Home » » ယေရှုရှင်အား တိုင်တည်ခြင်း

ယေရှုရှင်အား တိုင်တည်ခြင်း

 

အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့် 

ဟောပြောသွန်သင် 

အလွှာခွင်ဆင့်စုံတို့ 

သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး 

အကျိုးကျေးဇူးရာထောင် 

ကမ္ဘာခွင်စုံအောင်မြင်ခဲ့သူမို့ 

ကိုယ်တော်ကိုလေ ဒီမြေလွှာမှာတော့ 

ဓမ္မဘွဲ့ကိုဆောင်းစေကြသတဲ့၊ 

 

ခြောက်ပြစ်ကင်းသဲလဲစင် 

ဘဝခွင်တလျှောက်လုံး 

နေထိုင်လှုပ်ရှား 

စကားနုတ်သွင် အပိုအလိုမရှိ 

ခန္ဓာကုန်သည်အထိ 

လူတွေရဲ့အကျိုးဆောင် 

သမိုင်းမှာပြိုင်ဖက်ကင်းခဲ့သူမို့ 

ကိုယ်တော်ရှင်ကိုလေ စာရိတ္တနယ်မှာတော့ 

လူရည်ချွန်ဘွဲ့ကိုဆောင်းစေကြသတဲ့၊ 

 

အမြင်မျိုးစုံ ရှုဒေါင့်ခွင်အကုန်ဖြင့် 

ကိုယ်တော့်ကိုများ 

ဂျာနယ်သားကောင်အလား 

ခြေတုံမှဦးဖျား ဦးဖျားမှခြေတုံ 

အနုလုံပဋိလုံ ဗြဟ္မစိုရ်တရားကုန်သည်အထိ 

သမိုင်းကိုလည်းမွေနောက် 

ကုန်ကြမ်းတွေပေါက်မြောက်စေဖို့ 

သုတေသနတွေ ပြုခြေကြလျှက် 

ကိုယ်တော့အဟောအပြောလည်း သဘောမပေါက် 

ကိုယ်တော့သဘောလည်း သူတို့မထောက် 

အတ္တမျက်မှန်ထူထူဖြင့် 

ဘောင်ခတ်ကာယူရေးကြလေတော့ 

ကိုယ်တော်ဟာလေ ဘုရားဇာတိပျောက် 

ဓမ္မဆရာရုပ်ပေါက်ပြီး 

လူရည်ချွန်အဆင့်သာထားကြလေရဲ့။ 

 

ဣဿရနိမ္မာနဝါဒီလိုဘဲဆိုဆို 

ယောင်္ကျားမဆန်တာလို့ဘဲပြောပြော 

မိုးခါးရေလဲမသောက်လို 

မိစ္ဆာဘဝကိုလည်းမနှစ်မြိုယုံမက 

ကံကြီးကံငယ်တွေလည်း 

အကျွန်မကျူးလွန်ရဲခြေတော့ 

ဖေါ်ပြပါနုတ်ကပါတ်လာ 

အရှိအတိုင်းဆိုရမှာက 

မြတ်စောရှင်ဟာ အနန္တဘုန်းမဟာဖြင့် 

လောကကိုဖန်ဆင်း 

လူသားကိုအသက်နှင်းယုံသာမက 

လူတွေရဲ့မနောမိုက်ကြောင့် 

ကျွန်ုပ်တို့အပါယ်မရောက်ရစေဘို့ 

လူအသွင်ကိုယူ ဖေးမကာကူဖို့ 

နှင်းဆက်ခန္ဒာ ယတြာဆောင်၍ 

သေခြင်းမာန်ကို ဖြိုခွင်းအောင်ခဲ့သူမို့ 

ဤကမ္ဘာမှာ ဘုရားဟာတဆူတည်းပါတဲ့ 

မြန်မာ့ဘောင်စကားဟာ ယေရှုရှင်သာထိုက်တန်တာမို့ 

မကိုဋ်သရဖူဖြင့် ဘွဲ့ထူးဂုဏ်အလီလီတွေလည်း 

လူသားအကျွန်မှာလေ 

အရှင့်ကိုပေးခွင့်မရှိလေတော့ 

ရှိထားသည့်ဤခန္ဒအား

 ဦးလှည့်မတုန်ပြဌာန်း၍ 

သက်ဆုံးတိုင်စေ ရိုးကြေစေတော့ 

ပေးလှုဆက်ကပ်အမှုမြတ်၌ 

ကိုယ်တော်ရှင်၏အလိုတော်ကျ။ ။ 

 

ဆယ်မြူရယ်စိုးလွင်

Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho