ငါဖြစ်သည့်အတိုင်းငါဖြစ်သည် ဆိုခြင်းမှာ မည်သို့နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 17, 2021

ငါဖြစ်သည့်အတိုင်းငါဖြစ်သည် ဆိုခြင်းမှာ မည်သို့နည်း


၁။ အမေးများကို ဖြေကြားတော်မူခြင်း။

ဖာရိရှဲများက ခရစ်တော်ကို "ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ။ ပရော ဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့သောသူ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ၏" (ယော၊ ၈:၅၃) ဟုမေးမြန်းကြသောအခါတွင် ခရစ်တော်ဘုရားက " သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့် အချိန်ကာ လကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော် မူ၏" (ယော၊ ၈:၅၆) ဟုမိန့်တော်မူခဲ့ပါသည်။

ထိုအခါ ဖာရိရှဲတို့သည် လွန်စွာဒေါသထွက်လျက် မေးမြန်းပြန်သောအခါတွင်လည်း "ယုဒလူတို့ကလည်း၊ သင်၏ အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ၏။ ယေရှုက လည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ် ခြင်းငှါကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ရှောက် သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏" (ယော၊ ၈:၅၇-၅၉)။

၂။ မိန့်တော်မူခြင်းကို ကောင်းစွာနားလည်ကြခြင်း။

"ငါဖြစ်သည့်အတိုင်း ငါဖြစ်သည်" ဆိုသောစကားမှာ ဘုရားသာလျင်ရှိသော "သယမ္ဘူရှင်" ဖြစ်ကြောင်းညွန်းဆို ကြောင်းကို ဣသရေလလူတို့သည် ကောင်းစွာနားလည်သဘောပေါက်ကြသည်။ ထို့အတွက် ခရစ်တော်ဘုရားမှ "ငါသည် အလိုလိုဖြစ်တည်သောဘုရား" ဟုလိုက်ခြင်းဖြင့် လူ့ဇာတိခံယူခြင်းကို ပြဆိုတော်မူသည့်နည်းတူ မိမိအဖြစ်တော်မှာ ဘုရားစင်စစ်ဖြစ်ကြောင်းကို ပြဆိုလိုက်ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့်လည်း " ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏" (ထွက်၊ ၃:၁၄) ဆိုသော မောရှေ ပညတ္တိကျမ်းကို သိနားလည်သော ဖာရိရှဲတို့သည် ခရစ်တော်ကို မနာလိုမရှုစိမ့်ဖြစ်လျက် မကောင်းသောအကြံအ စည်များကိုပြုလျက် အမြဲလိုရှိနေကြခြင်းလည်းဖြစ်ပါသည်။

၃။ အာဗြဟံမဖြစ်မှီ တည်ရှိသောဘုရား။

အကယ်၍ ခရစ်တော်ဘုရားက အာဗြဟံမဖြစ်မှီတည်ရှိမှုကို သာမန်ပြဆိုမည်ဆိုပါက "အာဗြဟံမဖြစ်မှီ ငါရှိခဲ့ သည်" ဟု "Before Abraham, I was" ဟုသာဆိုပါလိမ့်မည်။ သို့သော်လည်း ဂရိလိုပြန်ကြည့်သောအခါ၌ "အာဗြဟံမဖြစ်မှီ ငါဖြစ် သည်" ဟုဆိုရာ၌ "Before Abraham, I am" ဟူသောဖြစ်တည်နေမှု ပစ္စုပ္ပန်ကိုသာဆိုပြီး၊ အာဗြဟံအား ဖြစ်တည်စေသောဘုရားဖြစ်တော်မူပြီး၊ ကိုယ်တော်တိုင်းကား ထာဝရတည်ရှိတည်နေတော်မူသော ဘုရားအဖြစ်ကို မိန့်တော်မူနေခြင်းဖြစ်ပါသည် (ယော၊ ၁:၁)။

ထို့အတွက်ကြောင့်လည်း ခရစ်တော်၏ စကားတော်ကို ကောင်းစွာနားလည်သဘောပေါက်သော ဣသရေလလူ ဖာရိရှဲတို့က ခရစ်တော်အား ဘုရားသခင်နှင့် မိမိကိုယ်ကိုမိမိတန်းတူဆိုသောကြောင့် " ထိုအခါ ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ ရှောက် သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏" (ယော၊ ၈:၅၉)ဟူ၍ တွေ့မြင်ကြရခြင်းဖြစ်ပါသည်။

အကယ်၍ မဟုတ်မမှန် ထိုသို့ပြောဆိုပါလျင် ပညတ္တိကျမ်းစကားအရ ဘုရားကိုလွန်ကျူးသောသူ၊ ဘုရားကို စော်ကားသောသူအဖြစ်သတ်မှတ်ကြပြီး ခဲနှင့်ထုသတ်ကြမည်သာဖြစ်ပေသည် (ဝတ်ပြု၊ ၂၄:၁၁-၁၄)။ သို့သော် ခရစ်တော်သည် ဘုရားကို လွန်ကျူးပြောသူမဟုတ် ဧကန်စင်စစ်ဘုရားဖြစ်တော်မူပြီး၊ သုံးပါးတစ်ဆူတွင် ဒုတိယ ပုဂ္ဂိုလ်ဖြစ်သော သားတော်ဘုရားဖြစ်သောကြောင့် အမှန်ကိုပြောဆိုမိန့်ဆိုတော်မူခဲ့ခြင်းလည်းဖြစ်ပါသည်။

၄။ ခရစ်တော် မိန့်တော်မူသော အခြားအဖြစ်တော်များ။

ခရစ်တော်ဘုရားက သူ၏အဖြစ်တော်ကို မိန့်ဆိုတော်မူရာတွင် အခြားသော "အဖြစ်တော် ခုနှစ်မျိုး" မှာလည်း ထင်ရှားပါသည်။ ထိုအဖြစ်တော်တို့သည် ပုံဆောင်ချက်များနှင့်အတူ လူသားတို့အတွက် ထာဝရအစဉ်တည်ရှိနေ မှုနှင့်အတူ လူတို့၏ အမှီအတွယ်၊ အားကိုးအားထားပြုရာ၊ ကိုးကွယ်ရာဖြစ်ကြောင်းတို့ကို အောက်ပါအတိုင်းမြင် တွေ့နိုင်ပါသည်။ ၎င်းတို့မှာ....

  • (၁) အသက်မုန့်ဖြစ်တော်မူခြင်း (ယော၊ ၆:၃၅၊ ၁၊ ၄၈၊ ၅၁)။

  • (၂) လောကအလင်းဖြစ်တော်မူခြင်း (ယော၊ ၈:၁၂)။

  • (၃) လူသားတို့အတွက် အသက်တံခါးဖြစ်တော်မူခြင်း (ယော၊ ၁၀:၇၊ ၉)။

  • (၄) ကောင်းသောသိုးထိန်းဖြစ်တော်မူခြင်း (ယော၊ ၁၀:၁၁၊ ၁၄)။

  • (၅) ရှင်ပြန်ထမြောက်သောအရှင်ဖြစ်တော်မူခြင်း (ယော၊ ၁၁:၂၅)။

  • (၆) အသက်လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်တော်မူခြင်း (ယော၊ ၁၄:၆)။

  • (၇) မှန်သောပင်စည်ဖြစ်တော်မူခြင်း (ယော၊ ၁၅ ၁၊ ၅) ဟူ၍အစရှိသဖြင့် မြင်တွေ့နိုင်ပါသည်။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What did Jesus mean when He said 'I AM'? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages