နောမိသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, November 8, 2021

နောမိသည် မည်သူနည်း

 ၁။ သမိုင်းကြောင်းလေ့လာခြင်း။

နောမိအကြောင်းအရာကို ရုသဝတ္ထုတွင်ဖေါ်ပြထားသည်ကိုတွေ့ရသည်။ နောမိသည် တရားသူကြီး ခေတ်၌အသက်ရှင်ခဲ့သူဖြစ်သည်။ သူ့ခင်ပွန်းအား ဧလိမလက်ဟူ၍ဖေါ်ပြထားပြီး၊ မဟာလုန်နှင့် ခိလျုန်ဟူသော သားနှစ်ဦးနှင့်အတူ ဗက်လင်မြို့တွင်နေထိုင်သူများဖြစ်ကြသည်။ နောမိ၏ အသက်တာသည် ခါးသည်းသောအရာ များကိုချိုမြိန်သောအရာအဖြစ် ပြောင်းလဲစေနိုင်သော ဘုရားသခင့်တန်ခိုးတော်ကို ကိုယ်စားပြုလျက်ရှိ ကြသည်။ 
 
၂။ တိုင်းပြည်ဘေးဆိုက်ရောက်လာခြင်း။
 
အစာခေါင်းပါးမှုသည် ယုဒနယ်သို့ရောက်ရှိလာခဲ့သည်။ နောမိသည်ခင်ပွန်းသည်နှင့်အတူ သားနှစ်ဦး အပါအဝင် မိသားစုလိုက် မောဘပြည်သို့ “ရေကြည်ရာမြက်နုရာရှာ” ဖို့ထွက်လာခဲ့ကြသည် (ရု၊ ၁:၁)။ 
 
ထိုအရပ်၌ပင်လျင် သားနှစ်ဦးတို့သည် မောဘအမျိုးသမီးများဖြင့် ထိမ်းမြားခဲ့ကြသည်။ ထိုသို့ဖြင့် ဆယ်စု နှစ်ကြာခဲ့ပြီးချိန်၌ ခင်ပွန်းဖြစ်သူ ဧလိမလက်ဆုံးပါးသွားခဲ့သလို၊ သားနှစ်ဦးလည်းဆုံးပါးခဲ့ပြီး ချွေးမနှစ်ဦးနှင့်အတူ မုဆိုးမစုဝေးရာ အိမ်အသွင်သို့ပြောင်းသွားခဲ့သည် (ရု၊ ၁:၃-၅)။ 
 
၃။ ကတိတော်ကိုမြော်လင့်သူ။
 
ဘုရားသခင်သည် ယုဒပြည်၌ပြန်လည်ကြည့်ရှုနေတော်မူပြီးဖြစ်ကြောင်း သတင်းစကားကို ကြားသော အခါ (ရု၊ ၁:၆)၊ မိမိနေရပ်သို့ပြန်သွားရန်ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ချွေးမတစ်ဦးဖြစ်သော ဩရပမှာ မောဘပြည်၌ နေရစ်ခဲ့သော်လည်း ရုသအမည်ရှိသော ချွေးမသည် သူနှင့်အတူလိုက်ပါလာရန် ဆုံးဖြတ်ခဲ့သည်။
ရုသဝတ္ထုသည် နောမိနှင့် အိမ်ပြန်ခရီးအကြောင်းကိုရေးသားထားခြင်းဖြစ်ပြီး၊ ထိုမှ ချွေးမဖြစ်သူအား ဗောဇနှင့်ထိမ်းမြားရာမှ သားဩဗက်ကိုဖွားမြင်ပြီး၊ ထိုမှယေရှုခရစ်ဆွေတော်မျိုးတော်စဉ်အကြောင်းများကိုရေး သားမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ 
 
၄။ နောမိ၏ စရိုက်လက္ခဏာ။
 
မြန်မာစကားတွင် “ပညတ်သွားရာ ဓါတ်သက်ပါ” ဟူသောစကားအတိုင်း နောမိဟူသော အမည်မှာ “ချိုမြန်ခြင်း” ဟူ၍အဓိပ္ပါယ်ရပါသည်။
နောမိသည် ချွေးမနှစ်ဦးအား အားပေးစကားနှင့်အတူ ကောင်းကြီးပေးခြင်းများဖြင့် နေရပ်မိဘများထံသို့ ပြန်သွားရန်နှင့် တစ်အိုးတစ်အိမ်ထူထောင်၍ သာယာသောအနာဂါတ်ကိုတည်ဆောက်ရန်ပြောဆို၍ အနမ်းဖြင့် နှုတ်ဆက်မှုကိုပြုသည် (ရု၊ ၁:၈-၁၄)။ 
 
၅။ လောကဓံကို ခံရပ်နိုင်သူ။
 
ထိုသို့နှုတ်အချိုသာဆုံးဖြင့် တစ်ပါးသူကိုကောင်းကျိုးများပြုနေသည့်တိုင် နောမိ၏ နာကျင်ကြေကွဲမှုမှာ ခံနိုင်ရည်ထက်ပိုနေခဲ့သည်။ ထိုအကြောင်းကို ချွေးမဖြစ်သူနှင့် ဗက်လင်သို့ရောက်သောအခါတွင် အောက်ပါတိုင်း ရင်ဖွင့်ထားပါသည်။
 
“သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသော အရာကိုပေးတော်မူပြီ။ ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကိုပို့ပြန်တော်မူပြီ။ 
ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေ တော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏” (ရု၊ ၁:၂၀-၂၁)။ 
 
၆။ တစ်ပါးသူအား အပြစ်ပုံမချတတ်သူ။
 
ဘဝတွင်ကြုံဆုံရသော လောကဓံတို့သည် လွန်စွါခါးသည်းလှသည်။ သို့သော်လည်း ထိုအရာတို့သည် ခင်ပွန်းသည်မကောင်း၍၊ စီးပွားပျက်၍၊ ဘုရားသခင်မှ မချစ်နှစ်သက်၍ စသောစွဲချက်မျိုးဖြင့် ညည်းတွားခဲ့ခြင်း မရှိ။ အားလုံးအထက်တွင် ဘုရားသခင်အခွင့်ပေး၍သာ ကြုံတွေ့ရသည်ကို နောမိနားလည်ခံယူထားသည်။ 
 
ထို့ကြောင့် သူခံစားသိရှိထားသည့်အတိုင်း ထိုခါးသည်းမှုများထဲမှပင်လျင် ဘုရားသခင်သည် သူ့အား ချို မြန်သောဘဝကိုပေးမည့်အကြောင်းကောင်းစွာယုံကြည်မြော်လင့်ထားခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ကိုယ်၌ သာဒုက္ခကြုံနေရသည့်တိုင် ချွေးမဖြစ်သူအတွက် အကောင်းဆုံးကို စီစဉ်ပေးသူဖြစ်နေပါသည်။
 
၇။ ယုံကြည်လျက် အစဉ်ကောင်းကျိုးပြုသူ။
 
နောမိသည် မိမိချွေးမဖြစ်သူအား သမ္မာတရားနှင့်အညီ လမ်းပြလျက်၊ ညွန်ကြားမှုများပြုလုပ်ပေးခဲ့ပြီး၊ ချွေးမဖြစ်သူမှာလည်း လယ်ယာပိုင်ရင် ဗောဇနှင့်ဆုံဆည်းခွင့်ရစေခဲ့သည်။ 
 
အထူးသဖြင့် မိမိခင်ပွန်းအားဖြင့် ရပိုင်ခွင့်ရှိသောအရိုက်အရာနှင့် ရိုးရာဓလေ့ကို နှံ့စပ်သူဖြစ်၍ ချွေးမအဖို့ အားကျိုးမာန်တက်ဆောင်ရွက်ပေးခဲ့ပါသည်။
သားသမီးများပင်လျင် အိမ်ထောင်ကျသွားကြရင် မိဘအများစုသည် ခံစားရသောအခွင့်အလမ်းများနည်း ပါးသွားတတ်ကြပါသည်။ ချွေးမဆိုလျင် မည်သို့မျှမြော်လင့်စရာမနိုင်ပါ။ သို့သော်လည်း နောမိသည် ထိုသို့သော မိမိအကျိုးထက် ချွေးမအဖို့ “ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော် မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက် ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏” (ရု၊ ၂:၂၀)။
 
၈။ ဘုရားကျေးဇူးတော်ကို ရေတွက်သူ။
 
အထက်တွင် “အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ်ပြုတော်မူသောထာဝရဘုရား” ဟူ၍ ဝန်ခံပြီး ချီးမွမ်းတတ်သောအသက်တာကို နောမိ၌တွေ့ရပါသည်။ ဘုရားသခင်ပြုတော်မူသောအမှုကို ထိုသို့ ရေတွက်မှုပြုတတ်ခြင်းကြောင့် နောမိအဖို့ အားဖြစ်စေသည်သာမက ချွေးမဖြစ်သူကိုလည်း အစဉ်အလာအတိုင်း ပြုမူဆောင်ရွက်ရန် တိုက်တွန်းလျက်တောင်းဆိုခဲ့သည်။ 
 
“တဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော” (ရု၊ ၃:၁) ဟူ၍စကားဆိုခဲ့သည်မှာ ဘုရားပေးထားသော နည်းဥပဒေသများကိုမည်မျှကိုးစားသက်ဝင်နေ ကြောင်းမြင်တွေ့ရသည်။ 
 
ထို့ကြောင့်လည်း ချွေးမဖြစ်သူကို သေချာသင်ပေးထား၍ ဗောဇနှင့် ရုသတို့ထိပ်တိုက်တွေ့ရသောအခါ ရုသပြောစကားက သက်သေထူလျက်ရှိပါသည်။ “သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော် ၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သောကြောင့်၊ ကိုယ်တော်၏ ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့” (ရု၊ ၃:၉) ဟုဆိုခဲ့ပါသည်။ 
 
နောမိသည် ဘဝအစကနေအဆုံးထိတိုင်ကြည့်လျင် ခင်ပွန်းဖြစ်သူနှင့် 
တိုင်းတစ်ပါးတွင်ဘဝက ခက်ခဲ ကြမ်းတမ်းနေစေတော့ 
ပတ်ဝန်းကျင်၌ထားရှိသောစိတ်ထားနှင့် 
ဘုရားသခင်အပေါ်ထားရှိသောယုံကြည်မှုများက ယိမ်းယိုင်မသွားခဲ့။
 
ထိုအခါ ဗောဇပြောသောစကားကို ပြန်ကြည့်လျင် နောမိနှင့် ရုသတို့၏ အပြုအမူ၊ အသက်တာနှင့် စာရိတ္တ များကစံဖြစ်နေသည်ကို အထူးပြောစရာမလိုတော့လောက်အောင် အောက်ပါအတိုင်းတွေ့ရပါသည်။ “သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။ မစိုးရိမ်နှင့် ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့ လုံးသိ၏” (ရု၊ ၃:၁၀-၁၁) ဆိုထားရာ၌ “သီလနှင့်ပြည့်စုံခြင်း” နှင့်အတူ “တစ်မြို့လုံးဂုဏ်သတင်းထင်ရှားသူ” အဖြစ် အတိအလင်းတွေ့ရပါသည်။
 
၉။ ဘုရားပြုသောအမှုများ။
 
နောမိသည် ဘဝအစကနေအဆုံးထိတိုင်ကြည့်လျင် ခင်ပွန်းဖြစ်သူနှင့် တိုင်းတစ်ပါးတွင်ဘဝက ခက်ခဲ ကြမ်းတမ်းနေစေတော့ ပတ်ဝန်းကျင်၌ထားရှိသောစိတ်ထားနှင့် ဘုရားသခင်အပေါ်ထားရှိသောယုံကြည်မှုများက ယိမ်းယိုင်မသွားခဲ့။
 
ထို့ကြောင့်လည်း ခါးသည်းမှုကိုကြုံတွေ့နေရသည့်တိုင် ဘုရားသခင်မှ အချိန်တန်သောအခါ “ချိုမြိန်ခြင်း” ဟူသောဘဝကိုပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆုံး၌ မုဆိုးမဘဝ၊ တစ်ကောင်ကြွက်ဘဝဖြစ်နေလင့်ကစား ဘုရားသခင်ကျေးဇူးပြုသောကြောင့် ချွေး မအားဖြင့်သမက်ကောင်းကိုရရှိခဲ့ပြီး၊ မြေးကိုပင်ပွေ့ဖက်လျက် ချီးမွမ်းခြင်း၊ လူတစ်ကာ၏ကောင်းကြီးပေးခြင်း တို့ကိုခံယူရရှိခဲ့ပါသည်။ “မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ် တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။ သူသည် သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက် ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏” (ရု၊ ၄:၁၄-၁၅)။
ယခု “မမခါး” ဟူ၍ ရင်ဖွင့်ချိန်ကြွေးကြော်ခဲ့သော နောမိသည် ဘုရားသခင်၏ကျေးဇူးပြုမှုကြောင့် "မချို" ဟူသောအမည်ဖြင့် ကောင်းကြီးပေးခြင်းကို ကြွယ်ဝစွာခံစားရသည်မှာ သခင်ယေရှု၏ဘိုးဘွားစာရင်းတွင် အဖွား အဖြစ်မှတ်ကျောက်တင်ခြင်းကိုပင်လျင် ခံယူရရှိခဲ့ပါသည်။ 
 
နာမတော်မြတ်၌
 
ဆယ်မြူရယ်စိုးလွင်
 
မှတ်ချက်။ ။ Who was Naomi in the Bible? အားမြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages