နှုတ်ကပတ်တော်ရှိ သိုးထိန်းမှာမည်သို့နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, January 17, 2022

နှုတ်ကပတ်တော်ရှိ သိုးထိန်းမှာမည်သို့နည်း


၁။ ဓမ္မဟောင်းရှိသိုးထိန်း။

ဓမ္မဟောင်းခေတ်ကာလတွင် သိုးထိန်းသည် အမြဲတစေမဟုတ်သည့်တိုင် ကလေးများဖြစ်နေတတ်ကြသည်ကို တွေ့ရှိရပါသည်။ လူကြီးပဲဖြစ်စေ/လူငယ်ပင်ဖြစ်စေ သိုးထိန်း၏ အဓိကတာဝန်မှာ သိုးစုတော်များအား ကာကွယ် စောင့်ရှောက်ခြင်း၊ စိမ်းလန်းသောကျက်စားရာသို့ပို့ဆောင်ပေးခြင်းနှင့် သာယာသောမြစ်နားသို့ လမ်းပြပေးလျက် ညှင်သာစွာ ထိန်းကျောင်းပေးရပါသည်။ 
 
အကယ်၍ စားကျက်မကောင်းရာအရပ်၌ ကျွေးမွေးထားပါက သိုးသို့သည် ပွားများခြင်းနှင့် သန်စွမ်းခြင်းတို့ ဆုယုတ်မှုကိုခံစားကြာရပါသည်။ ထို့အတူ လျင်မြန်သောရေစီးကျောင်းတွင် ရေတိုက်ပါကလည်း သောက်သုံး ရန် ကြောက်ရွံ့တတ်ကြပြန်ပါသည်။ စိမ်းလန်း၍ကောင်းမွန်သော ကျက်စားရာကို လမ်းပြပို့ဆောင်ခြင်းမှာ သိုးထိန်း တစ်ယောက်၏ အဓိကကျသောတာဝန်ဖြစ်ပါသည်။ အကြောင်းမှာ ထိုစိမ်းလန်းသော ကျက်စားရာ ရှိမှသာလျင် ကျန်းမာသန်စွမ်းသော သိုးများအဖြစ်မြင်တွေ့ရသောကြောင့်ဖြစ်ပါသည်။ 
 
၂။ သိုးထိန်း၏ အသုံးအဆောင်။
 
သိုးထိန်းတစ်ဦးတွင် တိကျသော လက်စွဲတော်အသုံးအဆောင်များရှိပါသည်။ ၎င်းတို့မှာ သိုးစုတော်များအတွက် လွန်စွာအသုံးဝင်သောအရာများလည်းဖြစ်ပြီး၊ သိုးစုတော်များအတွက် အစစအရာရာဖန်တီးပေးသည့် လက် သုံး တော်များဟုလည်းဆိုနိုင်ပါသည်။ ထို့ကြောင့် သိုးထိန်း၏ ပထမဦးစားပေးအသုံးအဆောင်မှာ “လှံတံ” ပင် ဖြစ်ပါသည်။ ထိုလှံတံတွင် “အကောက်”ပါရှိပြီး၊ အချို့ဆိုလျင် ထိုအကောက်၌ သံထည်တစ်ခုကိုလည်း တပ်ဆင်ထားပြီး၊ တိုက်ခိုက်ရေးတွင်အသုံးဝင်ရန် လက်နက်အဖြစ်ပြုလုပ်ကြသည်။ 
 
ထိုလှံတံကောက်ဖြင့် သိုးထိန်းသည် သိုးစုများကို တိရစ္ဆန်နှင့် သဘာဝဘေးများမှ ကာကွယ်မှုများကိုပြုကြ သည်။ ထို့အတူ အချို့သိုးထိန်းတို့သည် “တောင်ဝှေး” ကိုလည်းယူဆောင်ကြသည်။ ထိုတောင်ဝှေးသည် ခရီး သွားရာ၌ လွယ်ကူစေရန် သိုးထိန်းမှအထိန်းအဖြစ် အသုံးပြုပါသည်။ ထို “တောင်ဝှေး”ဖြင့်ပင် လိုအပ်ပါက သိုးစုတော်များ ကိုတည့်မတ်ပေးခြင်း၊ လမ်းကြောင်းပြပေးခြင်းတို့ကို ပြုမူကြသည်။ 
 
ထို့အတူ သိုးစုများကို ကာကွယ်ရန်အလို့ငှါ “လောက်လေး” ကိုလည်းအသုံးပြုကြသည်။ ထိုလောက်လေးဖြင့် သိုးများကိုအန္တရယ်ပြုမည့် သားရဲများကို အဝေးကပင်လျင်ပစ်ခွင်း၍ မောင်းထုတ်ခြင်း၊ တိုက်ခိုက်သုတ်သင် ခြင်း၊ ခြောက်လှန့်ခြင်းများကို ပြုမူဆောင်ရွက်ပေးကြပါသည်။
 
၃။ ထိုခေတ်အခါနှင့် သမိုင်းဖြစ်စဉ်။
 
ဓမ္မဟောင်းကာလတွင် မိသားစုတို့သည် သိုးများကိုမွေးမြူထိန်းကျောင်းရင်း သိုးများမှာ...
(၁) သိုးမွေး။
(၂) သိုးနို့။
(၃) သိုးရေ။
(၄) အစားအသောက်များကိုအလုံအလောက်ပေးပါသည်။
ထိုခေတ်အခါက သိုးသည် လွန်စွာအဖိုးထိုက်တန်ပြီး၊ လူတို့အတွက် ကောင်းသောအရာများကို ပေးသော ကြောင့် သိုးစုများအား နေ့၊ နေ့၊ ည၊ ည ဆိုသလိုမျက်ခြည်အပြတ်မခံဘဲ ထိန်းကျောင်းမွေးမြူကြပါသည်။
ထိုနည်းတူ မိသားစုတွင် အငယ်ဆုံးသောသားသည် သိုးများကို ထိန်းကျောင်းတာဝန်ယူရသည်မှာ အရွယ် ရောက် ၍အခြားသောအိမ်မှုကိစ္စများကို ဆောင်ရွက်နိုင်မှသာလျင် သိုးထိန်းခြင်းအမှုကို အခြားသူသို့ဆင့်ကမ်း လျက် ကျွေးမွေးပြုစုစေပါသည်။ 
 
ဒါဝိဒ်သည်လည်း ထိုသို့ သိုးများကို ထိန်းကျောင်းခဲ့ရသူဖြစ်သောကြောင့် မကြာမကြာပင် သိုးများအကြောင်း ကို ညွန်းဆိုလေ့ရှိပါသည်။ 
 
ထိုအထဲတွင် ဆာလံ၊ ၂၃ သည် အထင်ရှားဆုံးဖြစ်ပြီး၊ ထိုဆာလံကျမ်းတွင် ထာဝရ ဘုရား အားသိုးထိန်းကြီး အဖြစ် တင်စားလျက် အောက်ပါအတိုင်း ဖွဲ့နွဲ့ထားသည်ကို တွေ့ရပါသည်။
 
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။
ငါသည် ဆင်းရဲမခံရ။
စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။
သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။
ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။
အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။
အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊
ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
 
၄။ ဓမ္မဟောင်းရှိ သိုးထိန်းများ။
 
မှတ်သားစရာမှာ ဒါဝိဒ်နည်းတူ အခြားသိုးထိန်းများကိုလည်း အများအပြားမြင်တွေ့နိုင်ပါသည်။ ထိုသိုးထိန်း များမှာ...
(၁) အာဗလေ။
(၂) မောရှေ။
(၃) အာမုတ်မှအစ..
(၄) ဇာခရိအထိတိုင်ဖြစ်ကြပါသည်။
 
ဓမ္မသစ်တွင်ကား ဗက်လင်အနီးရှိ သိုးစုများကို ထိန်းကျောင်းသော သိုးထိန်းတို့သည် ခရစ်တော်ဘုရား၏ လူ့ဇာတိ ခံယူခြင်းကို သက်သေခံများအဖြစ် ဘုရားသခင်ရွေးချယ်ခွဲခန့်ခဲ့သည့်အတိုင်း သူတို့သည် သက်သေခံ ဟောပြောခဲ့ ကြသည်ကိုလည်း အားလုံးအသိပင်ဖြစ်ပါသည်။
 
ထို့အတူ ခရစ်တော်ဘုရားကိုယ်တော်တိုင်လည်း “ကောင်းသော သိုးထိန်း”အဖြစ်မကြမကြာ ညွန်းဆိုခဲ့ပြီး၊ သိုးစုတော်များအတွက် အသက်တော်ကိုပင် စွန့်လှူတော်မူမည့်ဖြစ်စဉ် ကိုအတိအလင်းမိန့်တော်မူခဲ့သလို၊ လက်တွေ့လည်း အသက်တော်ကို စွန့်လှူခဲ့ပါသည် (ယော၊ ၁၀:၁-၁၆)။
 
၅။ ထာဝရသိုးထိန်းကြီး။
 
သိုးထိန်းတို့သည် သိုးများကို နေ့၊ နေ့၊ ည၊ ညအစဉ်မပြတ် ကွယ်ကာလျက် စောင့်ရှောက်တော်မူသည့်နည်း ထာဝရဘုရားသည်လည်း ကျွန်ုပ်တို့ကို ထာဝရကာလတိုင် သတိပြုလျက် စောင့်ရှောက်ကွယ်ကာပေးလျက် ရှိပါသည်။
 
အသက်တာတွင် လောကဓံတရားတို့မည်သို့ ရိုက်ခတ်နေပါစေ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဂရုစိုက် ကွယ်ကာလျက် လမ်းပြပေးလျက်ရှိပြီး၊ ဘယ်သောအခါမျှ စွန့်ပစ်တော်မမူသောဘုရားလည်းဖြစ်ပါသည်။
ထို့ကြောင့် အသက်တာတွင် ထာဝရသိုးထိန်းကြီးဖြစ်သော ဘုရားသခင်အား ကျွန်ုပ်တို့ ကိုးစားလျက်ခိုလှုံနိုင်ပါ ကြောင်းအားပေးလျက် အတူတကွ ကိုးစားခိုလှုံကြပါစို့ဟုတိုက်တွန်းအပ်ပါသည်။
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ What was a shepherd in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages