ရုသသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, December 30, 2021

ရုသသည် မည်သူနည်း


၁။ သမိုင်းကြောင်းလေ့လာခြင်း။

            ရုသသည် “မောဘ” အမျိုးသမီးတစ်ဦးဖြစ်ပြီး အာဗြဟံ၏ တူဖြစ်သော လောတအားဖြင့် ဣသရေလ လူမျိုးတော်များဖြင့်ဆွေမျိုးတော်စပ်သူများဖြစ်သည် (ရု၊ ၁:၄၊ က၊ ၁၁:၃၁၊ ၁၉:၃၇)။ ရုသသည် တရားသူကြီး ခေတ်ကာလတွင်ရှိခဲ့ပြီး၊ ဣသရေလအမျိုးသားတစ်ဦးနှင့်လက်ထပ်ပြီး မောဘပြည်တွင်နေထိုင်ခဲ့သူတစ်ဦးဖြစ် သည်။ အကြောင်းကြီးငယ်ကြောင့် ဖခင် (ယောက္ခမ) နှင့်ခင်ပွန်းဆုံးပါးသွားခဲ့သည်။ ထိုအခါ မိခင် (ယောက္ခမ) နှင့်အတူမောဘပြည်တွင်ဘဝကိုဆက်လက်ရှင်သန်ဖို့ ရွေးချယ်ခဲ့သည်။ သို့သော်လည်း ယောက္ခမဖြစ်သူမှ သူ့နေ ရပ်သို့ပြန်သွားရန်ဆုံးဖြတ်ချိန်၌လည်း သူမသိကျွမ်းသော ယုဒအရပ်သို့ အတူလိုက်ပါရန်ဆုံးဖြတ်ခဲ့သူဖြစ်သည်။

 

၂။ အပြန်အလှန်ကူညီရိုင်းပင်းမှုပြုခြင်း။

ရုသသည် ယောက္ခမဖြစ်သူနှင့်အပြန်အလှန်နားလည်မှုပေးခဲ့သူဖြစ်သည်။ ယောက္ခမဖြစ်သူမှာ ခင်ပွန်းနဲ့ သားနှစ်ဦးကိုဆုံးရှုံးခဲ့ရသူဖြစ်သည်။ ရုသအဖို့မှာကား ခင်ပွန်းဆုံးပါးခြင်းဖြစ်သော်လည်း မိခင် (ယောက္ခမ) ဖြစ်သူ ကြုံရသောအခက်အခဲများကို စာနာနားလည်တတ်သူဖြစ်သည်။  ထို့ကြောင့်လည်း မိခင်ဖြစ်သူနှင့်အတူနေထိုင်မှု ပြုရန်သာမက နေရပ်သို့ပြန်မည့်မိခင်နှင့်အတူလိုက်ပါရန်ဆုံးဖြတ်ခဲ့သည်။

ထိုသို့သောစာရိတ္တများကြောင့် ရုသသတင်းသည်ကျော်ဇော်မှုရှိခဲ့သည်ကို ဆွေမျိုးနီးစပ်သော ဗောဇအဖို့ မသိစရာအကြောင်းလည်းမရှိခဲ့ (ရု၊ ၂:၁၁-၁၂)။ ထို့ကြောင့်လည်း " ဗောဇကလည်း၊ သင်၏လင်သေသွားနောက်၊ သင်သည်ယောက္ခမအားပြုစုသမျှကို၎င်း၊ သင်သည်မိဘနှင့် မွေးဘွားရာဌာနပြည်ကိုစွန့်၍အထက်က မသိဘူး သောပြည်သို့ လာကြောင်းကို၎င်း၊ ငါ့အားသေချာစွာပြောကြပြီ။ သင့်အမှု၏အကျိုးကိုထာဝရဘုရား ပေးတော်မူ ပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသော" ဆိုခဲ့ခြင်းဖြစ်သည်။

 

