မအပ်မရာပါသူငယ်ချင်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, July 26, 2022

မအပ်မရာပါသူငယ်ချင်း

မအပ်မရာပါသူငယ်ချင်း
*********************

ဟုတ်တိုင်းမှန်ရာပြောတဲ့ 
ပြည့်တန်ဆာဆိုလို့
ရာခပ်ကိုပဲသိတယ်သူငယ်ချင်း
သူက
အပြောအလုပ်
ဆွေမျိုးအတွက်
တစ်သားတည်းရှိတယ်သူငယ်ချင်း
https://drive.google.com/uc?export=view&id=1n0CbNtZVeRPs_Zkix4UAPbq-mNWJf4gX

သစ္စာတရားပြောတဲ့
အစေခံအမှုထမ်းဆိုလို့
ဣသရေလမိန်းမငယ်ပဲသိတယ်သူငယ်ချင်း
သူက
အမူအကျင့်
သခင့်အတွက်
တစ်သားတည်းရှိတယ်သူငယ်ချင်း

ယုံကြည်မှုအကြောင်းပြောတဲ့ 
တိုင်းတစ်းပါးလက်အောက်ခံဆိုလို့
ဒံယလေ
ရှာဒရက်၊ မေရှက်၊ အဗဒနေဂေါနဲ့
မော်ဒကဲတို့ကိုသိတယ်သူငယ်ချင်း
သူတို့က
ကိုယ်နှုတ်အမူအရာ
ယုံကြည်ရာအတွက်
ထပ်ချပ်မကွာပြူကြတယ်သူငယ်ချင်း

အပြောအလုပ်မညီ
အမူအကျင့်
လော်လီဖောက်ပြား
မေတ္တာ၊ သစ္စာမြူမှုန့်မျှမသမ်းတဲ့
မင်းလိုလူ
မျက်ရည်ခြူတာတော့
အော်ကလီဆန်တယ်သူငယ်ချင်း။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages