၃၆၀။ နိုင်ငံတော်တည်ခြင်းကျူး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 14, 2022

၃၆၀။ နိုင်ငံတော်တည်ခြင်းကျူး

 


၁။ နေလ ချိန်မှန်ပြေးသော ခရီး၊ ယေရှုသည် စိုးစံတော်မူမည်၊
မြေကြီးအစွန်းတိုင်အောင် ဧကန်၊ နိုင်ငံတော်မြတ် အစဉ်ကျယ်ဝန်း။

၂။ ကျေးဇူးတော်ကို ချီးမွမ်း အသံအစဉ်အဆက် ကြားရလတံ့၊
နာမတော်ကို အစမှီပြု၍ နံနက်တိုင်း ဆုတောင်းရချိမ့်လေ။

၃။ ဘာသာစကား အမျိုးမျိုးသည် မေတ္တာတော်ကို ချီးမွမ်းကြ၏၊
သူငယ်များလည်း ဂုဏ်ကျေးဇူးတော် အသံချိုနှင့် အေးကျူးကြွေးကြော်။

၄။ ယေရှုအုပ်စိုး အရပ်တကာ၊ ကောင်းကျိုးကြွယ်ဝ တိုးပွားများပြား၊
ဆင်းရဲပင်ပန်းသူတို့အားလုံး ချမ်းသာ ကြမည်၊ ကမ္ဘာမဆုံး။

၅။ ရောဂါပျောက်စေ တန်ခိုးတော်ဖြင့် သေခြင်း အ မင်္ဂလာပယ်ရှင်း၊
အာဒံ၏သား မျိုးမျိုးသည် အကျွတ်တရားကို ရနိုင်၏။

၆။ ငါတို့ဘုရင်ဘုန်းတော် ထောက်၍ လူသတ္တဝါ ချီးမြှောက်ပါစေ၊
ထက်ကောင်းကင်သား အပေါင်း ကျူးရင့် အောက်မြေကြီးပဲ့တင်သံ အာမင်။ (အာမင်)

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages