Monday, September 18, 2017

သခင့်ချစ်ခြင်း












မသိခဲ့​ရိုးအမှန်ပါ
ဒါကြောင့်လည်းဘ၀အတွက်

အရာရာစိတ်ပျက်ပြီး

သိမ်ငယ်စွာဖြတ်သန်းခဲ့ဘူးခဲ့ပြီ....


နားမလည်ခဲ့ရိုးအမှန်ပါ

ဒါကြောင့်လည်းအနာဂါတ်အတွက်

အရာရာကြောက်ရွံ့ပြီး

စိုးထိတ်မှုအပြည့်နှင့်ဖြတ်သန်းခဲ့ဘူးခဲ့ပြီ....


ခုတော့...

သခင့်အချစ်ကိုသိခဲ့ပြီ

သခင့်ကတိကိုသိခဲ့ပြီမို့


စိတ်ပျက်အားငယ်

စိုးထိတ်မှုတို့

ဖြတ်သန်းဖြတ်လာ

ရစ်သီလာစေတော့

တွေးမပူ

လက်လှမ်းမဖိတ်ခေါ်နိုင်တော့ဘူး

သခင့်ချစ်ခြင်းမှာ

ငါ့ဘ၀လုံခြုံ

ငြိမ်းအေးမှုအပြည့်ရခဲ့ပြီလေ...။ ။

ဆယ်မြူရယ်စိုးလွင်