ကောင်းကင်စတိုး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, September 28, 2022

ကောင်းကင်စတိုး

သူငယ်ချင်း တစ်ချိန်တုန်းက ဘဝလမ်းမှာ ကျွန်တော်ထွက်လျောက်တော့ တစ်နေ့မှာ ဆိုင်းဘုတ်တစ်ခုကိုတွေ့ရပါတယ်။ ကောင်းကင်ကုန်စုံစတိုး ( Heaven Grocery Store) တဲ့။


စိတ်ဝင်စားစွာ ဒီစတိုးနဲ့ နီးနီးကပ်ကပ်ကို ရောက်သွားတော့ တံခါးပေါက်ကြီးကလည်း အလိုအလျှောက်အကျယ် ကြီး ပွင့်သွားတယ်။ နောက် ကျွန်တော်သတိပြုမိချိန်မှာတော့  စတိုးဆိုင်ထဲမှာ ရောက်နေပြီဆိုတာပါပဲ။


ကောင်းကင်တမန်တစ်စုကိုလည်း မြင်ရပါတယ်။ သူတို့က နေရာအနှံ့မှာ ပျံသန်းနေကြတယ်။


“ငါ့သား သတိဝီရိယနှင့် ဝယ်ပါ၊ ယုံကြည်သူတစ်ဦးအတွက် လိုအပ်တာအားလုံးရှိတယ် အားလုံးမင်း မသယ်နိုင်ရင် နောက်တစ်နေ့မှာ တစ်ခေါက်ပြန်လာသယ်လို့ရတယ်”


လို့ ကောင်းကင်တစ်မန်တစ်ပါးက ခြင်းတောင်းတစ်ခုကိုပေးရင်း ကျွန်တော့်ကို အားပေးစကားပြောကြားခဲ့ပါတယ်။


စျေးခြင်းတောင်းကို ယူပြီး ပထမဆုံး စိတ်ရှည်ခြင်း ( Patience) အချို့ကို ယူလိုက်တယ်။ တစ်ဆက်တည်း ဘေးမှာရှိတဲ့ ချစ်ခြင်းမေတ္တာ (Love) ကိုလည်းယူထည့်လိုက်တယ်။


“မင်းဘယ်သွားသွား လိုအပ်လှတဲ့ နားလည်ခြင်းကိုလည်း မမေ့နဲ့နော်”


ကောင်းကင်တမန်ရဲ့ စကားကို ကြားရသည်နှင့်အတူ နားလည်းခြင်း ( Understanding ) ကိုလည်း အစီအရီရှိနေရာမှ လှမ်းယူလိုက်တယ်။


ဉာဏ်ပညာ ( Wisdom) ကိုလည်း သေတ္တာ တစ်လုံးနှစ်လုံးစာလောက် ယူလိုက်ပြီး၊ ယုံကြည်ခြင်း ( Faith) ကိုလည်း တစ်အိပ်နှစ်အိပ်ကြီးကြီးလောက် ယူခဲ့တယ်။ ခင်းကျင်းပြသထားတဲ့ နေရာထဲက သန့်ရှင်းသော ၀ိညာဉ်တော် ( Holy Spirit ) ကိုလည်း ငါမချန်ထားခဲ့ဘူး။ ပန်းတိုင် အရောက်ပြေးနိုင်ရန် အတွက် ခွန်အား ( Strength ) နှင့်  ရဲရင့်ခြင်း ( Boldness) တွေကိုလည်း စျေးခြင်းတောင်းထဲ ကောက်ထည့်ဖြစ်အောင် ကောက်ထည့်လိုက်တယ်။


ကယ်တင်ခြင်းရောက်ရှိရေးအတွက် အခမဲ့ဖြစ်တဲ့ ကယ်တင်ခြင်း  ( Salvation) ကိုလည်း ငါမမေ့ဘူးလေ။ ဒါ့ကြောင့် မင်းနဲ့ငါ နှစ်ယောက်စလုံး ကယ်တင်ခြင်း ရရန်အတွက် လုံလုံလောက်လောက်ကို ယူပြီး ထည့်လိုက်တာ။


စျေးဝယ်ရာကနေ ငွေပေးချေရန် ကောင်တာကို ငါထွက်လာခဲ့ရင်း အလယ်စျေးတန်းရောက်တော့…


“ငါ့သခင်ရဲ့ အလိုတော်အတိုင်း (God’s will) လုပ်ဆောင်ရန် ငါ့မှာ အရာအားလုံး ရှိပြီလို့ စဉ်းစားနေရာမှ ဆုတောင်းခြင်း (Pray) လည်းလိုမယ်”


ဟုတစ်ကိုယ်တည်း စဉ်းစားရင်း `ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်´ ဆိုသည့် စကားကို သတိရပြီး တစ်ပါးတည်း ယူလိုက်တယ်။


ငြိမ်သက်ခြင်း (Peace)နှင့် ဝမ်းမြောက်ခြင်း(Joy)က နောက်ဆုံးတန်းမှာရှိနေကြတယ်။ ငါ့ကို အကူအညီ အထောက်အမဖြစ်စေမည့်  ဂုဏ်တော်ကျူးအေးခြင်းဓမ္မတေး (Song)နှင့် ချီးမွမ်းခြင်း (Praise)က အရံသင့် အနီးအနားမှာ ချိတ်ထားတာတွေ့လို့ ယူလိုက်တာပေါ့နော်။ နောက်တော့ ကောင်းကင်တမန်ကို…


“ဒါတွေ ပေးချေရန် ငွေဘယ်လောက်ကျပါသလဲ”


လို့ပေးတဲ့အခါ ကောင်းကင်တမန်က ပြုံးပြရင်း..


“မင်းသွားတဲ့ နေရာတိုင်းမှာ ဒါတွေကို ယူသွားပါတဲ့”


“ဟုတ်ကဲ့ ယူသွားပါ့မယ်၊ ဒါပေမဲ့ ဒါတွေအတွက် ဘယ်လောက် ကျပါသလဲဗျာ”


လို့ ဒုတိယမ္ပိနှစ်ကြိမ်မြောက်အောင် မေးလိုက်မိပြန်တော့… ကောင်းကင်တမန်က ပြုံးပြရင်း အောက်ပါအတိုင်း ပြန်ပြောလိုက်ပြန်ရော…


“ငါ့သား ယေရှုခရစ်တော်က မင်းရဲ့ ပေးချေရမယ့် ငွေတွေ အားလုံးအတွက် ပေးချေခဲ့တာ ကြာပြီကော…”


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages