Home » , , » တည်မြဲသောသစ္စာတရား

တည်မြဲသောသစ္စာတရား

 အရှိအဖြစ်ကြောင့်
မင်းစိတ်နောက်ရရင်
ငါ.....
စာနာစိတ်များစွာနဲ့
မင်းကိုယ်စား စိတ်မကောင်းဖြစ်မိတယ်
ငါ့အတွက်မဟုတ်ဘူးနော်။


အရှိအဖြစ်ကြောင့်
သစ္စာတည်ထောက်ရရင်
ငါ.....
ရဲရင့်ခြင်းများစွာနဲ့
အနာဂါတ်ကိုယ်စား ခွန်အားတွေမွေးဖွားဖြစ်တယ်
လောကီ၊ လောကုတ်အတွက်နော်။

ယုံကြည်မြဲမှုကြောင့်
အဖိုးအခလို့များပြောကြရင်
ငါ......
ဂုဏ်ယူဝင့်ကြွားစွာနဲ့
သစ္စာထွန်းဖို့ အားသစ်မွေးပေးဆပ်ဦးမယ်။
သာသနာ နှစ်ဆထမ်းရွက်ဖို့နော်။

ဆယ်မြူရယ်စိုးလွင်

Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho