သခင့်ချစ်ခြင်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, September 18, 2017

သခင့်ချစ်ခြင်း



 
 
 
 
 
မသိခဲ့​ရိုးအမှန်ပါ

ဒါကြောင့်လည်းဘဝအတွက်

အရာရာစိတ်ပျက်ပြီး

သိမ်ငယ်စွာဖြတ်သန်းခဲ့ဘူးခဲ့ပြီ....


နားမလည်ခဲ့ရိုးအမှန်ပါ

ဒါကြောင့်လည်းအနာဂါတ်အတွက်

အရာရာကြောက်ရွံ့ပြီး

စိုးထိတ်မှုအပြည့်နှင့်ဖြတ်သန်းခဲ့ဘူးခဲ့ပြီ....


ခုတော့...

သခင့်အချစ်ကိုသိခဲ့ပြီ

သခင့်ကတိကိုသိခဲ့ပြီမို့


စိတ်ပျက်အားငယ်

စိုးထိတ်မှုတို့

ဖြတ်သန်းဖြတ်လာ

ရစ်သီလာစေတော့

တွေးမပူ

လက်လှမ်းမဖိတ်ခေါ်နိုင်တော့ဘူး

သခင့်ချစ်ခြင်းမှာ

ငါ့ဘဝလုံခြုံ

ငြိမ်းအေးမှုအပြည့်ရခဲ့ပြီလေ...။ ။


ဆယ်မြူရယ်စိုးလွင်​
​​





No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages