Sunday, April 23, 2017

ကမ္ဘာဦး ၁ တွင်ပါရှိသော နေ့ရက်များသည် လက်ရှိ ၂၄ နာရီတစ်ရက်ဟုတ်ပါသလား။

ကမ္ဘာဦး ၁ တွင်ပါရှိသော နေ့ရက်များသည် လက်ရှိ ၂၄ နာရီတစ်ရက်ဟုတ်ပါသလား။ နေ့ဆိုသော မူရင်းဟေဗြဲဘာသာစကားကို စနစ် တကျလေ့ လာသော အခါတွင် ၂၄ နာရီဖြစ်သော တစ်နေ့ ကိုဆိုထားကြောင့်တွေ့ရပါသည်။ မူရင်း ( יום ) yôm ဆိုသောစကားမှာ အင်္ဂလိပ်လိုပြန်ဆိုရာတွင် တစ်ခုမက ပြန်ဆိုနိုင် သည်ကိုတွေ့ရသည်။ ကမ္ဘာလယ်ပတ်နှုန်းထားကိုကြည့်ခြင်းဖြင့် ၄င်းကို ၂၄ နာရီတစ်ရက်ကိုဆိုလို ကြောင်းတွေ့ ရသည်။

တစ်ဖန် "နေထွက်မှ နေဝင်" ဟူသော ကာလကြားကိုလည်းရည်ညွန်းပြန်သည်။
တစ်ဖန် ကာလ တစ်ခုကို"ဘိုးဘေးများနေ့ရက်" ရည်ညွန်းထားမှုများကိုလည်းတွေ့ရပြန်သည်။
က၊ ၇း၁၁ တွင် ၂၄ နာရီတစ် ရက်ကိုသာရည်ညွန်းထားသည်။ နေထွက်နှင့် နေဝင်ကာလအကြားကို လည်းညွန်းဆိုထားသည် (က၊ ၁း၁၆)။ 


မတိကျသောအချိန်ကာလများကိုလည်း ရည်ညွန်းထားသည် (က၊ ၂း၎)။

ထို့ကြောင့် က၊ ၁း၅-၂း၂ တွင် ပထမနေ့၊ ဒုတိယနေ့၊ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ ဆဌမနေ့၊ သတ္တမနေ့ စသည်ဖြင့်ဆိုထားခြင်းမှာ မည်သို့ နည်း။ ၄င်းတို့မှာ ၂၄ နာရီလား (သို့) တစ်စုံတစ်ရာကို ညွန်းဆိုခြင်း လား။

ထိုနေရာတွင် ( יום ) yôm ဟူသော ဟေဗြဲ စကားမှာ မတိကျသောအချိန်ကာလတစ်ခုကိုဆိုလိုခြင်းလား။

ထို့​ကြောင့်​ ( יום ) yôm ပြန်ဆိုရမည်ကို ကျွန်ုပ်တို့ က၊ ၁း၅-၂း၂အားနှုတ်ကပတ်တော်ဖြင့် တစ်ဖန်ချိန်ထိုး ကြည့်ခြင်း အားဖြင့် မှန်ကန်စွာပြန်ဆိုနိုင်ပါသည်။ ထိုသို့ပြုခြင်းဖြင့် နှုတ်ကပတ်တော်ကို နှုတ်ကပတ်တော် အားဖြင့်သာ ပြန်ဆိုစေခြင်းဖြစ်သည်။

မူရင်းစကားလုံး ( יום ) yôm ကိုကျမ်းစာတွင် အကြိမ်ပေါင်း ၂၃၀၁ ကြိမ်တိုင်တိုင်အသုံးပြု ထားသည်ကို တွေ့ရ သည်။ က၊ ၁ မှအပ ပသာ အား အပေါင်းပြပြီးဂဏန်းအနေဖြင့်လည်းအသုံးပြုထားပြီး ၂၄ နာရီတစ် ရက်ဖြင့် အသုံးပြုထားမှုမှာ ၄၁၀ ကြိမ်ဖြစ်ပြီး၊ ညဦးနှင့်နံနက်ကို သာမန်တစ်ရက်ဆိုသောစကားဖြင့် ၃၈ ကြိမ် အသုံးပြု ထားသည်။ ထိုနည်းတူ ( יום ) yôm အား အပေါင်းပြပြီး ညဦးနှင့်နံနက်အဖြစ် ၂၃ ကြိမ်သုံးလျှက်၊ ( יום ) yôm အားအပေါင်း ည ဖြင့်ပေါင်းပြီး ၅၂ ကြိမ်သုံးထားသည်။ ထို့ကြောင့် နှုတ်ကပတ်တော်ကိုကြည့်ရှုသောအခါ တွင် သာမန်နေ့ရက်ကာလတစ်ခုကိုသာအသုံးပြုထားကြောင်းတွေ့ရသည်။

ထို့ကြောင့် က၊ ၁း၅-၂း၂ ကိုကြည့်လျှင် "ညဦးနှင့် နံနက်"သည်တစ်ရက်ဖြစ်လေ၏ဆိုသောအရာကို ကြည့်ခြင်း အားဖြင့်ကျမ်းရေးသူသည် ၂၄ နာရီတစ်ရက်ကိုသာအသုံးပြုထားကြောင်း လွန်စွာရှင်းလင်း လှသည်။ "ညဦး" နှင့် "နံနက်" ဆိုသည်မှာ ၂၄ နာရီတစ်ရက်မဟုတ်ပါက မည်သို့မှ အသုံးပြုစရာ အကြောင်းမရှိတော့ပေ။

ထို့ကြောင့် သမ္မာတရားမှာ လူအချို့တို့မည်သို့ပင် မျက်စိပိတ်ယုံကြည်နေစေတော့ ထွက်၊ ၂၀း၉-၁၁ တွင် ခြောက်ရက်ဆိုသော စကားလုံးဖြင့် လူသားများအတွက် ခြောက်ရက်အလုပ်လုပ်ချိန်နှင့် ကျန်တစ် ရက်မှာ အနား ယူရန်ဆိုသော နီတိတစ်ခုကိုဘုရားသခင် သတ်မှတ်ပေးခဲ့ပါသည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သော ကြောင့် အရာရာကို မျက်စိတစ်မှတ်အတွင်းဖန်ဆင်းနိုင်သော်လည်း ထိုသို့မဖန်ဆင်းခဲ့၊ လူသားများအတွက် တိကျ သောပန်းတိုင်ရှိထားသောကြောင့် တစ်ခုချင်းကိုအသေးစိတ် ဖန်ဆင်းခဲ့ပြီး၊ လူသားများကို ခြောက်ရက် မြောက်သောနေ့တွင်ဖန်ဆင်းခဲ့သည်။ ၄င်းမှာ ကျွန်ုပ်တို့အတွက် လိုက်လျှောက်စေရန်အတွက် ရည်ရွယ်ချက် အပြည့် ဖြင့်ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်