အဘိဂဲလသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, November 8, 2021

အဘိဂဲလသည် မည်သူနည်း

၁။ သမိုင်းကြောင်းရာဇဝင်။
 
အဘိဂဲလသည် ဒါဝိဒ်၏ဇနီးများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး ၁ ရာ၊ ၂၅ တွင်တွေ့ရပါသည်။ ဖြစ်စဉ်မှာ အဘိဂဲလသည် လူချမ်းသာနာဗလ၏ ဇနီးဖြစ်သည်။ သူသည် မောနအရပ်၊ ပါရန်တော၌ သိနာတောင်အနီးတွင် နေထိုင်သူဖြစ်သည်။ အဘိဂဲလသည် “ပညာနှင့်ပြည့်စုံ၍ အဆင်းလှသည်” (၁ ရာ၊ ၂၅:၃) တွင်ပါရှိပြီး ခင်ပွန်းသည်၊ မိသားစုနှင့် အလုပ်သမားများအသက်ကို ဒါဝိဒ်မင်းလက်မှ ရဲစွမ်းသတ္တိအပြည့်ဖြင့် ကယ်တင်ခဲ့သူဖြစ်သည်။

၂။ စိတ်ဝင်စားဖွယ်အမှုများ။
အဘိဂဲလ၏ဖြစ်စဉ်မှာ စိတ်ဝင်စားစရာလွန်စွာကောင်းလှသည်။ ထိုအထဲမှတစ်ခုဆိုရလျင် နာဗလသည် သွင်ပြင်ထူးခြား၍၊ အများနှင့်မတူသောသူတစ်ဦးဖြစ်ပြီး လူ့ကန့်လန့်ဟူ၍ဆိုရပါမည်။ အထူးသဖြင့် ဒါဝိဒ်မှ နေဖို့၊ စားဖို့အကူအညီတောင်းသောအခါ လုံးဝမပေးခဲ့ပါ။ 
 
အထူးသဖြင့် ဒါဝိဒ်သည် သူ့သိုးနွားနှင့် မိသားစုကိုမည်မျှကာကွယ်စောင့်ရှောက်ပေးထားသည်ကို သိမြင် သည့်တိုင်အောင် သဘောတူ၍အကူအညီမပေးခဲ့သည်သာမက၊ ရှင်ဘုရင်ရှောလုကိုပုန်ကန်သောသူဟူ၍ပင်လျင် အပြစ်တင်စကားဆိုခဲ့သည်။
ဒါဝိဒ်တောင်းဆိုမှု ကျိုးကြောင်းခိုင်လုံမှုမမဲ့ခဲ့သည့်တိုင် နာဗလငြင်းဆိုခဲ့သည်။
 
ဒါဝိဒ်၏လူများက မည်သို့ပင်ဆိုစေ “ဒါဝိဒ်ကဘယ်သူလဲ” မေးခဲ့သည်သာမက “ယေရှဲသားကဘယ်သူလဲ” ဟုဆိုပြီးနောက်တွင် “နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။ ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲ သားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏” (၁ ရာ၊ ၂၅:၁၀-၁၁)။ 
 
၃။ မိသားစုအတွက် ကိုယ်စားပြုရပ်တည်သူ။ 
 
ဒါဝိဒ်သည် ထိုဖြစ်စဉ်ကို ဥပေက္ခာမပြုခဲ့။ ထိုအစား နာဗလအိမ်ရှိလူကုန်ပျက်သုဉ်းစေရမည်ဟူ၍ ကတိသစ္စာပြုခဲ့ သည် (၁ ရာ၊ ၂၅:၂၂)။ ထိုသို့ဖြင့်လူလေးရာနှင့်အတူသွားရန် ဓါးကိုပင်လျင် အသင့်ပြင်ဆင်ထားခဲ့သည်။ 
 
ထိုဖြစ်စဉ်ကို အဘိဂဲလကြားသိသောအခါ ဒါဝိဒ်ကိုလမ်းခရီး၌ ခရီးဦးကြိုပြုလျက် စားသောက်စရာများနှင့် ရိက္ခာ များကိုပြင်ဆင်ပေးခဲ့သည်။ ထို့နောက် ဒါဝိဒ်ရှေ့တွင်ပြပ်ဝပ်လျက် ခင်ပွန်းသည်နှင့် မိသားစုကိုချမ်းသာပေးရန်တောင်းပန်မှု ပြုခဲ့သည်။ “ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ” (၁ ရာ၊ ၂၅:၂၄)။ 
 
အဘိဂဲလစကားတွင် ခင်ပွန်းဖြစ်သူကို ကောင်းစွာတတ်သိနားလည်ပေးသူဖြစ်ကြောင်း သိမြင်နိုင်သည်။ “ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏ အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင် စေလွှတ်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ” (၁ ရာ၊ ၂၅:၂၅)။ 
 
၄။ ကိုယ်စားအပြစ်ခံယူရန်အသင့်ရှိသူ။
 
နာဗလ၏အပြစ်နှင့် အကျိုးဆက်များကို ခံယူရန်အသင့်ရှိကြောင်းဆိုခဲ့သည်။ ထို့ကြောင့်လည်း ဒါဝိဒ်သည် သူ၏ ဖြောင့်မတ်ခြင်းကိုလက်ခံပြီး ခွင့်လွတ်ပေးခဲ့သည်။ အထူးသဖြင့် မိသားစုအတွက် အသက်ကိုမငဲ့ကွက်ပဲ ရပ်တည်ပေးသော အဘိဂဲလကိုရှုထောင့်နှစ်မျိုးဖြင့်မြင်နိုင်ပါသည်။
 
(၁) ခင်ပွန်းအတွက် ကိုယ်စားတောင်းပန်မှုပြုခြင်း။
 
(၂) အမျက်ဖြင့်လာသူကို ဖျောင်းဖြခြင်း။
 
ထိုနှစ်ရပ်လုံးကို အဘိဂဲလကောင်းစွာပြုနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ကျမ်းပညာရှင်များက အဘိဂဲလသည် ခရစ်တော်နည်းတူ ကျွန်ုပ်တို့အပြစ်သားများ ကိုယ်စားဘုရားသခင့်ရှေ့တော်တွင် ရပ်တည်ပေးသူဖြစ်ပြီး၊ ဘုရားသခင်ကိုယ် စားမေတ္တာတော် ကိုယူဆောင်လာပေးသူဟူ၍ဆိုကြသည် (ဟေဗြဲ၊ ၇:၂၅)။ 
 
၅။ အားလုံးကို ကောင်းစေလိုသူ။
 
အဘိဂဲလသည် ထိုအမင်္ဂလာနေ့ကိုတားဆီးနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဒါဝိဒ်သည် သူ၏မိုက်မဲမှု အတွက်နောင်တ ရပြီး ထိုသို့အမှားကိုမကျူးလွန်စေဖို့ငှါ တားဆီးပေးခဲ့သော အဘိဂဲလကိုကျေးဇူးတင်ခဲ့သည် (၁ ရာ၊ ၂၅:၃၂-၂၄)။ 
 
ထို့ကြောင့်လည်း ဒါဝိဒ်သည် အဘိဂဲလအား ဘုရားသခင်ပို့ဆောင်ပေးသည့် မေတ္တာလက်ဆောင်အဖြစ် မြင်တွေ့ခဲ့ သည်။ “သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာ သွားလော့။ သင်၏ စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏” (၁ ရာ၊ ၂၅:၃၅)။ 
 
၆။ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း။
 
နာဗလသည် သူ့လုပ်ရပ်အမှားများနှင့် ကျရောက်လတံ့သော အန္တရယ်များကိုမသိနိုင်လောက်အောင် သေရည်၊ သောက်စားမူးယစ်လျက်နေခဲ့သည် (၁ ရာ၊ ၂၅:၃၆)။ ထို့ကြောင့်လည်း မူးနေသောခင်ပွန်းကို အဘိဂဲလ ဘာမှမပြောပဲ မနက် မိုးလင်းသည်အထိစောင့်နေခဲ့သည်။
 
မနက်မိုးလင်း၍ ခင်ပွန်းသည်အမူးပြေသောအခါ၌ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။ အထူးသဖြင့် ဒါဝိဒ် သည်သူနှင့် သူ့မိသားစုကိုမည်သို့ပြုရန်လာကြောင်းနှင့် မည်သို့ပြုခဲ့ရကြောင်းဆိုခဲ့သည်။ ထိုအခါ၌ နာဗလသည်တုန်လှုပ်၍ သွားခဲ့သည်။ “ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။ ဆယ်ရက်လောက် လွန်မှထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏” (၁ ရော၊ ၂၅:၃၇-၃၈)။
ဆိုးသွမ်းသော နာဗလသေဆုံးချိန်တွင် အဘိဂဲလအဖို့ ဒါဝိဒ်၏ မိဖုရား (သို့) ဇနီးအဖြစ်သို့ ရောက်ရှိခဲ့သည်။ 
 
“ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊ အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊ အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏” (၁ ရာ၊ ၂၅:၄၀-၄၂)။ 
 
၇။ တည်မြဲသော ဘုရားကတိတော်။ 
 
နှုတ်ကတပ်တော်က မိမိတို့ကိုယ်တိုင်လက်တုန့်ပြန်ခြင်းကိုမပြုပဲ ထိုအမှုတို့အား ဘုရားသခင့်လက်တော်၌သာ ထားရှိရန် မိန့်တော်မူထားပါသည်။ “ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏” (ရောမ၊ ၁၂:၁၉၊ တရား၊ ၃၂:၃၅)။ 
 
ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏

 
ထိုဖြစ်စဉ်ကို အဘိဂဲလ၏ အသက်တာ၌ ကျွန်ုပ်တို့ တိတိကျကျဖြင့်မြင်တွေ့နိုင်ပါသည်။ ဘုရားသခင်သည် နာဗလ အမှုအတွက် ဒါဝိဒ်အား အဘိဂဲလဖြင့် တားဆီးခဲ့ပြီး နာဗလ၏အဆုံးသတ်ကို ဘုရားသခင်အဆုံးသတ်စေခဲ့ပါသည်။ 
 
၈။ နှိုင်းယှဉ်ကြည့်ခြင်း။
 
ဒါဝိဒ်နှင့် နာဗလအသက်တာကို ကျွန်ုပ်တို့ ခရစ်တော်အားဖြင့် မြင်ကွင်းနှစ်ခုကို မြင်တွေ့နိုင်ပါသည်။ 
 
နာဗလသည် သူ့အမှားကို ဝန်မခံသည်သာမက နောင်တလည်းမရခဲ့။ ထို့အတူ ကိုယ်စားအသက်စွန့်၍ သွားရောက် ဖြန်ဖျေပေးခဲ့သော အဘိဂဲလကိုလည်း ကျေးဇူးတင်ရမှန်းမသိခဲ့။ ဒါဝိဒ်မူကား နူးညံ့သောနှလုံးဖြင့် အဘိဂဲလ၏ ကိုယ်စား တောင်းခံမှုကိုခံယူပြီး နောင်တရယူခဲ့သည်။ ထို့နောက် မိမိအစီအစဉ်များကိုစွန့်ပြီး ဘုရားလက်တော်သို့သာ အပ်နှံခဲ့သည်။ အဘိဂဲလကိုလည်းကျေးဇူးတင်စကားဆိုခဲ့သည်။ 
 
“ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း” (၁ ရာ၊ ၂၅:၃၂)။ 
 
နောက်ဆုံး၌ မာနကြီးလျက်ရှိသော နာဗလသည် မိမိအသက်၊ စည်းစိမ်နှင့် အရာအားလုံးကိုစွန့်ခွါပြီး ဤလောကမှ ထွက်ခွါသွားခဲ့ရပါသည်။ အဘိဂဲလမူကား ပညာတရား၊ လှပတင့်တယ်ခြင်းနှင့် မှန်သောလမ်းကိုရွေးချယ်တတ်ခြင်းသာမက အဆုံးသတ်တွင် ဒါဝိဒ်မင်း၏ ဇနီးဖြစ်လာခဲ့ရသည်။ 
 
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ Who was Abigail in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages