Friday, April 21, 2017

အမျိုးသမီးမှာ အမျိုးသားအတွက် မည်သို့အထောက်အမဖြစ်စေသနည်း (က၊ ၂း၁၈)။




 ဘုရားသခင်သည် ဖန်ဆင်း သမျှကို ကောင်းသည်ဟုပြောခဲ့သော်လည်း က၊ ၂း၁၈ တွင် ဘုရား သခင်မှ "ယောင်္ကျားသည် တစ်ယောက် တည်းမနေကောင်း"ဟုသာတွေ့ရပြီး တစ်ဆက်တည်းတွင် "သူနှင့်တော်သော အထောက် အမကို သူဖို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏" ဟုတွေ့ရသည်။ ဧဝသည် အာဒံအတွက် စုံလင်စေ သော အဖြေတစ်ခုပင်ဖြစ်သည်။

ကနဦး အမျိုးသမီးဖန်ဆင်းခြင်းတွင် အရေးကြီးသောအချက်နှစ်ရပ်ကို မူရင်းဟေဗြဲစကားတွင် တွေ့ရ သည်။ "အထောက်အမ"ဆိုသော "ezer" စကားလုံးမှာ ဘုရားသခင်အတွက်ပင် တစ်ခါတစ်ရံ အသုံးပြု ထားသည့် "ဘုရားသခင်သည် မစသောသူ" (ဆာ၊ ၁၁၅း၉-၁၁)ဆိုရာတွင် "ezer" စကားလုံးကိုပင် အသုံးပြု ထားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ထိုသို့ မစသောသူ (သို့) အထောက်အမ၊ လူသားတို့အား ထောက်မသောသူ အဖြစ် သိပ်မမြင်တတ်ကြသလို "အထောက်အမ" ဆိုသောအရာနှင့် အရိုက်အရာကိုပင် ထိုသို့ ထည့်သွင်း ( က၊ ၂း၁၈) စဉ်းစားလေ့မရှိတတ်ကြ။ "ပါရမီဖြည့်ဖက်ကောင်း" အနေဖြင့်မြင်ခြင်းသာ အကောင်းဆုံးဟု ထင်မှတ် နေကြသည်။
ဒုတိအရေးကြီးသော စကားမှာ ထိုကျမ်းပိုဒ်တွင် "သင့်တော်သော" ဆိုသော kenegdo စကားလုံး ဖြစ်သည်။ ထိုစကားလုံးမှာ "အမျိုးသား၌ မရှိသော စုံလင်စေမည့်အရာ" ကိုပြောခြင်းဖြစ်သည်။ တနည်းဆိုရလျှင် သင့်တော်သော တွဲဖက်ကောင်းညီညွတ်စေခြင်းဟုဆိုသည်။ ဧဝသည် အာဒံအထက်ရှိ ဦးခေါင်းနှင့်  နိပ့်ကျသော ဒူးမှဖန်ဆင်းခြင်းမဟုတ်သလို အညီအမျှဖြစ်သော နံရိုးဖြင့် ဖန်ဆင်းခဲ့သော စုံလင်မှုတစ်ခုပင်ဖြစ်သည်။ အာဒံ သည်တိရစ္ဆာန်များအား သင့်တော်သောအမည်နာမများကိုပေးခဲ့ပြီး (က၊ ၂း၂၀) အာဒံကိုလည်း ဘုရားသခင်မှ စုံလင်သောအထောက်အမကိုပေးအပ်ခဲ့သည်။ ဧဝသည် အာဒံအတွက် "စုံလင်သောအထောက်အမ"ကောင်း အဖြစ်ပေးအပ်ခဲ့သည်။
ထိုမျှမက ဘုရားသခင်မှ "ဘုရားသခင်ကလည်း ယောင်္ကျားသည် တစ်ယောက်တည်း မနေကောင်း" ဟုဆိုရာတွင် အာဒံသည် တစ်ဦးတည်းဖြင့် လုံးဝစုံလင်သူ မဟုတ်ကြောင်းဆိုခဲ့သည်။ အထောက်အမဆိုရာတွင် တစ်ဦးတည်းဖြင့် အထောက်အမဟု မဆိုသာ။ ဧဝကိုဖန်ဆင်းပေးခဲ့ခြင်းအားဖြင့် အာဒံသည် တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာတရားကို အပြန်အလှန်ဖလှယ်ခြင်းအခွင့်ကို ရရှိခဲ့သည်။
ကျမ်းစာတွင် အမျိုးသမီးသည် စုံလင်သောအဖော်မွန်ကောင်းအဖြေစ် တန်ဖိုးထားဖန်ဆင်းခဲ့သည်ကို အထင် အရှားဖော်ပြထားသည်။အခြားမည်သည့် ရှေးဟောင်းစာပေများတွင်မှ ထိုသို့မတွေ့ရ၊ နှုတ်ကပတ်တော် တစ်နေရာထဲတွင်သာ အမျိုးသမျိုးသမီးသည် လူသားများဘဝတွင် အရေးပါသော "အထောက်အမ" အဖြစ်မြင် တွေ့ နိုင်သည်။ ထို့ကြောင့် ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးကို သူ၏သဏ္ဌာန်တော်နှင့်အညီဖန်ဆင်း တော်မူခဲ့သည်။ "ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောင်္ကျား၊ လူမိန်းမကိုဖန်ဆင်းတော်မူ၏" (က၊ ၁း၂၇)။
ထို့အတွက်လည်း ရှင်ပေါလုက ကမ္ဘာဦးကျမ်းကို ကိုးကားလျှက် "ထိုအကြောင်းကြောင့် ယောင်္ကျား သည် ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ် တည်းဖြစ် ရလိမ့်မည်" (ဧဖက်၊ ၅း၃၁)ဟုဆိုခဲ့ခြင်းဖြစ်သည်။ ဇနီးမောင်နှံတို့သည် ဘုရားသခင့်မေတ္တာတော်ဖြင့် ရစ်ပတ် လျှက် ခရစ်တော်သည် အသင်းတော်ဟူသော သတိုးသမီးအတွက် အသက်ပေးစွန့်လွတ်ခဲ့သကဲ့သို့ တစ်ဦးနှင့် တစ်ဦး ချစ်မြတ်နိုးလျှက် တစ်သားတစ်ကိုယ်တည်းအဖြစ် အသက်ရှင်ကြရန်လိုအပ်ပါသည်။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်