"ကာမ"နှင့်စပ်ဆိုင်၍ ကျမ်းစာကမည်သို့ဆိုသနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Friday, November 19, 2021

"ကာမ"နှင့်စပ်ဆိုင်၍ ကျမ်းစာကမည်သို့ဆိုသနည်း


၁။
"ကာမ"ဟူသော စကားလုံး ဖွင့်ဆိုမှု။

"ကာမ" ဟူသောစကားလုံးသည် ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့တွင် အသုံးပြုများသောစကားလုံးဖြစ်သည်။ ထိုကာမ နှင့်စပ်ဆိုင်သော ဖြစ်တည်မှုကြောင့် သင့်နောင် ဘဝကို မည်သို့ဖြစ်စေမည်၊ မည်သို့သောဘဝကိုရရှိစေမည် စသဖြင့် အဆုံးအဖြတ်ကိုပေးကြသည်။

 ကာမဆိုတာအဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့တို့ကိုကာမဟုခေါ်ပါသည်ကာမရဲ့အရည်အချင်းကိုကာမဂုဏ်လို့ခေါ်ကြပါသည်။

သင်သည် ကြင်နာသနားတတ်သူ၊ စာနာတတ်သူဖြစ်လျင် တမလွန်ဘဝ တွင် ကောင်းရာမွန်ရာဘဝကို ရရှိမည်ဖြစ်ပြီး၊ အကယ်၍ ဆိုးသွမ်းကြမ်းတမ်းသူဖြစ်လျင် နှစ်သက်ဖွယ်မရှိသော ဘဝကို ကူးပြောင်းသွားရမည်ဟု ဆိုကြသည်။

တနည်းဆိုရလျင်လက်ရှိ "သင့်စိုက်ပျိုးမှုအတိုင်းနောင်ဘဝတွင်ပြန်လည်ရိတ်သိမ်းရမည်" ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကာမဟူသော အကျိုးဆက်နှင့် အကြောင်း တရားအား "သံသရာ" ကိုအခြေပြုထားသောဘာသာရေး အဆုံးအမတစ်ခုဟုဆိုရပေမည်။

နှုတ်ကပတ်တော်တွင် "သံသရာ" ဟူသောအရာကို လုံးဝငြင်းပယ်ထားသောကြောင့် ထို"ကာမ" ကိုအခြေခံသော နောင်ဘဝဘဝဟူသောအရာ ကိုလုံးဝ လက်ခံခြင်း၊ ထောက်ပံ့ခြင်းလုံးဝမပြုထားပါ။

 

၂။ ရခဲ မွန်မြတ်လှသော လူ့ဘဝ။

နှုတ်ကပတ်တော်တွင် "လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရ၏" (ဟေဗြဲ၊ ၉း၂၇) ဟုဆိုထားသည်။

နှုတ်ကပတ်တော်က ရှင်းလင်းသောဖြစ်စဉ်နှစ်ခုကို ချပြထားပါသည်။ ခရစ်ယာန်များအနေဖြင့် "သံသရာ" နှင့် "ကာမ" ဟူသောအကြောင်းတရားကို လုံးဝငြင်းပယ် ထားသည်။  ၄င်းတို့ကို ရှင်းလင်းစေရန်မှာ...

()  လူသည်တစ်ခါသာသေရမည်။

ဆိုလိုသည်မှာ လူသည် တစ်ကြိမ်သာသေခြင်းတရားကို ရင်တိုင်ကြရမည်ဖြစ်ပြီး၊ သေပြီးနောက်တွင် ဟိုဘဝသို့ ရောက်ရခြင်း၊ သည်ဘဝသို့ရောက်ရှိရခြင်းစသော အဆုံးမသတ်နိုင်သည့် သံသရာဖြစ်စဉ်ကို မသွန်သင်ပါ။

() ထို့နောက် တရားစီရင်ခြင်းရှိမည်။

လက်ရှိဘဝမှ အသက်ဆီမီးစာကုန်ဆုံးသွားသည်နှင့် ကျွန်ုပ်တို့သည် ရားစီရင်ခြင်းကို မလွဲမသွေကြုံဆုံကြရပေ မည်။ ထိုသို့ဆိုခြင်းဖြင့် ဒုတိယဟူသော အခွင့်အရေးလုံးမရှိ၊ နောင်ဘဝတွင် လွတ်မြောက်ရာလမ်းကို ကြိုးစားမည်၊ ဟိုဘဝတွင် ကယ်တင်ခြင်းကိုလက်ခံယူမည်ဟူသော အခွင့်အလမ်းများပြုရန် မရှိတော့။

"ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာ နေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏" ( ကော၊ ၆း၂)ဆိုသည့်အတိုင်း ရရှိထားသော လက်ရှိဘဝသည် အမြတ်ဆုံးသော ဘဝသာ ဖြစ်သည်။

 

၃။ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း နိယာမ။

 နှုတ်ကပတ်တော်က စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းအကြောင်းကို ပြောဆို ထားပါသည်။ 

"ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့ နှင့်အညီ စပါးရိတ်တတ်ကြ၏" (ယောဘ၊ ၄း၈)

"မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်"(ဆာ၊ ၁၂၆း၅)

"ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါး ကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့ သည် အလွန်မြတ်သည်မဟုတ်လော" (လု၊ ၁၂း၂၄)

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းဟူသည် ယခုဘဝတွင် ရိတ်သိမ်းခံစားရခြင်း သာဖြစ်ပြီး၊ နောင်လာမည့် ဘဝ ဘဝများစွာတွင် ခံစားရမည်၊ စံစားရမည်ဟု သွန်သင်နေခြင်းမဟုတ်ရပါပေ။

လက်ရှိ သင့်အသက်တာတွင် လုပ်ဆောင်နေသောအရာများသည် စိုက်ပျိုးနေခြင်းဖြစ်ပြီ၊ လက်ရှိဘဝမှာပင် သင်ရိတ် သိမ်းရပါလိမ့်မည်။

ရှင်းလင်းစွာဆိုရလျင် လက်ရှိဘဝတွက် သင့်စိုက်ပျိုးနေမှုများက အစက်ဆီမီးစာကုန်ဆုံးပြီး နောက်ဘဝတွင် "ဆုလာဘ်" နှင့် "အပြစ်ဒဏ်" အဖြစ် ခံယူရန်သာ ရှိပေသည်။

 

၄။ သင်္ချိုင်းသည် လမ်းဆုံးမဟုတ်။

အသက်ဆီမီးစာချုပ်ငြိမ်းသွားပြီးနောက်တွင် အခြားအခြားသောဘဝဖြင့် ဤလောကသို့ သင်ပြန်လာစရာအကြောင်း မရှိတော့။

 သွားရမည့်လမ်းနှစ်ခုမှာ....

  •  ထာဝရ အို၊ နာ၊ သေခြင်းကင်းရာ သုဂတိဘုံဌာနနှင့်
  • ထာဝရ အို၊ နာ၊ ဘေးရှိရာ ဒုဂတိဘုံဌာနသာဖြစ်သည် (မ၊ ၂၅း၄၆)
ယခုဘဝဖြစ်စဉ်သာ ကျွန်ုပ်တို့အဖို့ မွန်မြတ်လှပြီး၊ အကျိုးရှိစွာအသက်ရှင်ဖို့ အရေးကြီးလှပါသည်။ ထို့အတွက်ရှင်ပေါလုက "မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံ ကို ရိတ်ရလိမ့်မည်။ ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည် ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်" (ဂလာ၊ ၆း၈-)ဟုဆိုခဲ့သည်။

 

၅။ ဘုရားဖက်လျက် အသက်ရှင်ခြင်း။

အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်း ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ မောဟဖြင့်သာမက ဗီဇအပြစ်တည်းဟူသော အမြစ်စွဲလျက်ရှိသော လောကီသားများအဖို့ သေခြင်းသည် မလွဲမသွေကြုံဆုံကြရပေမည်။

ခရစ်တော်၏ ကိုယ်စားယတြာသည် ကျွန်ုပ်တို့၏ ယခုဘဝ နောင်ဘဝတည်းဟူသော နှစ်သွယ်သောဘဝအတွက် ကယ်ချွတ်ရာအမှုကိုပြုပေးခဲ့ပြီး ဖြစ်သည်။

"ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက် ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက် ကာလရှိ၏" ( ကော၊ ၆း၂)

ထိုဘုရားကိုဖက်ယမ်းပြီးလျင် အို၊ နာ၊ သေခြင်းကင်းသော နန်းအမတကို အရယူနိုင်ပါပြီ။ "ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ"(ဧဖက်၊ ၂း၈-) ကယ်တင်ခြင်းဟူသည် ဘုရားသခင်ပြုသော မဟာကျေးဇူး တရားလမ်းစဉ်သာဖြစ်ပေသည်။

အချုပ်ဆိုရသော် "ကာမ" ဟူသောအကြောင်းတရားနှင့် "သံသရာ" ဟူသောအကြောင်းတရားသည် နှုတ်ကပတ် တော်မှ သွန်သင်သော လူ့ဘဝ၊ သေခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့နှင့် လုံးဝဆက်နွယ်မှုမပြုနိုင်သော အမြင်၊ ခံယူကျင့်သုံးမှု၊ သြဝါဒတို့ဖြစ်ကြောင်း ရှင်းလင်းကွဲပြားစွာ နားလည်သဘောပေါက်ပြီဟုဆိုရပေမည်ဟု ယုံကြည် လျက်...

 

နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

မှတ်ချက်။ What does the Bible say about karma? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages