Friday, April 21, 2017

ဇနီးသည်အား "အထောက်အမ"ဖြစ်ရမည် ဆိုရာတွင် အဘယ်နည်း။




 ထို အထောက်အမဟူသောစကားမှာ က၊ ၂း၁၈ မှလာခြင်းဖြစ်ပြီး။ ဘုရားသခင် က လည်း ယောင်္ကျား သည် တစ်ယောက်တည်း မနေကောင်း သူနှင့်တော်သော အထောက်အမကို သူဖို့ ငါလုပ်ဦးမည်ဟု အကြံရှိ တော်မူ၏။ ဤနေရာ တွင် "တော်သော"ဆိုသည့် အထူးပြုစကား ကိုမြင်တွေ့ရသည်။ အထူးသဖြင့် ဘုရားသခင် သည် "အထောက်အမ"ကို
အာဒံအတွက် ဖန်ဆင်း ၍ပေးခဲ့သည်။ ထိုအမျိုးသမီးမှာ အာဒံအတွက် "သင်တော် သောအထောက်အမကောင်း" "ပါရမီဖြည့် ဖက်ကောင်း" ဟုဆိုရပေမည်။ "သင့်တော်သောအထောက်အမ" ဆိုသောစကားလုံးမှာ တစ်ခါတစ်ရံတွင် "ပါရမီဖြည့်ဖက်ကောင်း" "လက်တွဲဖော်" "ဇနီး" စသည်ဖြင့် ခေတ် စကားလုံးများအရ အသုံးပြုနိုင်ပါသည် (က၊ ၂း၁၈)။
ဘုရားသခင်သည် အာဒံ၏ တစ်ကိုယ်တည်းဖြစ်တည်မှုအပေါ်တွင်သာ "မကောင်း" ဆိုသောစကား လုံးကို မိန့်ဆိုခဲ့ခြင်းမှာ လွန်စွာစိတ်ဝင်စားစရာကောင်းလှသည် ( က၊ ၂း၁၈)။ လူသည်သဘာဝအားဖြင့် "အသိုင်း အဝန်း" ဖြင့်သာတင့်တယ်ပါသည်။ ထို့အတွက်ကြောင့်လည်း ဘုရားသခင်က လိုအပ်သော "အဖော်မွန်" ကို ဖန်ဆင်းပေးခဲ့ခြင်းဖြစ်သည်။ လူယောင်္ကျားသည်တစ်ဦးတည်းဖြင့် မည်သို့မှ မပွားများစေနိုင်။ အာဒံတစ်ဦး တည်းအနေဖြင့် စုံလင်မှုကိုမရနိုင်ပါ။ ထို့အတွက်ကြောင့်လည်း ဘုရားသခင်မှ သူနှင့် "တော်သော အထောက်အမ"ကို ပြင်ဆင်လျှက် ပံ့ပိုးပေးခြင်းများနှင့်အတူ ပွားများခြင်းအတွက် လည်း ကောင်းကြီးပေးခဲ့သည်။ ဧဝသည် အာဒံလိုအပ်နေသော စုံလင်သည့် အထောက်အမပင်ဖြစ်သည်။
ထိုသို့ဆိုခြင်းဖြင့် လူတိုင်း စုံလင်စေရန် အိမ်ထောင်ပြုရမည်လား။
အိမ်ထောင်မပြုခြင်းသည် သာသနာအတွက် ပိုမိုထိရောက်စေသည်ဟူသော ရှင်ပေါလုစကားအရ ထိုသို့မဆိုလိုပါ ( ၁ ကော၊ ၇း၇-၉)။ အမျိုးသမီးတိုင်း လည်းအိမ်ထောင်ပြုဖို့ ဆန္ဒရှိကြမည်မဟုတ်ပါ။ သို့သော် လည်း ကမ္ဘာဦးကျမ်းသည် နေရာတိုင်း၊ လူမျိုးတိုင်း အတွက်သင့်တော်သော စံကိုပေးထားခြင်း ဖြစ်သည်။ "ဇနီးသည်မှာ ခင်ပွန်းအတွက် ပါရမီဖြည့်ဖက်ကောင်း" တစ်ဦးပင်ဖြစ်သည်။
"တော်သောအထောက်အမ" အဓိပ္ပါယ်မှာ အဘယ်နည်း။ ထိုနေရာတွင် အဓိကစကားမှာ "တော်လျှော်သော" သာဖြစ်သည်။ "တော်လျှော်" "ပါရမီဖြည့်ဖက်ကောင်း" ဇနီးတစ်ဦးသည် ခင်ပွန်းသည် အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်းတွင် အပေးအယူမျှတစွာဖြင့် ဘဝခရီးကို အတူ ဆိုးတူ ကောင်းဖက် လျှောက်လှမ်းလက်တွဲ ကြသူများဖြစ်သည်။ ထိုသို့ဆိုရာတွင် ဇနီးနှင့်ခင်ပွန်းတို့မှာ အကြိုက်၊ ဝါသနာအားလုံး ထပ်တူဟုမဆိုလို၊ တစ်ဦး နှင့်တစ်ဦးဖေးမလက်တွဲညီညွတ် စွာလျှောက် လှမ်းခြင်းကိုဆိုလိုခြင်းဖြစ်သည်။ တစ်ဦး နှင့် တစ်ဦး "ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ" ဆိုသလို နှစ်ဦးသား အထောက်အမကောင်းများဖြစ်ခြင်းပင်။
ဘီဖလက် ကီးဖြင့်တီးသော ပီယာနို နှင့် ဂျီကီးသည် အတူတူမဟုတ်သော်လည်း လိုက်ဖက်ညီ ညွတ်စွာ ဖြင့် တီးခတ်သောအခါတွင် သာယာလှပသော သံစဉ်များကို ဖြစ်ပေါ်စေသည်မဟုတ်ပါလား။ "တော်လျှော်သော ဇနီး" သည် ခင်ပွန်းနှင့်ခြားနားပါသည်၊ သို့သော်လည်း သူနှင့်တော်လျှော်သော အထောက် အမဖြစ်စေသည့် အတွက် ဘုန်းတော်ကိုထင်ရှားစေသည်။

နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်