၃။ ဣသရေလဓလေ့ထုံးစံများ။

            ဣသရေလလူမျိုးတော်များတွင် ညီရင်းအစ်ကိုဆုံးပါးသွားခဲ့သော် ဆွေမျိုးနီးရင်းမှ ထိုသူ၏ဇနီးကို လက်ဆက်ပြီးမျိုးရိုးကိုထိန်းသိမ်းပေးရမည်ဟုဆိုထားသည်။ ရုသသည် သားသမီးမကျန်ရစ် ခင်ပွန်းဆုံးပါးသွားခဲ့ ပြီးသူဖြစ်သည်သာမက ယောက္ခမဖြစ်သူ နောမိအဖို့လည်း ခင်ပွန်းဆုံး၊ သားသမီးများဆုံးပါးသွားသူလည်းဖြစ်ခဲ့ သည်။

            ရုသသည် နေ့စဉ် နောမိနှင့်သူတို့ဝမ်းစာအဖို့ ဗောဇလယ်၌ ကောက်သင်းကောက်နေသူဖြစ်သော်လည်း ဆွေမျိုးနီးစပ်သူဖြစ်ကြောင်း မသိခဲ့။ ထိုသို့ဖြင့် ရုသကိုမြင်တွေ့သောနောက် ဗောဇသည် လယ်၌ရှိသော အလုပ် သမများကိုမေးမြန်းပြီး အကြောင်းစုံသိရသောအခါ ရန်ပြုခြင်း၊ ရှုတ်ချခြင်းမပြုရန်မှာကြား၍ စောင့်ရှောက်မှုပင် ပေးရန်တောင်းဆိုခဲ့သည်။ ထို့အတူ ရုသကိုလည်းကိုယ်တိုင်တွေ့၍ ဆာလျှင်သောက်စားခြင်းပြုရန်လည်း ပွင့်လင်းနွေးထွေးစွာကူညီပေးခဲ့သည် (ရု၊ ၂:၈-၉)။

 

၄။ ပွင့်လင်းသောရုသ။

            ရုသသည် တစ်စိမ်းတစ်ရံနယ်မြေတွင် ဖြစ်ကြောင်းကုန်စင်အားလုံး ယောက္ခမကိုရင်ဖွင့်ပြောပြသည်။ ထိုအခါ ဗောဇသည် ယောက္ခမဖြစ်သူ၏ ခင်ပွန်းနှင့်ဆွေမျိုးနီးစပ်သူဖြစ်ကြောင်းသိရပြီး၊ နောမိအားရွေးပိုင်ခွင့်ရှိ သူတစ်ဦးဖြစ်ကြောင်းသိလာရသည်။

            ဣသရေလတို့၏ဓလေ့ထုံးစံအတိုင်း ဗောဇ၏အရေးပါမှုနှင့် ရွေးနှုတ်ပိုင်ခွင့်နှင့်စပ်ဆိုင်သော အရေးကြီး အရိုက်အရာများကိုလှပစွာမီးမောင်းထိုးပြထားသည်။ ထိုမျှမက နောမိသည် ချွေးမဖြစ်သူရုသအား မည်သို့ဆက် လက်၍ဆောင်ရွက်ရမည့်အမှုများကို အသေးစိတ်သင်ကြားပေးခဲ့သည် (ရု၊ ၂:၁၈-၂၃)။

 

၅။ တစ်သွေမသိမ်း နားထောင်သောရုသ။

ရိတ်သိမ်းခြင်းကာလ၌ နောမိသည် ရုသအား ဗောဇ၏နေရာအခင်းအကျင်းနှင့် ဓလေ့ထုံးစံများကို သေချာစွာ သိမှတ်ခိုင်းသည်။ ရုသသည် အသိပညာနှင့် ဓလေ့ထုံးစံကိုအကင်းပါးသူဖြစ်၍ ယောက္ခမဖြစ်သူ၏ စကားတိုင်းကိုသေချာစွာပြုခဲ့သည် (ရု၊ ၃:၂-၅)။   

ယောက္ခမဖြစ်သူ၏ စကားကို တစ်သွေမသိမ်းနားထောင်မှုနှင့်အတူ ဗောဇမှလည်း ဣသရေလတို့၏ ထုံးစံအတိုင်းပြုမည်ဟု ကတိပေးကာ ရုသကိုပြန်ပို့ပေးခဲ့သည်။ ထိုသို့ဖြင့်နောက်နေ့ရောက်သောအခါ ဗောဇမှာ ပြည်သူများအရှေ့တွင် ရွေးချယ်ခွင့်နှင့်စပ်ဆိုင်ပြီး အခွင့်အရေးကိုချပြ၍ တောင်းဆိုခဲ့သည်။ သူ့ထက်ရွေးပိုင်ခွင့် ရှိသူတစ်ဦးမှ ငြင်းပယ်ပြီးနောက် ဗောဇသည် ထိုအခွင့်ကိုရွေးချယ်ခဲ့သည်။

နောမိသည် ဘုရားသခင့်ကျေးဇူးတော်အားချီးမွမ်းသည့်နည်းတူ အခြားသောအမျိုးသမီးများကလည်း အောက်ပါအတိုင်းချီးမွမ်းခဲ့သည်။ “မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည် လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။ သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင် အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဘို့သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏” (ရု၊ ၄:၁၄-၁၅)။

 

၆။ ယုံကြည်မှုဖြင့်ကောင်းကြီးခံစားရသူရုသ။

            ရုသသည် ဘုရားသခင်အား ယုံကြည်ကိုးစားသည့်အတိုင်း ဘုရားသခင်သည် သူ့အား ခင်ပွန်းကောင်းနှင့် အတူသားရတနာကိုပေးသနားတော်မူခဲ့သည်။ ထိုသို့ဖြင့် ရုသသည် ဒါဝိဒ်၏အဖွားအဖြစ်နှင့် ဣသရေလသမိုင်း၌ ရှင်ရှားသူတစ်ဦးဖြစ်လာခဲ့သည် (ရု၊ ၄:၁၇)။ ထိုကောင်းကြီးများသာမက ဘုရားသခင်သည် ရုသအား ဆွေတော် မျိုးတော်စာရင်း၌မှတ်သားပြုစုပေးတော်မူခဲ့သည် (ဆာ၊ ၁၂၇:၃၊ မ၊ ၁:၅)။

ရုသအသက်တာသည် ဘုရားသခင်မှ မည်သို့ပြောင်းလဲပေးနိုင်ကြောင်း အကောင်းဆုံးသော ပုံသက်သေ ဖြစ်သည်သာမက၊ လူသားတို့ကြောက်လန့်နေသော အနာဂါတ်တည်းဟူသော လားရာကိုလည်း မည်သို့ပြုစု၍၊ မည်သို့စောင့်ရှောက်၊ ကွယ်ကာပေးနိုင်ကြောင်း အထင်အရှားမြင်တွေ့နိုင်ပါသည် (ရောမ၊ ၈:၂၈)။

ရုသသည် မောဘအမျိုးအနွယ်မှဆင်းသက်လာသူတစ်ဦးဖြစ်သော်လည်း ဘုရားသခင်ကို သိမြင်လာပြီး နောက်မည်သို့ အသက်ရှင်သန်ခဲ့ကြောင်းပြဆိုသောယုံကြည်ခြင်းက လွန်စွာကြီးမားလှပါသည်။ နိမ့်ချခြင်းဖြင့် ဗောဇရှေ့တွင်အသက်ရှင်ခဲ့သူတစ်ဦးဖြစ်သော်လည်း ဘုရားသခင်သည် လူမျိုးတော်များအပေါ်၌ ကြွယ်ဝသော ကရုဏာတော်ထားရှိကြောင်း သိမှတ်ယုံကြည်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ယုံကြည်ခြင်းဖြင့်ရှင်သန်သူတိုင်း အသက်တာကို ဘုရားသခင်သည်မည်သို့သိမှတ်နေကြောင်း အကောင်းဆုံးသောပြယုဂ်မှာ ရုသအသက်တာ၌ လွန်စွာပေါ်လွင်လှပါသည်။ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူ အား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်” (ဟေဗြဲ၊ ၁၁:၆)။

 

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ ။ Who was Ruth in the Bible?  အားမြန်မာမူပြုပါသည်။

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages