ယုံကြည်မှုအခရာဖြစ်သော “ငါးခု” - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, January 17, 2022

ယုံကြည်မှုအခရာဖြစ်သော “ငါးခု”


၁။ အခရာဖြစ်သော ယုံကြည်မှုငါးခု။
 
အဓိက (သို့) အခရာဖြစ်သောယုံကြည်မှု “ငါးခု”သာလျင်ဆိုသောအရာမှာ အင်္ဂလိပ်လိုအားဖြင့် The five solas ဟုဆိုကြပြီး လက်တင် စကားမှာဆင်းသက်လာခြင်းဖြစ်ပြီး ကနဦး ပရိုတစ္စတင်းနှင့် ရောမကာသိုလစ်များ အကြား ခြားနားစေသည့် ပင်မအကြောင်းအရာငါးချက်ဟူ၍လည်း အသိများကြပါသည်။ 
 
ထို့ကြောင့် Sola ဆိုသောစကား လုံးမှာ လက်တင်ဘာ သာစကားဖြစ်ပြီး အင်္ဂလိပ်လို only ဟူ၍အမည်ရ သောကြောင့် မြန်မာလို “သာလျင်” (သို့) မှတစ်ပါးအခြားမရှိဟု ဆိုရပေမည်။ တနည်းအားဖြင့် ပရိုတစ္စတင်း တို့၏ ပင်မအသက်သွေးကြောဖြစ်သော ယုံကြည်မှုသော့ချက်ဆိုလျင် လည်းရနိုင်သော အကြောင်းတို့ ဖြစ်သည်။
 
၂။ အခရာ ငါးခုမှာ အဘယ်နည်း။
 
နှုတ်ကပတ်တော်နှင့်အညီ အခရာကျသော ယုံကြည်မှုငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Sola scriptura: “နှုတ်ကပတ်တော်သာ အခရာ”။
(၂) Sola fide: “ယုံကြည်ခြင်းသာ အခရာ”။
(၃) Sola gratia: “ကျေးဇူးတော်သာ အခရာ”။
(၄) Solo Christo: “ခရစ်တော်သာ အခရာ”။
(၅) Soli Deo gloria: “ဘုရားဘုန်းတော်သာ အခရာ”။
အစရှိသဖြင့် ဆိုထားပါသည်။ အထက်ပါ အကြောင်းအရာတစ်ခုချင်းကို ကြည့်ခြင်းအားဖြင့် ကနဦးအသင်း တော် တို့၌ရှိခဲ့သော အမှားများကို ပြင်ဆင်ရန်အမှန်လိုအပ်ခဲ့ကြောင်းနှင့် ပရိတစ္စတင်းအသင်းတော်တို့၏ အခရာဖြစ် သောယုံကြည်မှုမှာ နှုတ်ကပတ်တော်၌ မည်သို့အုတ်မြစ်ချခဲ့ကြောင်းကိုလည်း ထင်ရှားစွာမြင်တွေ့ နိုင်ပါသည်။ ထိုအရာများကို ဆက်လက်ပြီး အသေးစိတ်ဆွေးနွေးသွားကြပါမည်။
 
၃။ Sola scriptura: “နှုတ်ကပတ်တော်သာ အခရာ”။
 
နှုတ်ကပတ်တော်သာ အခရာဆိုခြင်းမှာ ခရစ်ယာန်ယုံကြည်သူ ဘုရားသားသမီးတစ်ဦးအတွက် နှုတ်ကပတ် တော် သာလျင် အခြေခံအုတ်မြစ်၊ နှုတ်ကပတ်တော်သာလျင် “စံ”ဟုဆိုလိုခြင်းဖြစ်သည်။ 
 
ထို့ကြောင့် ပရိုတစ္စတင့်တစ်ဦး အနေဖြင့် နှုတ်ကပတ်တော်သာလျင် အခြေခံအုတ်မြစ် (သို့) စံဟုဆိုလိုက်ခြင်း ဖြင့် ရောမကာသိုလစ်ခံယူကျင့်သုံး နေသော ပုတ်ရဟန်းမင်း၏စကားနှင့် အသင်းတော်တွင်းရှိ ရိုးရာဓလေ့များ ကို အခွင့်အာဏာအဖြစ် လက်မခံပဲ နှုတ်ကပတ်တော်သာလျင် စံအဖြစ်လက်ခံကျင့်သုံးမည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။
 
နှုတ်ကပတ်တော်သာလျင် ဘုရားသခင့် အဆုံးအမ (၂ ပေ၊ ၁:၂၀-၂၁) ပေတံအဖြစ်နှင့် ထိုနှုတ်ကပတ်တော် သာလျင် ဘုရားသခင်မှုတ်သွင်းထားသောစကားတော်အဖြစ် (၂ တိ၊ ၃:၁၆-၁၇) လက်ခံယုံကြည်ခြင်းဖြစ်သည်။ ထို့ကြောင့် နှုတ်ကပတ်တော်ပြင်ပမှ သွန်သင်သော ပုတ်ရဟန်းမင်း၏စကားနှင့် နှုတ်ကပတ်တော်နှင့် ဖီလာ ဆန့်ကျင်နေသော အသင်းတော်ထုံးတမ်းစဉ်လာများကို အမှန်လက်မခံ၊ ငြင်းပယ်သည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။
 
ထို့အတူ “နှုတ်ကပတ်တော်သာ အခရာ” ဟုဆိုရာတွင် ဘာသာပြန်ကျမ်းများဖြစ်သော ဂျာမန်၊ ပြင်သစ်၊ အင်္ဂလိပ် နှင့်အခြားသော ဘာသာပြန်မူများအားလုံးလည်းအပါအဝင်ဖြစ်ပြီး၊ မူရင်းကျမ်းမူကိုသာလျင် စံအဖြစ် နောက်ဆုံး ခံယူကျင့်သုံးခြင်းဖြစ်ကြောင်း အတိအလင်းဖွင့်ဟဝန်ခံလိုက်ခြင်းဖြစ်ပါသည်။
 
၄။ Sola fide: “ယုံကြည်ခြင်းသာ အခရာ”။
 
ယုံကြည်ခြင်းသာ အခရာဟုဆိုခြင်းဖြင့် ကယ်တင်ခြင်းဟူသော အကျွတ်တရားသည် ဘုရားသခင့်ကျေးဇူးပြု၍ ရရှိသောအခမဲ့ လက်ဆောင်အဖြစ်ဆိုလိုခြင်းဖြစ်သည်။ လမ်းလွဲလာသော ကနဦးသမိုင်းတွင် မိမိတို့၏ ကယ် တင် ခြင်းအတွက် အဖိုးအခတည်းဟူသော အလှူအတန်ပြုခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းဟူသော အရာတို့ကို ထည့်သွင်း၍ ကျင့်သုံးခဲ့ကြသည်။ 
 
တနည်းအားဖြင့် ထိုသို့သော ကုသိုလ်ကောင်းမှုများအားဖြင့် ကယ်တင်ခြင်း ကို ဝယ်ယူခဲ့ကြရန် သွန်သင်မှုများ ပြုခဲ့ကြသည်။ ထို့ကြောင့် ယုံကြည်ခြင်းသာ အခရာဟုဆိုလြင်းဖြင့် ဘုရားသခင့် ပေးသနားတော်မူသော ကယ်တင်ခြင်းကို ယုံကြည်လျက် လက်ခံသူတိုင်း ဘုရားသခင့်ကျေးဇူးပြုခြင်းကြောင့်ဟု ဝန်ခံလိုက်ခြင်း ဖြစ်သည် (ယော၊ ၃:၁၆)။ ထို့ကြောင့် ကယ်တင်ခြင်းတည်းဟူသော အကျွတ်တရားလမ်းသည် လူတို့၏ ကုသိုလ်ကောင်းမှုနှင့် အကျင့်သီလ၊ ဒါနတို့ကြောင့်မဟုတ် ဘုရားသခင့်ကျေးဇူးပြူခြင်းသက်သက်သာ ဖြစ်ပေသည် (ဧဖက်၊ ၂:၉)။
 
၅။ Sola gratia: “ကျေးဇူးတော်သာ အခရာ”။
 
ကျေးဇူးတော်သာ အခရာဟုဆိုလိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းတည်းဟူသော အကျွတ်တရားသည် ကျေးဇူးတော်သက်သက်ကြောင့်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြုအမူနှင့် ဒါန၊ သီလ၊ ကုသိုလ်ကောင်းမှုတို့ကြောင့်မဟုတ် ကျေးဇူးတော်သက်သက်ကြောင့်ဟု လက်ခံယုံကြည်မှုကို ဝန်ခံမှု ပြုလိုက် ခြင်းပင်ဖြစ်ပါသည်။ 
 
ဧဖက်၊ ၂:၈-၉ ကိုကြည့်လျင် အောက်ပါအတိုင်း သွန်သင်ထားသည်ကိုလည်း အားလုံးအသိပင်ဖြစ်ပါသည်။
“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက် သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ”။
 
၆။ Solo Christo: “ခရစ်တော်သာ အခရာ”။
 
ခရစ်တော်သာအခရာဟုဆိုလိုက်ခြင်းဖြင့် ကယ်တင်ခြင်းဟူသည် (Solus Christus) ခရစ်တော်အားဖြင့်သာ ဟူ၍ အဓိကထား ဆိုလိုက်ခြင်းဖြစ်သည်။ ကနဦးအသင်းတော် အမှောင်ခေတ်ကာလတွင် ကယ်တင်ခြင်းသည် အသင်း တော်ရှိခေါင်းဆောင်များအားဖြင့်ဟု ထင်မှတ်စရာများဖြစ်စေခဲ့သည်။ ထို့ကြောင့် ခရစ်တော်သာ အခရာဟုဆို လိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် အသင်းတော်ရှိ ခေါင်းဆောင်များနှင့်မစပ်ဆိုင် ခရစ်တော်တစ်ပါး တည်းအားဖြင့်သာလျင် ဘုရားသခင့်ပြင်ဆင်ပေးမှုကို ဝန်ခံလိုက်ခြင်းဖြစ်သည်။ 
 
“ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက် အပြစ်နှင့် ကင်းလွတ်တော်မူ၏” (ဟေဗြဲ၊ ၄:၁၅)ဆိုသည့်အတိုင်း ဘုရားသခင်သည် သားတော်ယေရှုခရစ်တော် အားဖြင့်ကျွန်ုပ်တို့ ကယ်တင်ခြင်း အကျွတ်တရားလမ်းကို ဖွင့်ပေးတော်မူခဲ့ခြင်းဖြစ်ကြောင်း သိမှန်ဝန်ခံလိုက် ခြင်းဖြစ်သည်။ 
 
ထို့ကြောင့် ခမည်းတော်ဘုရားသခင်ထံသို့ သွားရာလမ်းသည် ထိုသားတော်မှတစ်ပါး မည်သည့်အသင်းတော် ခေါင်းဆောင်၊ သင်းအုပ်ဆရာမှကိုယ်စား မလွဲအပ်ခဲ့။ အသင်းတော်ရှိ ခေါင်းဆောင်နှင့် သင်းအုပ်ဆရာတို့သည် နှုတ်ကပတ်တော်ရှိ ဘုရားသခင့် ကယ်တင်ခြင်းအကျွတ်တရားလမ်းကို ဟောပြောသွန်သင်ပေးရန်သာဖြစ် သည်။
 
၇။ Soli Deo gloria: “ဘုရားဘုန်းတော်သာ အခရာ”။
 
ဘုရားဘုန်းတော်သာ အခရာဟုဆိုလိုက်ခြင်းမှာ အသက်တာ၏ ရှင်သန်နေထိုင်မှုများအားလုံးတို့သည် ဘုရား သခင့်ဘုန်းတော်အတွက်သာဟု ဆိုလိုက်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ကျွန်ုပ်တို့၏ အသက်ရှင်ခြင်း၊ အစေ ခံ ခြင်းနှင့် ဆက်ကပ်နေထိုင်မှု၊ လုပ်ဆောင်မှုအားလုံးတို့သည် အသင်းတော်ရှိခေါင်းဆောင်များ၊ အသင်းတော်ရှိ လူကြီးများ (သို့) အခြားသူများ ကျေနပ်အားရစေရန်မဟုတ် ဘုရားသခင့်အားရကျေနပ်စေရန်နှင့် ဘုရားသခင့် ဘုန်းတော်ထင်ရှားစေရန်သာဖြစ်ပါသည်။
 
ထိုဖြစ်စဉ်ကို ၁ ကော၊ ၁၀:၃၁ တွင်အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။
 
“သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့” (၁ ကော၊ ၁၀:၃၁)။
 
ထို့ကြောင့် ခရစ်ယာန်ယုံကြည်မှု၏ အခရာ ငါးခုမှာ ကနဦးအသင်းတော် အမှောင်ခေတ်၏ အမှားများစွာကို မီးမောင်းထိုးပြပြီး၊ မှန်ကန်သောလမ်းကို ပြညွန်ပေးသည် ပရိုတစ္စတင်းအသင်းတော်များ၏ မီးရှူးတန် ဆောင်ဟု လည်းတင်စားဆိုနိုင်ပါသည်။ 
 
ထို စံနှုန်းငါးခုသည် ယနေ့တိုင်လည်း အားလုံးအတွက် အကျုံးဝင်လျက်ရှိနေသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား .......
 
(၁) နှုတ်ကပတ်တော်အားပေးအပ်တော်မူခဲ့ပြီး၊
(၂) ယုံကြည်ခြင်းဟူသော လမ်းစဉ်ဖြင့်၊
(၃) ကျေးဇူးပြု၍ ပြုတော်မူခဲ့သော၊
(၄) ခရစ်တော်၏ ရွေးနှုတ်ခြင်းကို လက်ခံရယူလျက်၊
(၅) ဘုရားဘုန်းတော်ထင်ရှားစေသူများဖြစ်ရန် အလိုတော်ရှိပါသည်။
 
ထို့ကြောင့်လည်း နှုတ်ကပတ်တော်က “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေ ခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏” ( ၁ တိ၊ ၂:၄) ဟုဆိုထားခြင်းဖြစ်ပါသည်။ 
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ What are the five solas? အား မြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages