၀၅၀။ နက်နဲဉာဏ်ပြည့်စုံသော နိစ္စဘုရားမြတ်ကျူး - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

Wednesday, February 9, 2022

demo-image

၀၅၀။ နက်နဲဉာဏ်ပြည့်စုံသော နိစ္စဘုရားမြတ်ကျူး

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

.com/img/a/

 ၁။ နက်နဲဉာဏ်ပြည့်စုံသော နိစ္စဘုရားမြတ်၊
လွန်စွာ ထွန်းတောက်လှသော ရောင်ခြည်၌ ကိန်းဝပ်၊
တင့်တယ်သော ဘုန်းဂုဏ်တော်၊ စဆုံးခြင်း မရှိ၊
ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြ၏။

၂။ အုပ်ချုပ်လေရာတို့၌ တန်ခိုးတော်ကြီးပေ၊
လိုချင်တောင့်တရာများ ပြည့်စုံစွာ ပေးဝေ၊
မြင့်မားတောင်ထိပ်များပေါ်၊ မိုးတိမ်လွှမ်းသည်နည်း၊
ဆုံးဖြတ်စီရင်ရာ၌ ကောင်းခြင်း မေတ္တာတည်း။

၃။ သက်ရွယ်ကြီးငယ်တို့အား ကြွယ်ဝဝိညာဉ်ပေး၊
ကိုယ်တော်ကိန်းဝပ်ခဲ့လျှင် မှန်သော သက်ရှင်ပေ၊
ကျွန်ုပ်တို့ သက်တာသည် သစ်ရွက်များ ကဲ့သို့၊
ပြောင်းလဲပျက်စီးသော်လည်း ကိုယ်တော်စဉ်တည်ရာ။

၄။ ဘုန်းတော်ကြီး ထွန်းတောက် အလင်းတော်၏ အဘ၊
ကောင်းကင်ဗိုလ်ခြေပင် မျက်စေ့များ ကွယ်ထားရ၊
တောက်ပအလင်းတော်ကို ဖူးမြင် စိမ့်သောငှာ၊
ကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ (အာမင်)

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

Pages