ကေတုရသည် မည်သူနည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, November 9, 2021

ကေတုရသည် မည်သူနည်း

၁။ သမိုင်းနောက်ခံလေ့လာခြင်း။

ကေတုရသည် အာဗြဟံ၏ ဒုတိယမြောက်ဇနီးဖြစ်ပြီး၊ အာဗြဟံ၏ဇနီး

စာရမရှိတော့သည့်နောက် ထိမ်းမြားယူခဲ့ ခြင်းဖြစ်သည် (က၊ ၂၃:၂၊ ၂၅:၁)။ ကေတုရအကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သည် အနည်းငယ်သာသိရှိရသည်။ ထိုအစား ကေတုရသည် အာဗြဟံ၌ မွေးဖွားခဲ့သောသားအမည်များကိုသာလျင် ဖေါ်ပြထားသည်။

 

 ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာနှင့် မြေးများဖြစ်သော “ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒါဧလဓာ တည်းဟူသော ကေတုရ သားမြေးတည်း” (က၊ ၂၅:၁၊ ၁ ချုပ်၊ ၁:၃၃)။


၂။ ပညာရှင်များအကြားအမြင်မတူမှု။
 

ကေတုရနှင့်ပတ်သက်ပြီး ပညာရှင်များအကြားတွင် “ကေတုရသည် အာဗြဟံ၏ ဇနီးလား (သို့) မယားငယ်” လား အစရှိသဖြင့်အငြင်းပွားဖွယ်ရာဖြစ်နေသည်။ ထိုသို့ဖြစ်ရအောင်လည်း နှုတ်ကပတ်တော်၌ နှစ်ခုလုံးကိုအသုံးပြုနိုင်အောင်ဖေါ် ပြထားရှိပါသည်။

 

က၊ ၂၅:၁ တွင် ကေတုရအား “ဇနီး” ဟူ၍ဆိုစရာ “ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက်၍” အဖြစ်ပြဆိုပြီး၊ ၁ ချုပ်၊ ၁:၃၂ တွင် “မယားငယ်” ဟူသောအရာနှင့် တူညီစေသည့် “အာဗြဟံမယား နှောင်းကေတုရ” ဟူ၍တွေ့ ရပြန်သည်။ 

 

ကေတုရသည် အာဗြဟံနှင့်ပေါင်းသင်းရာ၌ 

အငယ်အနှောင်းနှင့်မတူပဲ ဇနီးမယားအဖြစ်ခံစားခွင့် 

များရရှိထားသောကြောင့် “ဇနီး” တစ်ဦးအဖြစ်

မြင်တွေ့ရပါသည်။


၃။ ကေတုရသည် အငယ်အနှောင်းလား။

က၊ ၂၅:၆ ကိုကြည့်လျင် ကေတုရသည် မယားငယ် (သို့) အငယ်အနှောင်းအနေဖြင့်တွေ့ရသည်။ အထူးသဖြင့် အငယ်အနှောင်းတို့ဖြင့် လူတစ်ဦး၏လိင်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးရန် လိုလိုလားလားရှိပြီး၊ သူ့အတွက်သားများကိုမွေးပေး ခြင်းနှင့် အိမ်မှုကိစ္စအတွက်ဖြည့်ဆည်းပေးရခြင်းဖြစ်သည်။

 

ထို့ကြောင့် အာဗြဟံကိုကြည့်လျင် ဟာဂရသည် မယားငယ် (သို့) အနှောင်းအဖြစ်ဖေါ်ပထားပါသည်။ အမျိုးသမီး တစ်ဦးအနေဖြင့် ကျွန်အနေဖြင့် သို့မဟုတ် လုံခြုံမှုဆိုင်ရာအာမခံချက်မရှိပဲနေရသည်။ မယားငယ်သည် ဇနီးတစ်ဦးအနေဖြင့် တစ်တန်းတည်းခံစားခွင့်မရှိပါ။ သို့သော်လည်း ပြည့်တန်ဆာများကဲ့သို့မဟုတ် အခြားလိုအပ်သောခံစားခွင့်၊ ပိုင်ဆိုင်မှုစသည် တို့ကိုတရားဝင်ရရှိထားပါသည်။

 

ထို့ကြောင့်လည်း ကေတုရသည် အာဗြဟံနှင့်ပေါင်းသင်းရာ၌ အငယ်အနှောင်းနှင့်မတူပဲ ဇနီးမယားအဖြစ်ခံစားခွင့် များရရှိထားသောကြောင့် “ဇနီး” တစ်ဦးအဖြစ်မြင်တွေ့ရပါသည်။ သို့သော်လည်း စာရနှင့်ထပ်တူဟူ၍မဆိုနိုင်သောအဆင့်၌ အနည်းငယ်သာ‌ယုတ်လျော့ပါလိမ့်မည်။ 

 

၄။ ဖြစ်နိုင်ခြေဖေါ်ပြခြင်း။

            အချို့က ကေတုရသည် အာဗြဟံနှင့် “အငယ်အနှောင်း” အဖြစ်ရှိခဲ့ပြီး၊ စာရမရှိတော့သည့်နောက် တရားဝင် ဇနီးဟု သတ်မှတ်ခြင်း (သို့) ချီးမြောက်ခြင်းခံရသူဟူ၍လည်းဆိုကြပြန်ပါသည်။ ထိုသို့ဆိုကြခြင်းက ကေတုရ၏ ထမ်းဆောင်သော တာဝန်များအရသတ်မှတ်၍ ဆိုကြခြင်းဖြစ်သည်။

သို့သော်လည်း ကေတုရသည် မယားငယ်အဖြစ်မှနေပြီး တရားဝင်ဇနီးမယားအဖြစ်သို့ ချီးမြောက်ခြင်းခံရသည် ဟူသောကျမ်းကိုးကျမ်းကားဟူ၍ကား မရှိပါ။ အထူးသဖြင့် အာြဗဟံသည် စာရအားပေးသော အခွင့်အရေး၊ လေးမြတ်မှုနှင့် ချစ်ခင်စုံမက်မှုတွင်အတူတူဖြစ်ကြောင်း မြင်တွေ့ရပါသည်။  

စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူး တော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့” (၁ ပေ၊ ၃:၅-၇)။


၅။ ကေတုရမျိုးနွယ်များ။

ကေတုရသားများမှာ “ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာ”တို့ဖြစ်ကြသည် (က၊ ၂၅:၁)။ ထို့အတူ မိဒျန်လူမျိုးတို့သည် ဣသရေလသမိုင်းကြောင်းတွင် အထင်ကရအဖြစ်နှင့် အရေးကြီးသောအစိတ်အပိုင်းအဖြစ်ထင်ရှားစွာ ပါဝင်နေကြောင်းမြင်တွေ့နားလည်ရပါသည်။ 

အထူးသဖြင့် “မိဒျိန် သားကား၊ ဧဖါ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း” (က၊ ၂၅:၄)။ ဣသရေလတို့၏ ခေါင်းဆောင်ကြီးဖြစ်သော မောရှေသည်ပင်လျင် မိဒျန်အမျိုးသမီးနှင့် ထိမ်း မြားလက်ထပ်ခဲ့ပါသည် (ထွက်၊ ၂:၁၅-၂၁)။ 

ကေတုရသားသမီးများအားလုံးသည် အာဗြဟံထံမှ ထိုက်သင့်သောအမွေများကို ဆက်ခံရရှိခဲ့ကြသည်။ “အာဗြဟံ သည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏။ မယားငယ်တို့၌ ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ် များကိုဝေပေး၍၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏” (က၊ ၂၅:၅-၆)။ ထိုသို့အမွေဥစ္စာများကိုပေးခဲ့ပြီးသော် လည်းအားလုံးသည် ဣဇက်နှင့်စပ်ဆိုင်သောမွေဥစ္စာကိုကား မျှဝေခံစားခွင့်မရရှိခဲ့ကြပါ။ ထိုသို့ဖြင့် ကေတုရအားဖြင့်ရသော အာဗြဟံသားသမီးအားလုံးတို့သည် ဣသရေလတို့၏ အရှေ့ပြည်တွင်နေထိုင်ခဲ့သူများဖြစ်ကြပါသည်။



နာမတော်မြတ်၌

 

ဆယ်မြူရယ်စိုးလွင်

 

 

မှတ်ချက်။ ။ Who was Keturah in the Bible? အားမြန်မာမူပြုပါသည်။

 

 

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages