အကျင့်သီလ
ခိုကိုးမယ်ကြံပြန်တော့
ကုသိုလ်တစ်ပဲ
ငရဲတပိဿာ
ဘယ်မှာစိတ်ချနိုင်အံ့နည်း
ဒါနအလှူ
အားကိုးမယ်ကြံတော့
ဖြူစင်ကုသိုလ်
ခဲယဉ်းဆိုမို့
ဘယ်မှာအားကိုးရအံ့နည်း
ခွင့်လွတ်ကြည်ဖြူ
ယတြာရှင်ထံတော်ပါးမှာ
မာန်ခ၀ါ
ပုံကာအပ်မှ
နှစ်သွယ်စိတ်အေးခဲ့ရပြီ။
ဆယ်မြူရယ်စိုးလွင်