ခွန်အားရတတ်လွန်းသူများ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, July 22, 2016

ခွန်အားရတတ်လွန်းသူများ

 

 

 

 

 

“ယုံကြည်မှုအတွက်

အသက်ကိုစွန့်လွှတ်ခဲ့ကြပါတယ်”

ခန်းမအတွင်းရှိ ပရိုဂျက်တာမှ သာသနာ့အာဇာနည်များအတွက် မှတ်တမ်းတင် ဂုဏ်ပြုထားသော ရုပ်ရှင်ဇာတ်လမ်းအပြီး တင်ဆက်သူမှ မှတ်ချက်
စကားသံ ကလေးထွက်ပေါ်လာသည်။ ထိုစကားသံလေးနှင့်အတူ-

“တကယ်ကိုခွန်အားရတယ်ကွာ”
“တကယ့်ကို ဝိညာဉ်ခွန်အား တိုးပွားရရှိတယ်”

တစ်ယောက်တစ်ပေါက်ထွက်လာသော ရွှေပွဲလာပရိတ်သတ်များ ၏ မှတ်ချက်များက ဘုရားကျောင်းပရဝုဏ်အတွင်း ပဲ့တင်ထပ်သွားသည်။

Õ Õ Õ Õ Õ Õ Õ Õ Õ Õ

“ဒံယေလကဲ့သို့ အသက်ပင်သေသေဆိုတဲ့ယုံကြည်စိတ်ကြောင့် သာသနာပနိုင်ငံမှာ ဧဝံဂေလိသတင်းတရားကြေငြာသူက ရှင်ဘုရင်ကိုယ်တိုင်
ဖြစ်ခဲ့သည့်အတိုင်း ယနေ့အယောက် တိုင်းအားဖြင့်လည်း ဘုရားဘုန်းတော်ထင်ရှားနိုင်ကြပါစေ”
အိမ်ထောင်မိတ်သဟာယမှ ဆရာနွေဦး ၏ တရားဒေသနာအဆုံးသတ်သွားပြီးနောက် အပြန်ခရီးကားဂိတ်တွင်ကား –
“ဆရာဟောတာ တကယ့်ခွန်အားရတယ်ရှင်”
“ဟုတ်ပါ့တကယ့်ကို ဝိညာဉ်ခွန်အားရမိတယ်”
တစ်ဦးပြီးတစ်ဦး မှတ်ချက်ပြုသံများကြောင့် ကားဂိတ်အနီးမှ ခရီးသည်များမှာ ယုံကြည်သူတို့၏ စကားကို စိတ်ဝင်တစားနားစွင့်ကာ ကွက်ကြည့်
ကွက်ကြည့်ဖြစ်နေကြသည်။

Õ Õ Õ Õ Õ Õ Õ Õ Õ Õ

“. . . . . ”
“. . . . . . ”
“ဟယ်တော. ့ . . . ”
“ဟို. . . ဟိုလေ ပြဿနာဖြစ်လို့တဲ့တော်”
“ဟုတ်လား. . . ဒို့တော့မပါဘူးနော်”
“လာ. . . ဧသတာ အိမ်ထဲမှာဝင်နေစမ်း”
ဘုရားကျောင်းအရှေ့တွင်ဖြစ်ပွားနေသော ပြဿနာအတွက် အမှုပါတ်မည်စိုးသောကြောင့်၊ လူမှုရေးကိစ္စကြောင့်၊ ဂုဏ်သိက္ခာတရားကြောင့် . . .
ကြောင့်. . . ကြောင့်. . စသည့်အကြောင်းတရားများကြောင့် ပြဿနာ၏ အတိမ်အနက်နှင့် အမှန်တရား ၏ သရုပ်အမှန်သည် အမှောင်ဖုံးကာ ပကတိ
တိတ်ဆိတ်သွားတော့သည်။

ပြဿနာအတွက်အဖြေမှန်ကို ဘေးဘီးဝဲယာမှ မည်သူတစ်ဦးတစ်ယောက်မှမသိစေရန် စွမ်းဆောင်နိုင်ကြသော်လည်း ခွန်အားရတတ်သူတို့ပျော်စံရာ
“ဗေရိရပ်ကွက်”ကလေးကား ထိုနေ့မှစ သခင်ဘုရား နေ့ရောက်သည်အထိ သက်သေအဖြစ်ရပ်တည်သွားမည်ကိုကား သတိပြုမိသူရှိများရှိပါလေစ။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages