Sunday, April 23, 2017

ကမ္ဘာဦးကျမ်းရေးသားသူကား မည်သူနည်း။


ကမ္ဘာဦးကျမ်းရေးသူကို အတိအကျဖော်ပြထားခြင်း မရှိ။ အစဉ်အလာအရ ကျမ်းရေးသူကို မောရှေဟု သတ်မှတ် ခံယူထားကြသည်။ ထိုသို့ ဆိုသော် လည်း မောရှေသည် စာရေးသူမဟုတ်ဟု လုံးဝငြင်း ပယ် စရာလည်း အကြောင်းမရှိ။




ရက်စွဲ -
မည်သည့်အချိန်၌ရေးသားကြောင်းဖော်ပြမထားပါ။ သို့သော် မောရှေသည် မိမိလူမျိုးတော် များကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခြင်းနှင့် သူ၏သေခြင်းကိုကြည့်ပြီး ဘီစီ ၁၄၄၀ နှင့် ၁၄၀ဝ အကြားဟု ပေါ်လွင် သည်။


ရည်ရွယ်ချက် -
ကမ္ဘာဦးကျမ်းကို ကျမ်းတစ်ခုလုံး၏ "ပျိုးပင်ပေါက်"အဖြစ်လည်းခေါ်ဆိုကြသည်။
 နှုတ်ကပတ်တော် တစ်ခုလုံး၏ ယုံကြည်မှုဆိုင်ရာတို့သည် ကမ္ဘာကျမ်းကိုသာအခြေတည် အစပျိုးထားသော ကြောင့်ဖြစ်သည်။
လူသားကျဆင်းခြင်း၊
ဘုရားသခင်၏ ရွေးနှုတ်ခြင်းနှင့်
ကယ်တင်ခြင်းတို့ကိုလည်း မှတ်တမ်းတင်ထားသည် (က၊ ၃း၁၅)။
ဖန်ဆင်းခြင်း၊
အပြစ်အကျိုးဆက်၊
ဖြောင့်မတ်ခြင်း၊
ရွေးနှုတ်ခြင်း၊
လူသားတို့၏ အနာဂါတ်ကြမ္မာ၊
အပြစ် စီရင်ခြင်း၊
ကျေးဇူးတရား၊
ဘုရားသခင်၏အခွင့်အာဏာနှင့် တာဝန် အရပ်ရပ်တို့မှအစ

အခြားသောအကြောင်း အရာများတို့၏ အကြောင်းအရင်းများတို့ကိုလည်း ကမ္ဘာဦးကျမ်းတွင် တွေ့ရပါသည်။

ဘဝ၏မေးခွန်းပေါင်းများစွာဖြစ်သော မေးခွန်းများမှာ-
(၁) ကျွန်တော်ဘယ်ကလာသလဲ (ဘုရားသခင်ဖန်ဆင်းခြင်း) (က၊ ၁း၁)။
(၂) ဘာကြောင့် လူ့အဖြစ်တည်ရှိနေရသလဲ (ဘုရားသခင့်အလိုတော်ဖြင့်ရှင်သန်နေရခြင်း)(၁၅း၆)။
(၃)ကျွန်တော် ဘယ်ကို သွားမလဲ (နောင်တမလွန်အတွက် အဖြေရှိထားသည် (က၊ ၂၅း၈)
စသည့် အဖြေများကို လည်း ကမ္ဘာဦးကျမ်းတွင်တွေ့ရသည်။

ထိုမျှမက သိပ္ပံ၊ သမိုင်း၊ ယုံကြည်မှု၊ တောင်သူလယ်သမား၊ အိမ်ထောင် ရှင်မ၊ ဘဝခရီးသည် ဖြစ်သော ဘုရားသခင့်လူများအတွက်လည်း လမ်းညွန်မှု များကိုပေးလျှက်ရှိသည်။
လူသားများအဖို့ ဘုရားသခင်ထားရှိသော အကြံအစည်တော်များတို့သည် နှုတ်ကပတ် တော် တွင် စုံလင်စွာပါရှိသည်။


အဓိကကျမ်းပိုဒ် -
"အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏" (က၊ ၁း၁)။

နာမ​တော်​မြတ်​၌
ဆယ်​မြူရယ်​စိုးလွင်