​ယေဖသ သမီးကို ယာဇ်​ပူ​ဇော်​ခြင်းမှာ ဘုရားအလို​တော်​လား - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 3, 2021

​ယေဖသ သမီးကို ယာဇ်​ပူ​ဇော်​ခြင်းမှာ ဘုရားအလို​တော်​လား

၁။ မသိ၍မှား​သော သစ္စာကတိ။
 

"ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသား တို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊ အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သော ငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန် ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ.... " (သူကြီး၊ ၁၁း၃၀~၃၁)။
ဣသ​ရေလတို့၏ တရားသူကြီးတစ်​ဦးဖြစ်​​သော ​ယေဖသသည်​ အထက်​ပါ မိုက်​မဲ​သော ကတိသစ္စာဝတ်​ကိုပြုခဲ့​လေသည်​။


အမှန်​ စစ်​တိုက်​ရာမှ ​အောင်​ပွဲဆင်​လျက်​ ပြန်​လာချိန်​တွင်​ ပထမဦးဆုံး ခရီးဦးထွက်​ကြို သူမှာ သူ၏ သမီးဖြစ်​​နေခဲ့သည်​ (သူကြီး၊ ၁၁း၃၄) ။

၂။ ကတိအတိုင်းမည်​သို့ပြုသနည်း။

ထို့​နောက်​ ထားရှိ​သော "ကတိအတိုင်း သမီးဖြစ်​သူကို ယာဇ်​ပူ​ဇော်​ခြင်း" ကိစ္စကို အ​သေးစိတ်​ သမ္မာကျမ်းစာတွင်​ ​ဖော်​ပြထားခြင်းမရှိသည်​ကို မြင်​​တွေ့ရ ပြန်​သည်​။ သို့​သော်​ သူကြီး၊ ၁၁း၃၉ တွင်​~

"အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြု​လေ၏" ဟုဖတ်​ရှုကြရပြန်​သည်​။

သို့​သော်​ သမီးမှာ သူ၏ "အပျိုကညာစစ်​ခြင်း" ကိုသာငို​ကြွေးမြည်​တမ်းနေခဲ့သည်​။

"သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထား သည် အတိုင်း ကျွန်မ၌ ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ။


သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငို​ကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊ အဘက၊ သွားလေ တော့ဟုဆိုလျက် နှစ်လကို ချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဘော်တို့နှင့် တကွ သွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငို​ကြွေးမြည်တမ်းလေ၏" (သူကြီး၊ ၁၁း၃၆~၃၈)ဟု ​တွေ့နိုင်​​ပေသည်​။

၃။ တစ်​ဘဝလုံးပုံအပ်​​ပေးလှူခြင်း (သို့) အသက်​ရှင်​​သောယာဇ်​။

ထိုဖြစ်​စဉ်​ကို ကြည့်ခြင်း​အားဖြင့်​ယေဖသ၏ သမီးသည်​ ယာဇ်​ပူ​ဇော်​မှုအစား တဲ​တော်​တွင်​ အ​စေခံရန်​အတွင်​ ဆက်​ကပ်​​ပေးလှူခဲ့ခြင်းမှာ ပို၍ ဖြစ်​နိုင်​​ခြေများလှ​ပေသည်​။

မည်​သို့ပင်​ဆို​စေ ဘုရားသခင်​သည်​ "လူယာဇ်​ပူ​ဇော်​ခြင်းအား" အတိအလင်းပိတ်​ပင်​ တားမြစ်​ထားသည်​ကို ​တွေ့နိုင်​​သော​ကြောင့် ​ယေဖသသည်​ သမီးဖြစ်​သူကို ယာဇ်​ပူ ​ဇော်​ခြင်း၌ အလို​တော်​ရှိ​တော်​မူလိမ့်မည်​မဟုတ်​။

"ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ် သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ ကို ငါတိုက်တွန်းနှိုး​ဆော်ပေ၏" ( ​ရောမ၊ ၁၂း၁)။

၄။ စံပြု​လေးစားခြင်းခံရသူ။

ဖခင်​၏ ကတိကဝတ်​ကို လိုလားစွာ သမီးဖြစ်​သူမှ ဖြည့်ဆည်း​ပေးခဲ့​လေသည်​။

ထို့အတွက်​ ~

  • နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊
  • အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြု​လေ၏။
  • ထိုမိန်းမသည် ယောကျာ်းနှင့် မဆက်ဆံသော သူဖြစ်၏။


တစ်​ဖန်​ ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသားယေဖသ၏သမီးကြောင့်

  • တနှစ် တနှစ် လျှင် လေးရက်ပတ်လုံး
  • ငို​ကြွေးမြည်တမ်းခြင်းငှါ သွားရသော
  • ဣသရေလ ထုံးစံဓလေ့ ဖြစ်လေ၏" (သူကြီး၊ ၁၁း၃၉~၄၀) ဟု​ဖော်​ပြထား​လေသည်​။


၅။ တားမြစ်​ထား​သောလူသားယာဇ်​ပူ​ဇော်​ခြင်း။

လူဖြင့်ယာဇ်​ပူ​ဇော်​မှုကို ဘုရားသခင်​သည်​ ​မော​ရှေအားဖြင့် ကနဦးကတည်းကပင်​ တားမြစ်​​တော်​မူခဲ့ပြီးဖြစ်​သည်​။

"တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊- ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။ ငါ့သန့် ရှင်းရာဌာနတော်ကို ညစ်ညူး​စေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည် သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊- ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူ အိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၄င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ ၌ မှားယွင်းသောသူကို၄င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်" (ဝတ်​၊ ၂ဝး၁~၅)။

၆။ အတိအလင်းတားမြစ်​ထားခြင်း။

ထိုမျှမက အထက်​ပါ လုပ်​​ဆောင်​မှုများကို ဘုရားသခင်​ ရွံရှာ​တော်​မူ​ကြောင်း ​ယေရမိ၊ ရး၃၁၊ ၁၉း၅ နှင့် ၃၂း၃ တို့တွင်​ ​အောက်​ပါအတိုင်​း မြင်​​တွေ့နိုင်​ပါသည်​။

"ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ"

"ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြ ပြီ"

"သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်း ငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏"

၇။ အတုယူ စံပြုရမည့်အ​ရေးကြီးမှု။

အထက်​​ဖော်​ပြပါ ကျမ်းစကားများကို ကြည့်ခြင်းအားဖြင့်ဘုရားသခင်​သည်​ "လူသားယာဇ်​ပူ​ဇော်​မှုလိုလားခြင်​းရှိ​တော်​မမူ" ​ကြောင်း မြင်​​တွေ့နိုင်​ပါသည်​။ ထို့​ကြောင့်ဘုရားသခင့်အလို​တော်​ကို မိမိအလိုနှင့်ပေါင်းလိုက်​​သော ​ယေဖသလို မှားယွင်းသော "ကတိသစ္စာ" သို့မဟုတ်​ "ကတိကဝတ်​" များကို မိုက်​မဲစွာ မပြုမူကြရန်​ သမ္မာကျမ်းစာမှ​ပေး​သော သင်​ခန်းစာအဖြစ်​ နှလုံးသွင်းကြရန်​သာဖြစ်​သည်​။

 

ထို့​ကြောင့်ဘုရားသခင့်အလို​တော်​ကို မိမိအလိုနှင့်ပေါင်းလိုက်​​သော ​ယေဖသလို မှားယွင်းသော "ကတိသစ္စာ" သို့မဟုတ်​ "ကတိကဝတ်​" များကို မိုက်​မဲစွာ မပြုမူကြရန်​


"ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း" (၁ ​ကော၊ ၁ဝး၁၁)။



နာမ​တော်​မြတ်​၌


ဆယ်​မြူရယ်​စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages