြုလျှက်စကားပြောပါ။

(၄) ကစားချိန်၊ နားချိန်တို့ကို သတ်မှတ်ပေးခြင်း ( ဒေသနာ ၃း၁၄၊ ဇာခရိ ၈း၅)။

(၅) ရင်သွေးငယ်များအတွက် ဆရာသမားသဖွယ်ဖြစ်စေပါ( တရားဟောရာ ၆း၅-၈၊ ဟေဗြဲ ၈း၁၀)။

(၆) တရားတော်နို့ရည်ကို တိုက်ကျွေးသူဖြစ်ရန် ( ၁ ပေ ၂း၂၊ ၂ တိ ၃း၁၄-၁၅)။

                                 စသည့်အချက်များတို့ကို ဆုတောင်းခြင်းဖြင့် ပံ့ပိုးပေးသွန်သင်လျှက် အသက်ရှင်ပြပါ။ ထိုသို့ဆိုပါက မိဘတို့သည် ဘုရားရှေ့၊ လူတို့ရှေ့တွင် မျက်နှာရသည်သာမက၊ စိတ်မမကျန်းမမာသော (သို့) တရားလမ်းမှ လွဲချော်နေသော ရင်သွေးတို့၏ မိခင်၊ ဖခင်အဖြစ်မှ ကင်းလွတ် ကာ ရင်သွေးရတနာ ကလေးများမှာလည်း စစ်မှန်သော ဘုရား၏ လူများဖြစ်လာကြပေမည်။


၃။ငယ်စဉ်က ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့် တွေ့ဆုံရသောကြောင့်။

                               အချို့မိဘတို့သည် ရင်သွေးရတနာများကို ဆုံးမပဲ့ပြင်ရာတွင် ခြိမ်းခြောက်၊ ဆူပူ၊ ကြိမ်းမောင်းလျှင် ရနိုင်သည်ဟု ထင်မှတ်ကာ သားသမီးများအား အနာတရဖြစ်သည့်တိုင် ဆုံးမတတ်ကြရာမှ သူတို့၏ ရိုးတွင်းချဉ်ဆီအထိ စွဲမှတ်သွားကာ အရာရာကို ကောင်းစွာတွန်းလှန် နိုင်စွမ်းမရှိတော့ပဲ၊ စိတ်ပိုင်းဆိုင်ရာ ( ချွတ်ယွင်း) မကျန်းမမာသူများဖြစ်လာကြလေသည်( ဧ ၆း၄၊ ၂ တိ ၂း၂၄-၂၅)။ ဒေါသရှေ့ထား၍ ပြင်းထန်း စွာ ရိုက်နှက်ဆုံးမခြင်းကို သမ္မာကျမ်းစာက ထောက်ခံအားပေးခြင်းမရှိပါ ( သုတ္တံ ၁၆း၃၂)။ အကယ်၍ အခြားသော ထိတ်လန့်ဖွယ်ရာများနှင့် ရင် သွေး ငယ်များ ကြုံဆုံလသောအခါ၊ မိဘတို့သည် အနားတွင် နေစေခြင်းဖြင့် ကလေးငယ်များ၏ စိတ်နှလုံးကို အေးမြစေကာ နှစ်သိမ့်မှုကိုပေး၍ ထိုကြောက်ရွံ့ ထိတ်လန့်ခြင်းအသိတရားတို့ကို ဖယ်ရှားထုတ်ပေးရပေမည်။


                             အရွယ်ရောက်ပြီးသော သူများပင်လျှင် သူတို့၏ ကလေးဘဝ ပျော်ရွှင်သော ကာလများကို ပြန်လည်အမှတ်ရကာ၊ ဘယ်နေရာ၊ ဘယ်လိုအခြေအနေရောက်ရောက် မိဘတို့က မိမိတို့ကို ကြည့်ရှု့စောင့်ရှောက်နေမည်ဟူသော အသိဖြင့် အပူအပင်အကြောက်အရွှံ့များမှ ကင်းပြီး လုံခြုံနွေးထွေးသော ဘဝအသက်တာကို ခရီးဆက်ကြသည်ကို မြင်တွေ့ရပေသည်။ ထို့ကြောင့် မိဘတို့သည် မိမိရင်သွေးရတနာများ ကြောက်ရွှံ့ ထိတ်လန့်ခြင်းမှ ကင်းဝေးစေရန်—-



(၁) တာဝန်သိသော ( ဝန်တာ) စိတ်ထားရှိခြင်း ( ၁ တိ ၅း၈၊ တရားဟော ၆း၆-၉)။

(၂) ထာဝရဘုရားအား ကိုးစားခြင်း ( သုတ္တံ ၃း၅)။

(၃) ထာဝရဘုရားသည် မေတ္တာရှင်ဖြစ်ခြင်း ( ၁ ယော ၄း၈၊ သုတ္တံ ၈း၂၀-၂၁၊၃၀)။

(၄) ထာဝရဘုရားသည် ကိုးစားထိုက်ခြင်း( ဆာလံ ၃၄း၈)။

(၅) ထာဝရဘုရားသည် ဘဝအဆုံးတိုင်အောင်ပို့ဆောင်ပေးမည့်အရှင်ဖြစ်ခြင်း ( ဆာ ၄၈း၁၄၊ ယော ၁၃း၁)။

                  စသည်ဖြင့် ဘဝတွင်  ကတိတော်ပေါင်း များစွာအားပြညွန်၍ ထာဝရဘုရားအားချစ်ကြောက်ရိုသေ အားကိုးတတ်သောသူဖြစ်စေခြင်း ဘဝတွင် စိတ်ပိုင်းဆိုင်ရာ တန်ခိုးတို့ကို ခရစ်တော်အားဖြင့် ရရှိစေနိုင်ပေသည် ( ဖိ ၄း၁၃)။ ထိုအခါ၌ လူတို့ရှေ့တွင် အလင်းသဖွယ် ဆောင်ကြဉ်း ပေးသော သာယာသော ခရစ်ယာန် အိမ်ထောင်ဖြစ်လာပေမည်ကား သခင်ဘုရားပေးထားတော်မူသော ကတိတော်များကို မျက်မြင်ကိုယ်တွေ့ လူတိုင်း ခံစားရယူနိုင်ပေသည်။


Samuel Soe  Lwin

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages