ရောမလမ်းစဉ် ကယ်တင်ခြင်းဟူသည် အဘယ်နည်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Wednesday, November 17, 2021

ရောမလမ်းစဉ် ကယ်တင်ခြင်းဟူသည် အဘယ်နည်း


နိဒါန်း

ရောမဩဝါဒလမ်းစဉ် ကယ်တင်ခြင်းဆိုသည်မှာ ရောမဩဝါဒစာကို အခြေခံပြီး ကယ်တင်ခြင်းသတင်းကောင်း တရားဝေငှခြင်းကို ဆိုလိုပါသည်။ ၎င်းမှာလွန်စွာရိုးရှင်းပြီး တန်ခိုးပါသော ကယ်တင်ခြင်း မျှဝေနည်းဟုဆိုရ ပေမည်။  ၎င်းမှာ ကယ်တင်ခြင်းအား ဘုရားသခင်မည်သို့ထားရှိပြီး ကျွန်ုပ်တို့မည်သို့ ရယူနိုင်ကြောင်းပြဆိုထား သည့် လမ်းစဉ်ဟုပင်ဆိုနိုင်ပေသည်။

၁။ လူတိုင်းအပြစ်ရှိ

ကျွန်ုပ်တို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူတိုင်းအပြစ်နှင့်မကင်းသည်ကို မငြင်းပယ်နိုင်ပါ။ ထို့ကြောင့်လည်း "လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ" ဟုဆိုခြင်း ဖြစ်သည် (ရောမ၊ ၃:၂၃)။

အပြစ်နှင့်ကင်းသူ "ခြောက်ပစ်ကင်း သဲလဲစင်သူ" ဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှမရှိပေ။ ရောမ၊ ၃:၁၀-၁၈ တွင် ကျွန်ုပ်တို့အဖြစ်မှန်ကို ကောင်းစွချပြထား သည်။

၂။ အပြစ်၏အခသေခြင်း။

ဒုတိယဖော်ပြချက်မှာ "အပြစ်တရား၏ အခကားသေခြင်းပေတည်း" (ရောမ၊ ၆:၂၃) ဟူသော ဘုရားစကားတော် ဖြစ်ပါသည်။

"ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" ဆိုသည့်အတိုင်း ကျွန်ုပ်တို့၏ ရှင်သန်နေထိုင်မှု၊ သွားလာပြုမူမှုတို့အတွက် ကျွန်ုပ်တို့ ရရှိသင့်၊ ခံစားထိုက်သောအရာမှာ "သေခြင်းသာဖြစ်"ပါသည်။

ထိုသေခြင်းသည် ကိုယ်ခန္ဓာသေခြင်းသာမက၊ နာမ်သက်ဟူသော ဝိညာဉ်သေခြင်းထိတိုင် သက်ရောက်နေပါ သည်။

၃။ ဘုရားသခင်ပြုသောကယ်တင်ခြင်း။

တတိယပြဆိုသော ရောမဩဝါဒရှိကယ်တင်ခြင်းလမ်းမှာ "ဘုရားသခင်ပေးသနားတော်မူသော ဆုကျေးဇူးတော် ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရ အသက်ပေတည်း" (ရောမ၊ ၆:၂၃) ဆိုသည့်အတိုင်း ဘုရားသခင် ဖွင့်၍ ပေးတော်မူခဲ့သော ကယ်တင်ခြင်းအကျွတ်တရားလမ်းပင်ဖြစ်ပါသည်။

ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား "အပြစ်ကျွေးယတြာ" ကိုပေးချေတော်မူခဲ့ပါပြီ။ "ဘုရားဖက်မှ အသက်ရှည်" ဆိုသည့်အတိုင်း ဘုရားအားဖြင့်သာ ကျွန်ုပ်တို့ လွတ်မြောက်ခြင်းအခွင့်ကို ရရှိနိုင်ပါသည်။

၄။ နှုတ်ဖြင့် ဝန်ခံခြင်း။

စတုတ္ထမြောက်သော လမ်းစဉ်မှာ "အဘယ်သို့နည်းဟူမူကား သင်သည် သခင်ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍ ဘုရား သခင်သည် သူ့ကို သေခြင်းမှထမြောက် စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက် လိမ့် မည်" (‌ရောမ၊ ၁၀:၉ ) ဟူသော စကားတော်ပင်ဖြစ်သည်။

ခရစ်တော်သည် ကျွန်ုပ်တို့ "ကုသိုလ်၊ သီလ" အကျင့်တရားတို့ဖြင့် အထမမြောက်နိုင်သော ကယ်တင်ခြင်း အကျွတ်တရားလမ်းကို ခင်းပေးတော်မူခဲ့ပါပြီ။ ထို့ကြောင့် ကျွန်ုပ်တို့တတ်နိုင်သောအရာမှာ ထိုအရှင်ပြုတော်မူခဲ့ ပြီးသော အကျွတ်တရားလမ်းကို ယုံကြည်၊ ဝန်ခံလျက်၊ လက်ခံခြင်းသာဖြစ်သည်။

၅။ ဘုရားနှင့်ပြန်လည် သင့်မြတ်ခြင်း။

ထို့ကြောင့် ကျွန်ုပ်တို့အဖို့ ရောမဩဝါဒလာ လမ်းစဉ်မှာ ကယ်တင်ခြင်းသို့ ရိုးရှင်းစွာ ပို့ဆောင်ပေးသည်ဟုဆိုရ ခြင်းဖြစ်ပေသည်။

"ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျင် ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရား သခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍ ထိုသခင်အားဖြင့်သာ ခံစားသော အခွင့်ကိုရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏" (ရောမ၊ ၅:၁)။

ထို့အတူ  ရောမ၊ ၈:၁ တွင်လည်း အောက်ပါအတိုင်းရိုးရှင်းစွာဆိုထားပြန်ပါသည်။ "ဘုရားသခင်ကယ်လွှတ် တော်မူသောကြေင့် ယေရှုခရစ်၌တည်၍ ဇာတိ ပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူ တို့သည် အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏"ဆိုထားပြန်ပါသည်။

ထိုအရှင်ခရစ်တော်ကို လက်ခံယုံကြည်ခြင်းဖြင့်သာ ထာ၀ရစိတ်ချမှုကို ကျွန်ုပ်တို့ရရှိနိုင်ပါသည်။

၆။ ထာ၀ရစိတ်ချလုံခြုံမှု။

ခရစ်တော်ဘုရားအား ကျွန်ုပ်တို့ လက်ခံယုံကြည်ခြင်းဖြင့် ရရှိထားသော ကယ်တင်ခြင်းအကျွတ်တရားလမ်းသည် ထာ၀ရစိတ်ချမှုကိုပေးပါသည်။

"အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ် စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရား သခင်၏ မေတ္တာ တော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏" (ရောမ၊ ၈:၃၈-၃၉)။

နိဂုံး

လူသားတိုင်းအတွက် ဘုရားသခင်ပြင်ဆင်ပေးတော်မူခဲ့သော ထိုကယ်တင်ခြင်းအကျွတ်တရားလမ်းကို သင်လိုက် လျောက်လိုပါသလား။ ထိုသို့ဆိုလျင် သင်ယခုရှိသည့်နေရာမှာပင်လျင် "စိတ်နှလုံးဝယ်" တိတ်ဆိတ်စွာ ဆုတောင်း စကားဆိုရင်း ထိုအရှင်သခင်ကို သင်လက်ခံမှုပြုနိုင်ပါပြီ။

 

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

မှတ်ချက်။ ။ What is the Romans Road to salvation? အား မြန်မာမူပြုပါသည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages